ဒီတစ်ခါတော့ အလှဆုံးနိုင်ငံတွေဆိုတာာထက် ဆွဲဆောင်မှုအရှိဆုံး လူတွေအကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်…အရင်က အလှဆုံးမိန်းကလေးပေါများရာ နိုင်ငံတွေဆိုတဲ့ ဆောင်းပါးတွေလည်း စာဖတ်သူတို့ ခဏခဏမြင်နေတာဆိုတော့ ဒီတစ်ခါ ဆွဲဆောင်မှုရှိတဲ့ ယောက်ျားတွေ ပေါများရာနိုင်ငံတွေကိုပြောပြပေးချင်တယ်။ ခွဲစိတ်ပြုပြင်ထားခြင်းမရှိ သဘာဝတိုင်းချောမောပြီး ခန့်ညားတဲ့
ကွီးတွေကို သေချာ စိစစ်ရွေးထုတ်ထားတာဖြစ်ပါတယ်။ သူတို့တွေက “Mr. Congeniality,” “Mr. Internet Popularity,” “Best Physique,” “Best Model,” “Mr. Charming Smile,” နဲ့ “People’s Choice” တွေမှာ ပရိသတ်တွေရဲ့ရွေးချယ်မှုနဲ့ အသီးသီးဆုရရှိဖူးတဲ့လူတွေဖြစ်ပါတယ်။ ဒီထဲမှာ ကိုယ်တွေမြန်မာနိုင်ငံလည်း ပါတယ်။ ဘယ်သူလဲဆိုတာ သေချာကြည့်ုလိုက်ပါဦး !!
ပြင်သစ်
၂ဝဝ၂ခုနှစ်နဲ့ ၂ဝ၁၅တွင် Manhunt International and Mister World မှာအနိုင်ရရှိခဲ့တဲ့ ပြင်သစ်အမျိုးသားတွေပါ။ “Mr. Congeniality” ဆိုတဲ့ခေါင်းစီးနဲ့လည်း ဆုတွေရရှိခဲ့ပါသေးတယ်။
တူရကီ
၁၉၉၆ခုနှစ်က Mr. World ပြိုင်ပွဲမှာအနိုင်ရရှိခဲ့တဲ့ တူရကီအမျိုးသားတွေပါ။ ၂ဝ၁၆က “Best Physique” မှာလည်း သူတို့ဆုတွေရရှိခဲ့ပါသေးတယ်။
ချက် (သို့) ဆလပ်လူမျိုးအနွယ်ဝင်
https://www.instagram.com/p/Bc7oWWOgCli/?utm_source=ig_embed&utm_campaign=embed_legacy
၂ဝ၁၆ တွင် “Mr. Photogenic” နဲ့ Mister Global တွင်အနိုင်ရရှိခဲ့တဲ့ အမျိုးသားတွေဖြစ်ပါတယ်။
မြန်မာ
၂ဝ၁၄ က Mister Global ၊၂ဝ၁၅ နဲ့ ၂ဝ၁၆ တွင် “Best Model” နဲ့ “Mr. InternetPopularity” မှာအနိုင်ရရှိခဲ့တဲ့ မြန်မာအမျိုးသားတွေဖြစ်ပါတယ်။
တောင်အာဖရိက
https://www.instagram.com/p/BVPQs0lljTC/?utm_source=ig_embed&utm_campaign=embed_legacy
“Best Physique” ခေါင်းစဉ်အပြင် Mister Global ပြိုင်ပွဲမှာပါ အနိုင်ရရှိခဲ့တဲ့ တောင်အာဖရိကအမျိုးသားတွေဖြစ်ပါတယ်။
ဆွီဒင်
၁၉၉၈ခုနှစ်ကနေေ ၂ဝ၁၆ထိ အပြာရောင်မျက်ဝန်းများ ပိုင်ဆိုင်တဲ့အမျိုးသားတွေအဖြစ် ရေပန်းစားခဲ့ပါတယ်။
စပိန်
သူတို့ဘာလို့ “Mr. Photogenic” နဲ့ “Best Model” တွေမှာ အရွေးခံရလဲဆိုတာ ပုံတွေကြည့်တာနဲ့ မေးစရာတောင်လိုမယ်မထင်ပါဘူး။
တရုတ်
၂ဝဝ၇နဲ့ ၂ဝ၁၁ ခုနှစ်တွေမှာ Manhunt International တွင် ဆုရရှိခဲ့တဲ့ တရုတ်အမျိုးသားများဖြစ်ပါတယ်။
အိန္ဒိယ
၂ဝ၁၆က Mister World ပြိုင်ပွဲဝင်နဲ့ ၂ဝဝ၁ ခုနှစ်က Manhunt International ကWinners တွေဖြစ်ပါတယ်။
ဖိလစ်ပိုင်
ဖိလစ်ပိုင်တွေ ဘယ်လောကချောလဲ ဖိလစ်ပိုင်ဇာတ်ကား ပရိသတ်တွေသိမယ်ထင်တယ်။ Mister Global နဲ့ Manhunt International ကအနိုင်ရရှိသူတွေဖြစ်ပါတယ်။
ဘရာဇီး
အချောတကာ့ အချောဆုံးနဲ့ အလန်းဆုံးယောက်ျားများ စုစည်းရာမြေပါ။ Mister World, Mister Global စတဲ့ ဆုတွေသိမ်းပိုက်နိုင်ခဲ့သူတွေလည်းဖြစ်တယ်။