မင်းအကြိုက်ဆုံးအသံက ဘာအသံလဲ ?

အကြိုက်ဆုံးအရောင်၊အကြိုက်ဆုံးမင်းသား၊အကြိုက်ဆုံးအဆိုတော်စတဲ့အကြိုက်ဆုံးတွေကြားထဲမှာ အကြိုက်ဆုံးအသံဆိုတာက နည်းနည်းတော့ထူးခြားနေမယ်ထင်ပါတယ်။

လူသားတွေရဲ့မှတ်ဥာဏ်ကလည်း တော်တော်လေးကိုထူးဆန်းပါတယ်။ အကြောင်းအရာကိစ္စတွေ ကိုလည်းမှတ်မိနိုင်သလို တစ်ချို့အသံတွေကြားတဲ့အခါမှာလည်း အတိတ်တုန်းက အကြောင်းအရာတွေကိုပြန်ပြီးမှတ်မိတတ်ပါတယ်။ဥပမာ ရေဒီယိုကသီချင်းတစ်ပုဒ်လာတဲ့အခါ တက္ကသိုလ်ကျောင်းသားဘ၀က ကိုယ်သဘောကျခဲ့ရတဲ့ကောင်လေး ကိုယ့်အနောက်က ခုံမှာလာထိုင်တာကို သွားပြီးသတိရမိတာမျိုး။

အသံတွေနဲ့ပတ်သက်ပြီး ခံစားချက်နောက်တစ်ခုကတော့ အသံတွေကိုကြိုက်မိတာပေါ့။ အဆိုတော်တွေအသံကိုကြိုက်သလိုမျိုးမဟုတ်ပဲ တခြားပတ်ဝန်းကျင်၊ပစ္စည်း၊တိရစ္ဆာန်တွေရဲ့ အသံကိုကြိုက်တာမျိုးပါ။ပင်လယ်ရေလှိုင်းသံကို သဘောကျတယ်ဆိုတာမျိုးပေါ့။

AskReddit ဆိုတဲ့အဖွဲ့အစည်းက အဖွဲ့ဝင်တစ်ယောက်က မကြာသေးခင်က “မင်းရဲ့ အကြိုက်ဆုံးအသံက ဘာလဲ”ဆိုပြီး အွန်လိုင်းကနေမေးခွန်းတစ်ခုမေးခဲ့ပါတယ်။ အဲ့ဒီပို့စ်အောက်မှာတော့ ကောမန့်ပေါင်း ၅၀၀ကျော်ရှိခဲ့ပါတယ်။ အဲ့ဒီထဲကမှစိတ်ဝင်စားစရာကောင်းတဲ့အဖြေလေးတွေကိုပြောပြပေးချင်ပါတယ်။

၁)ထူးထူးခြားခြားပါပဲ။တစ်ယောက်ကဖြေထားပါတယ်။သူအကြိုက်ဆုံးအသံက ကျောက်ပြားပေါ်မှာနင်းလျှောက်လာတဲ့ကွာလတီကောင်းကောင်းနဲ့ရှူးဖိနပ်အသံပါတဲ့။

၂)နောက်တစ်ယောက်ကတော့ သူ့အမေရဲ့ စက်ချုပ်စက်ကအသံကိုအကြိုက်ဆုံးပါတဲ့။ ဟောလိုးဝင်းပွဲတော်ရောက်ရင် အ၀တ်အစားတွေကိုကိုယ်တိုင်ချုပ်လုပ်ကြပါတယ်။သူမရဲ့အမေ အကျီချုပ်နေတဲ့အခါ ထွက်နေတဲ့စက်သံက သူမကို ဟောလိုးဝင်းပွဲတော်က အခုပဲဖြစ်နေသလို စိတ်လှုပ်ရှားနေတဲ့ခံစားချက်ပေးစွမ်းနိုင်ပါတယ်တဲ့။

၃)နောက်တစ်ယောက်ကတော့ အိပ်ပျော်သလိုလို ၊အိပ်မပျော်သလိုလို အချိန်လေးစပ်ကြားမှာ ကြားရတဲ့ ပြတင်းပေါက်ပေါ်မိုးစက်တွေကျတဲ့အသံကိုအကြိုက်ဆုံးပါတဲ့။

၎)နောက်ထပ်တစ်ယောက်ကတော့နှင်းကျသံပါတဲ့။ပထမဆုံးနှင်းကျတဲ့နေ့ကိုကြုံခဲ့ရတာဖြစ်ပြီး နှင်းကျတဲ့အသံက မိုးစက်တွေဖြည်းဖြည်းချင်းကျနေသလိုအသံမျိုးပါတဲ့။နူးနူးညံ့ညံ့နဲ့ နှင်းကျတဲ့အသံကို သူဘယ်တော့မှမမေ့ပါဘူးလို့ပြောခဲ့ပါတယ်။

၅)နောက်ထပ်အင်တာနက်သုံးစွဲသူတစ်ယောက်ရဲ့ အကြိုက်ဆုံးအသံကတော့ သူသဘောကျနှစ်သက်တဲ့တစ်စုံတစ်ယောက်က သူပြောလိုက်တဲ့ဟာသကြောင့် ရယ်မောလိုက်တဲ့အသံကိုအကြိုက်ဆုံးပါတဲ့။

၆။နောက်တစ်ယောက်တော့ မနက်မိုးလင်းတဲ့အခါတိုင်း သူ့ဘေးနားမှာထိုင်ပြီး သူ့မျက်လုံးပွင့်လာ တာကိုစောင့်နေတဲ့ ကြောင်လေးရဲ့ မနက်ခင်းနှုတ်ဆက်တဲ့အော်သံကိုအကြိုက်ဆုံးပါတဲ့။

၇။နောက်တစ်ယောက်ကတော့ ကတ်ကြေးနဲ့စက္ကူတွေကိုဖြတ်ညှပ်တဲ့အခါကြားရတဲ့ အသံကိုအကြိုက်ဆုံးပါတဲ့။

၈။နောက်တစ်ယောက်ကတော့ စနေနေ့မနက်ခင်းတစ်ခုမှာ ကြားရတဲ့ကော်ဖီဖျော်စက်ကအသံကိုအကြိုက်ဆုံးလို့ရေးထားပါတယ်။

၉။နောက်တစ်ယောက်ကတော့ ဘေ့စ်ဘောရိုက်တံနဲ့ဘေ့စ့်ဘောလုံးကို ထိထိမိမိရိုက်မိတဲ့အခါထွက်ပေါ်လာတဲ့အသံကိုအကြိုက်ဆုံးပါတဲ့။

၁၀။နောက်ထပ်အင်တာနက်သုံးစွဲသူတစ်ယောက်ကတော့ ညဘက်အပြင် လျှောက်လည်ပြီးတဲ့အချိန်မှာသူ့ရဲ့ချစ်သူက ချစ်တယ်လို့ပြောတဲ့အသံကို အကြိုက်ဆုံးပါတဲ့။သူမဆီက အကြိမ်ပေါင်းများစွာကြားခဲ့ရပေမဲ့ အခုချိန်ထိသူ့နှလုံးသားကိုအရည်ပျော်စေတုန်းပါပဲတဲ့။

သင်ရဲ့ အကြိုက်ဆုံးအသံကရော ဘာလဲ?

Source:Ooddee

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.