အနုပညာလောကအတွက် စိတ်မကောင်းစရာသတင်းတစ်ုပေါ်လာပြန်ပါပြီ။နာမည်ကျော် တောင်ကိုရီးယားမင်းသားတစ်ယောက်ဖြစ်တဲ့ Jeon Tae Soo ဟာ သေဆုံးသွားခဲ့ပြီ လို့သိရပါတယ်။မင်းသားဟာ Sungkyunkwan Scandal ၊ All My Love ၊ It’s Okay ၊Daddy’s Girl.စတဲ့ရုပ်ရှင်ကားတွေနဲ့နာမည်ကျော်ကြားလာပြီး ပရိသတ်တွေရဲ့ချစ်ခင်မှုကိုရရှိထားသူဖြစ်ပါတယ်။
မင်းသား Jeon Tae Soo ရဲ့ အေဂျင်စီဖြစ်တဲ့ Haewadal အင်တာတိန်းမန့်ဟာ “ဒီသတင်းကိုကြေညာရတာ အရမ်းကိုစိတ်မကောင်းဖြစ်မိပါတယ်။ဇန်န၀ါရီ ၂၁ရက်နေ့မှာ မင်းသားဟာ ကမ္ဘာကြီးကိုနှုတ်ဆက်ခဲ့ပါပြီ။သူဟာ အသက် ၃၄နှစ်အရွယ်ဖြစ်ပြီး စိတ်ကျရောဂါခံစားနေရတာကြောင့် ဆေးကုသမှုခံယူနေရတာလည်းဖြစ်ပါတယ်။ မကြာသေးခင်ကတော့ သူ့ရဲ့ အခြေအနေတိုးတက်ကောင်းမွန်လာတာသိရပြီး နောက်ထပ်ရိုက်ကူးမယ့်ရုပ်ရှင်နဲ့ပတ်သက်ပြီးတောင်ဆွေးနွေးခဲ့ပါသေးတယ်။ အခုလိုရုတ်တရက်သေဆုံးမှုကြောင့် မိသားစုအတွက်ရော၊သူငယ်ချင်းတွေအတွက်ပါ ၀မ်းနည်းကြေကွဲစရာဖြစ်ခဲ့ရပါတယ်။မင်းသား Jeon Tae Soo ဟာသူ့ရဲ့ အနုပညာလုပ်ငန်းမှာလည်းအာရုံစူးစိုက်မှုအပြည့်နဲ့လုပ်ဆောင်တတ်ပါတယ်။ကျေးဇူးပြုပြီး သူသေဆုံးမှုနဲ့ပတ်သက်ပြီး မမှန်ကန်တဲ့သတင်းဆောင်းပါးတွေနဲ့မလိုမုန်းထားကောမန့်တွေ ကိုရှောင်ကြဉ်ပေးပါ။ဈာပနအခမ်းအနားကိုတော့ သူ့ရဲ့ မိသားစုတွေ၊သူငယ်ချင်းတွေက မကြာခင်ကျင်းပမှာပါ၊မင်းသားကို လေးစားတဲ့အနေနဲ့ ဈာပနအခမ်းအနားကို သတင်းထောက်တွေမလာဖို့ လေးလေးနက်နက်တောင်းဆိုချင်ပါတယ်။ ဒီဝမ်းနည်းစရာသတင်းကြောင့် သူတို့အားလုံး ကြေကွဲဝမ်းနည်းမှုအပြည့်ဖြစ်ရပါတယ်”လို့ ၀မ်းနည်းကြောင်းတရားဝင်ပြောကြားခဲ့ပါတယ်။
မင်းသား Jeon Tae Soo ဟာ နာမည်ကျော်မင်းသမီးချော Ha Ji Won ရဲ့ မောင်လေး လည်းဖြစ်တယ်လို့သိရပါတယ်။မောင်ဖြစ်သူသေဆုံးမှုကြောင့် မင်းသမီးဟာ ဇန်န၀ါရီ ၂၂ရက်နေ့မှာရုပ်ရှင်ကားသစ် Manhunt အတွက် ကျင်းပမယ့်ပရက်ရှိုးကို သွားတက်ဖို့အစီအစဉ်ကို တောင်ဖျက်သိမ်းခဲ့ပါတယ်။အင်တာဗျူးတွေရော၊ဇန်န၀ါရီ ၂၄ရက်နေ့ရိုက်ကူးမှုကိုရောဖျက်သိမ်းခဲ့တယ်လို့သိရပါတယ်။ရုပ်ရှင်နဲ့ပတ်သက်ပြီးလာမယ့် ပရိုမိုးရှင်းလှုပ်ရှားမှုတွေကိုလည်းဖျက်ခဲ့တယ်လို့တာဝန်ရှိသူတစ်ယောက်က အတည်ပြုပြောကြားခဲ့ပါတယ်။
Source:Soompi