အမှောင်ထုမှအလင်းဆီသို့

    အခုလက်ရှိအချိန်မှာကိုယ်ဟာ ကျရှုံးမှုတွေ ဆုံးရှုံးမှုတွေ နိမ့်ကျမှုတွေနဲ့ကြုံတွေ့နေရသလား။ ကိုယ့်ရဲ့ဒီလိုစိတ်ပျက်အားလျော့စရာကောင်းတဲ့ ဒုက္ခဆင်းရဲတွေထဲကနေ ရုန်းထွက်ချင်တယ် ပြောတာကတော့လွယ်ပင်မဲ့တကယ်တမ်းခံစားရတဲ့သူကကြိုးစားရခက်ပါတယ်။ ဆိုတော့အချိန်ခနလောက်ပေးပြီးဖတ်ကြည့်ပါတစ်ခုခုစိတ်ထဲမှာကျန်ခဲ့ပြီးလက်ရှိကျရောက်နေတဲ့ အမှောင်ထုထဲက အနည်းငယ်လွတ်မြောက်နိုင်တယ်ဆိုလည်းအမြတ်ပေါ့လေ….
(၁) ကိုယ့်ဘ၀မှာကိုယ်ရှိသေးတယ်ဆိုတာသတိရပါ
လူတော်တော်များများဟာ စိတ်ဆင်းရဲဒုက္ခတွေခံစားနေရတဲ့ အချိန်မှာ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရစိတ်နဲ့ ကိုယ့ဘ၀ကို တန်ဖိုးမထားပဲ ဒီလိုအမှောင်ထုက အလွယ်ဆုံးလွတ်မြောက်နိုင်တဲ့နည်းလမ်းဖြစ်တဲ့သေခြင်းတရားကိုရွေးချယ်တက်ကြပါတယ်။ ဒါဟာလွတ်မြောက်လမ်းမဟုတ်ပါဘူး ။ တကယ်တော့ ကျရှုံးမှုတွေကို မခံစားနိုင်လို့သတ်သေတာဟာ ရှောင်ထွက်ခြင်းပါ။ ကိုယ့်ဘ၀မှာဖြစ်နေတဲ့အရာတွေကို ဖြေရှင်းနိုင်ဖို့ကိုယ့်ဘ၀မှာကိုယ်ရှိသေးတယ်ဆိုတာသတိရပါ။ ဘယ်သူတွေဘယ်လောက်ကောင်းကောင်း မကောင်းကောင်း ကိုယ်ဆိုတဲ့ အရာကိုပဲယုံကြည်ပြီး ကိုယ့်ဘ၀အတွက်ကိုယ်ရှိနေသေးတယ်ဆိုတာသတိရပြီး ပြန်နိုးထပါ။
(၂) ယုံကြည်သူတွေကို အားနာပါ
ကိုယ်လုပ်မိတဲ့ အမှားတစ်ခုကြောင့် ကိုယ့်ကို လေးစားယုံကြည်ရတဲ့ လူ၁၀၀ မှာ ကိုယ့်အမှားကြောင့် လူ၉၀ ဟာ ကိုယ့်ကို မယုံကြည် မလေးစားတော့ဘူးဆိုပါဆို့။ ကိုယ့်အပေါ်လူတွေယုံကြည်မှုနည်းသွားပြီး ပြန်လာကြပါလို့စိတ်ဆင်းရဲစွာစောင့်မျှော်နေမဲ့အစား ၊ ကိုယ်ရဲ့ အမှားကို တောင်နားလည်ပေးပြီးခုချိန်ထိယုံကြည်ပေးနေတဲ့ လူ ၁၀ ယောက် အတွက် အားတင်းပြီး သူတို့ယုံကြည်ရကျိုး ကိုယ့်အပေါ်တန်ဖိုးထားရကျိုးနပ်အောင် ပြန်ကြိုးစားပါ။
(၃) အချိန်ဆွဲ မနေပါနဲ့
