ကိုယ့်ချစ်သူကသမီးအကြီးဆုံးလား

         ကိုယ့်ချစ်သူကောင်မလေးဟာ သူတို့မိသားစုမှာသမီးအကြီးဆုံးလား။ သူတို့မိသားစုအတွက်အားထားရတဲ့သမီး အကြီးဆုံးဟာ ကိုယ့်ချစ်သူဖြစ်နေပြီဆိုရင် ဒီအချက်လေးတွေကို သိထားဖို့တော့လိုပြီနော်….
(၁) ဆရာလုပ်တက်တယ်
အိမ်မယ်အကြီးဆုံးသမီးဖြစ်တာကြောင့် အိမ်ကအငယ်တွေကို ဆုံးမရင်းဆုံးမရင်းနဲ့အကျင့်ပါပြီး နေရာတကာဆရာလုပ်တက်ကြပါတယ်။ ဒါဟာလည်းချစ်စရာကောင်းတဲ့အကျင့်လေးပါပဲ ။ ကိုယ့်ချစ်သူအကြီးဆုံးသမီးလေးဟာကိုယ့်အလုပ်တွေကို စိတ်ထဲထည့်ပြီးကိုယ် အမှားလုပ်မိတဲ့အခါ ဆရာလုပ်မိရင် စိတ်မဆိုးပဲပိုချစ်ပေးပါ။ သူ့ရဲ့ဆရာလုပ်တက်တဲ့အကျင့်လေးဟာ တစ်ပါးသူအတွက်ကောင်းစေချင်တဲ့စေတနာလေးဖြစ်နေလို့ပါ။

(၂) ဆိုးနွဲ့ပြချင်တယ်
အကြီးဆုံးသမီးလေးတွေဟာ သူ့မိသားစုမှာ အမြဲ အကြီးပီသအောင်နေထိုင်ရတာကြောင့် ဆိုးနွဲ့ဖို့ဆိုတာ သူ့အတွက်အခွင့်အရေးမရှိသလောက်ရှားပါတယ်။ ဒါကြောင့်ကိုယ်နဲ့ချစ်သူဖြစ်တဲ့အချိန်မှာ သူ့အတွက် နားလည်ပေးနိုင်မဲ့သူတစ်ယောက်ရှိလာခဲ့ပြီဆိုပြီး ကိုယ့်အပေါ်ကလေးဆိုးလေးသဖွယ် အတိုးချဆိုးတက်ပါတယ်။ သူတို့ဆိုးတာဟာ အိမ်မှာ တည်ငြိမ်နေရလို့ကိုယ်နဲ့တွေ့တုန်းနွဲ့ဆိုးဆိုးတာကြောင့် သူတို့ကို စိတ်မပျက်ပဲနားလည်ပေးနိုင်ဖို့လိုအပ်ပါတယ်။

(၃) မိခင်သဖွယ်ကြင်နာတက်တယ်
အကြီးဆုံးသမီးလေးတွေရဲ့ချစ်သူတွေအတွက်တော့ ဒီအချက်လေးကို ပိုင်ဆိုင်ရတာ တန်ဖိုးအရှိဆုံးပါပဲ။ သမီးအကြီးဆုံးလေးတွေဟာ သူတို့ရဲ့ဗီဇကိုက အငယ်တွေအပေါ်မိသားစုအပေါ် ကြင်နာနွေးထွေးမှုတွေပေးတက်ကြတာပါ။ ဒါကြောင့်ဒီလိုမိန်းကလေးနဲ့ချစ်သူဖြစ်မိရင် သူ့ဆီက ချစ်ခြင်းမေတ္တာတွေ၊ ကြင်နာနွေးထွေးမှုတွေကို ချစ်သူရည်းစားအနေတင် မကပဲ အမေတစ်ယောက်လို အမ တစ်ယောက်လိုပါ ရရှိနိုင်မှာဖြစ်ပါတယ်။

(၄) ပွဲထုတ်ဇနီးကောင်းဖြစ်တယ်
သမီးအကြီးဆုံးတွေဟာ အကြီးဆုံးဖြစ်တာတစ်ကြောင်းမိဘ အလုပ်တွေ ကို ကူညီဆောင်ရွက်ပးဖူးတာတွေကြောင့်တစ်ကြောင်း လူမှုဆက်ဆံရေးမှာ အားကောင်းတဲ့မိန်းကလေးများဖြစ်ကြပါတယ်။ ဘယ်နေရာဘယ်ဒေသဘယ်လိုစိတ်ဓာတ်မျိုးရှိတဲ့ဘယ်လိုလူမျိုးနဲ့တွေ့ရင်ဘယ်လိုသုံးနှုန်းပြောဆိုရမလဲဆိုတာ ကောင်းကောင်းလိမ္မာပါးနပ်တာကြောင့်လူ အများရှေ့မှာ ပွဲထုတ်ခေါ်သွားလို့ကောင်းမဲ့ ပွဲထုတ်ဇနီးကောင်းဖြစ်နိုင်ပါတယ်။

(၅) ကိုယ့်မိဘရဲ့အချစ်တော်ဖြစ်တယ်
သူ့မိသားစုကလူကြီးသူမတွေကို အကြီးဖြစ်သူပီပီ လုပ်ကိုင်ဆောင်ရွက်ပေးတက်ကြပြီး အိမ်က လူကြီးသူမတွေနဲ့ အနေနီးတာကြောင့် ကိုယ့်ချစ်သူကောင်လေးမိဘတွေနဲ့တွေ့ဆုံတဲ့ အခါလည်း လိမ္မာ ယဉ်ကျေးပါးနပ်ပြီး လူကြီးချစ်နေထိုင်ပြောဆိုလုပ်ကိုင်တက်ပြီးအောက်သက်ကြေတာကြောင့် ကိုယ့်မိဘဖြစ်သူတွေရဲ့ အကောင်းဆုံး အချစ်တော်ချွေးမလေးဖြစ်နေတက်ကြပါတယ်။
အကြီးဆုံးသမီးကို ပိုင်ဆိုင်ထားတဲ့ ကောင်လေးတွေလည်းကိုယ့်ချစ်သူကောင်မလေးကို ပိုတန်ဖိုးထားပြီးပိုချစ်နိုင်ကြပါစေလို့ရည်ရွယ်ရင်း…

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.