သေဆုံးခါနီးအချိန်မှာတောင် ခင်ပွန်းဖြစ်သူကိုပြုံးရယ်စေချင်တဲ့စိတ်နဲ့ ကျီစယ်နောက်ပြောင်မှုလုပ်ခဲ့တဲ့ အမျိုးသမီး

ဒီကမ္ဘာပေါ်မှာ တစ်ယောက်ယောက်ကများ သူတို့သေဆုံးခါနီးအချိန်မှာတောင်  သင့်ကိုပြုံးရယ်အောင်လုပ်ပေးခဲ့ဖူးလား?ဒါဆိုရင်တော့ သင်တို့ရဲ့ အချစ်ကအဆုံးအစမရှိ နက်ရှိုင်းတယ်ဆိုတာလက်ခံလိုက်ပါ။အချစ်ဆိုတာကိုယ်နာကျင်နေရလည်း ကိုယ်ချစ်တဲ့သူ ပြုံးပျော်ရွှင်အောင်လုပ်ပေးတာပါပဲ။

တောင်အာဖရိကတိုက်မှာနေထိုင်တဲ့ အမျိုးသားတစ်ယောက်မှာလည်း သိပ်ချစ်တတ်တဲ့ အမျိုးသမီးတစ်ယောက်ရှိပါတယ်။သူတို့ဇနီးမောင်နှံဟာ ဘ၀ကိုပျော်ရွှင်စွာနဲ့ဖြတ်သန်းကြပါတယ်။ စိတ်မကောင်းစရာကတော့ အသက် ၆၉နှစ်အရွယ် Phedre Fitton ဆိုတဲ့အမျိုးသားရဲ့ ဇနီးဖြစ်သူဟာ ကင်ဆာရောဂါခံစားနေရသူဖြစ်ပါတယ်။သူမဟာ ၅နှစ်ကြာလောက်ကင်ဆာရောဂါနဲ့စစ်ဖြစ်နေခဲ့ပြီး နောက်ဆုံးမှာသေဆုံးဖို့ အချိန်ရောက်လာပါတော့တယ်။

သူမရဲ့ သေခါနီးအချိန်မှာတောင် သူမ အသက် ၁၆နှစ်အရွယ်ကတွေ့ဆုံချစ်ကြိုက်ခဲ့တဲ့ သူမရဲ့ ခင်ပွန်းအမျိုးသားကို ပျော်ရွှင်အောင်ကျီစယ်နောက်ပြောင်ခဲ့ပါတယ်။အဲ့ဒါကတော့ သူမမသေဆုံးခင်အချိန်ကလေးမှာ  ရေချိုးခန်းထဲမှာရှိတဲ့အပင်တွေကိုရေမှန်မှန်လောင်းဖို့နဲ့ မသေအောင်ဂရုစိုက်ဖို့ သူမရဲ့ ခင်ပွန်းကိုမှာခဲ့တာပါ။

တကယ်တော့ရေချိုးခန်းကထဲကအပင်တွေက ပလတ်စတစ်အပင်တွေပါ။ ဒါကိုအမျိုးသားဖြစ်သူကမရိပ်မိပဲ သူ့ရဲ့ ဇနီးသေဆုံးချိန် ၂၀၁၃ခုနှစ်တည်းက နေ့တိုင်းတစ်နေ့ကိုနှစ်ကြိမ်ရေလောင်းခဲ့ပါတယ်။ဒါကိုသမီးဖြစ်သူ Antonia က အိမ်သစ်ကိုပြောင်းရွေ့တဲ့အချိန်သယ်ယူရင်း အပင်တွေက ပလတ်စတစ်အပင်တွေဖြစ်နေတာ ကိုတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ပြီးတော့သူမရဲ့  တွစ်စ်တာမှာတင်ပြီးပြောပြခဲ့တာဖြစ်ပါတယ်။

သေဆုံးခါနီးအချိန်မှာတောင် အမျိုးသားဖြစ်သူကိုကျီစယ်နောက်ပြောင်ခဲ့တာပါ။ဒီကိစ္စကို အမျိုးသားဖြစ်သူသိသွားရင် ပြုံးရယ်လိမ့်မယ်ဆိုတဲ့အတွေးနဲ့ပေါ့။ ချိုမြိန်လှပတဲ့ချစ်ခြင်းတရားဆိုတာကိုခံစားမိစေတဲ့ အဖြစ်အပျက်လေးပါပဲ။

Source:Rachfeed

830 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.