ကြိုးစားရင်သာကြာတာ၊ ပျက်စီးချင်ရင် ခနပဲဆိုတာကို သိပြီးသားပဲလေ။ ဆိုတော့ရင်လောက်တင်မှာဒူးလောက်ကျတာကြောင့် အချိန်ဆွဲမနေပဲ plan ချပြီး ဆုံးရှုံးခဲ့ရသမျှ နိမ့်ကျခဲ့ရသမျှကို အဖက်ဆယ်နိုင်အောင်ကြိုးစားပါ။ ဘ၀ဒဿန စာအုပ်လေးတွေဖတ် ပြီး ကိုယ့်ကျရှုံးမှုကို တစ်ချိန်လုံးထိုင်Feel နေဖို့အချိန်မရပါဘူး။ လုပ်သင့်လုပ်ထိုက်တာကို အချိန်မဆွဲပဲ မြန်မြန် ပြန်လည် အကောင်ထည်ဖော်ပါ။ ဒါမှ အလုပ်ပေါ်မှာစိတ်နှစ်နေတာကြောင့်တစ်ခြားဘယ် သေးသိမ် သိမ်ငယ်တဲ့
အတွေးတွေ မ၀င်ပဲ ရှေ့ရောက်မှာပါ။
(၄) လမ်းကြောင်းရှာပါ
ကိုယ်ကျရှုံးခြင်းရဲ့ အဓိက ဇင်းမြစ်ကဘာတွေဖြစ်နိုင်သလဲ ။ ကိုယ်ဘာကြောင့် ကျရှုံရသလဲဆိုတာမျိုးကို မတွန့်ဆုတ်ပဲပြန်လည်သုံးသပ်ပါ။ တစ်ချို့သူတွေက ကိုယ့်ရဲ့မကောင်းတဲ့ အတိတ် ရှုံးနိမ့်တဲ့ အတိတ်နဲ့ပတ်သတ်ပြီး ပြန်တွေးရမှာကြောက်တာကြောင့်မစဉ်းစားချင်ဘူးဆိုပြီး ဥပေက္ခာပြုတက်ကြပါတယ်။ ဒီလိုမလုပ်ပါနဲ့ ကိုယ်မှားခဲ့တဲ့ အရာရဲ့ အဓိကတရားခံက ဘာလဲဆိုတာသိမှ နောက်အမှားတွေကို ပြင်ဆင်နိုင်မှာပါ။
(၅) အခွင့်ရေးမပေးပါနဲ့
ကိုယ့်ကို ဒုက္ခနွံထဲကျရောက်အောင် လုပ်ခဲ့တဲ့ အရာတွေကို ကိုယ့်ဘ၀ထဲ နောက်ထပ်ဝင်ခွင့် မပေးပါနဲ့။ တစ်ခါတရံတောင် ကိုယ့်ဘ၀ထဲကို ၀င်ခွင့်မပေးပါနဲ့။ ဥပမာ-လောင်းကစားကြောင့် ကိုယ့်ဘ၀ပျက်စီးခဲ့ရတယ်ဆိုပါဆို့။ ဒီလိုတရားခံကြောင့်ကိုယ်ပျက်စီးရတယ်ဆိုရင် ကိုယ်တစ်ဖန်ပြန်ရှင်သန်ချိန် သူ့ကို တစ်ခါတရံတောင် အ၀င်မခံပါနဲ့။ကိုယ့်ဘ၀အတွက် အနာကျင်ရဆုံးသောအရာလို့သတ်မှတ်ပြီးနောက်တစ်ကြိမ်မမှားပါနဲ့။
အပေါ်က အချက်တွေကြောင့် စိတ်ထဲမှာ တစ်ခုခုလေးနည်းနည်းပါးပါးပဲဖြစ်ဖြစ် ကျန်ခဲ့မယ်ဆိုရင်တောင် အကျိုးရှိရှိ အသုံးချနိုင်ကြပါစေလို့ရည်ရွယ်ရင်း…

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.