ပြည်သူ့အချစ်တော်မင်းသားနဲ့မင်းသမီးစုံတွဲလေးဖြစ်တဲ့ Song Joong Ki နဲ့Song Hye Kyo တို့ဟာပြည်ပခရီးစဉ်ဖြစ်တဲ့ပဲရစ်ကိုသွားရောက်ခဲ့ပြီး Dior ဖက်ရှင်ရှိုးကိုတက်ရောက်ခဲ့ပါတယ်။
ဇန်န၀ါရီ ၂၃ရက်နေ့က ပဲရစ်မှာကျင်းပခဲ့တဲ့ 2018 Fall/Winter Dior Fashion Show ကို မင်းသမီး Song Hye Kyo ကတက်ရောက်ခဲ့တာဖြစ်ပြီး ဖက်ရှင်ရှိုးပွဲက ဇန်န၀ါရီ ၂၂ရက်ကနေ ၂၅ထိကျင်းပတာဖြစ်တယ်လို့သိရပါတယ်။
လွန်ခဲ့တဲ့နှစ်ရက်ကတော့ မင်းသား Song Joong Kiကို Christian Dior ကုမ္ပဏီက ပြုလုပ်ခဲ့တဲ့ Dior Homme men’s 2018 Fall/winter collention ရှိုးပွဲမှာတွေ့ရှိခဲ့ပါတယ်။မင်းသားဟာ ဟောလိဝုဒ်မင်းသားတစ်ယောက်ဖြစ်တဲ့ Josh Hartnett နဲ့တောင်တွေ့ဆုံခဲ့သေးတယ် လို့သိရပါတယ်။
သူတို့စုံတွဲဟာ မင်္ဂလာပွဲပြီးကတည်း ဥရောပမီဒီယာတွေရဲ့ စိတ်ဝင်စားအာရုံစိုက်မှုကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ဒီလိုပြည်ပခရီးစဉ်ဖြစ်တဲ့ပဲရစ်ဖက်ရှင်ရှိုးကိုတက်ရောက်ခဲ့တာကလည်း လက်ထပ်ပြီးပထမဆုံးအကြိမ်တက်ရောက်ခဲ့တဲ့ပွဲလို့သိရပါတယ်။သူတို့စုံတွဲကိုပဲရစ် လေဆိပ်မှာအတူတွေ့ခဲ့တဲ့ဗီဒီယိုလေးနဲ့ Hye kyo ရဲ့ ပဲရစ်ဖက်ရှင်ရှိုးတက်ရောက်ခဲ့တဲ့ ဗီဒီယိုလေးကိုပြန်ပြီးမျှဝေလိုက်ပါတယ်။
Source:Allkop