အမွှေးချွတ်ခြင်းနှင့်သတိထားသင့်သောအရာများ

မိန်းကလေးတိုင်းဟာ သူတို့ရဲ့လက်တွေခြေသလုံးတွေမှာ အမွှေးအမျှင်ထူပြောတာကို မုန်းတီးကြပါတယ်။ ဒါကြောင့်အခုခေတ်မှာဆိုရင်လည်းအမျိုးမျိုးသော နည်းပညာတွေ ၊ ဆေးဝါးတွေသုံးပြီး လေဆာနဲ့ အမွှေးတွေဖျောက်ပစ်တာမျိုး၊ ချွတ်ဆေးလိမ်းပြီး အမွှေးချွတ်ပစ်တာမျိုးအစရှိတဲ့ နည်းလမ်းတွေနဲ့ ခန္ဓာကိုယ်မှာရှိတဲ့မလိုအပ်တဲ့ အမွှေးမျှင်တွေကို ဖယ်ထုတ်ကြပါတယ်။ ဆိုတော့ဘယ်လိုနည်းလမ်းနဲ့ပဲဖယ်ရှားဖယ်ရှား သတိထားရမဲ့အချက်လေးအနည်းငယ်ကိုဖော်ပြပေးလိုက်ပါတယ်။
(၁) အမွှေးရိတ်ရန် အသုံးပြုတဲ့ ဓားကို အလွယ်တကူနေရာမှာ မထားပါနဲ့။ ပိုပြီးရှင်းရှင်းပြောရရင် ကိုယ့်အတွက်ကိုယ်ပိုင်သုံးပစ္စည်းတစ်ခုအဖြစ်သီးသန့်ထားပါ။ နောက်တစ်ခုက ဘရိတ်ဓားကို စိုစွတ်မှုများတဲ့ရေချိုးခန်းလိုနေရာမျိုးမှာ မသိမ်းပါနဲ့။ တစ်ချို့ကရှိတယ်လေ ရေချိုခံနီးသုံးရလွယ်အောင်
ရေချိုးခန်းထဲမှာပဲထည့်ထားတာမျိုးတွေရှိပါတယ်။ ဒီလိုမလုပ်ပါနဲ့ ဓားသွားတွေဟာ စိုစွတ်တဲ့နေရာတွေမှာ အထားများရင် တုံးသွားတက်တာကြောင့်သုံးပြီးတဲ့အခါခြောက်သွေ့အောင်သိမ်းဆည်းပါ။
(၂) ဘရိတ်ဓားကို အသုံးပြုပြီး ရိတ်တဲပနေရာမှာ အလွှာလိုက်လေး အပေါ်ကအောက် အောက်ကအပေါ်ကိုရိတ်ချပါ။ အလွှာလိုက် လမ်းကြောင်းမှန်မှန်ရိတ်ခြင်းဟာ ဓားထိမှာကို မပူရတဲ့အပြင် အသားရည်ကို ချောမွတ်စေပြီး၊ နောက်ပြန်ထွက်လာမဲ့ မမွှေးမျှင်တွေဟာ ကြမ်းကြမ်းကြီးဖြစ်မနေတော့ပါဘူး။ကိုယ်ပိုင်ဘရိတ်ဓားကို ၄ ခါထက်ပို အသုံးပါနဲ့ ။ ၄ခါပြည့်သွားရင် အသစ်လဲသုံးပါ။
(၃) ဖယောင်းသွင်းခြင်းနဲ့ပတ်သတ်ပြီူးလည်းသတိထားစရာတစ်ချို့ရှိပါတယ်။ Waxing မလုပ် (သို့)လုပ်နေစဉ် (သို့) လုပ်ပြီး တဲ့အချိန်မှာ အသားရည်ဟာ နာကျင်ထုံထိုင်းတာမျိုးဖြစ်နေရင် သတိထားပါ။ ကိုယ့်အသားရည်ဟာ Waxing လုပ်တာနဲ့သိပ်မကိုက်ညီတာဖြစ်နိုင်ပါတယ်။
Waxing လုပ်ပြီးချိန်မှာ နေလောင်ဒဏ်ကို ကာကွယ်နိုင်တဲ့အသားရည်ကို ထိန်းသိမ်းပေးတဲ့ cosmetic တစ်မျိုးမျိုးကို အမြဲသုံးသုံးပေးဖို့မမေ့ပါနဲ့။
(၄) လေဆာနဲ့အမွှေးမျှင်တွေကိုဖယ်ထုတ်ခြင်းနည်းလမ်းဟာ ရေရှည် အတွက်ရယ်လို့လူတစ်ချို့က သတ်မှတ်ထားတက်ကြပါတယ်။ တကယ်တော့ဒါဟာ မှားယွင်းမှုတစ်ခုပါ။ လေဆာသုံးပြီး ပြုလုပ်ခြင်းဟာ အမွှေးမျှင်တွေကို နောက်ထပ်လုံးဝထွက်မလာအောင်နိဂုံးချုပ်လိုက်တာမျိုးမဟုတ်ပဲ အမွှေးအမျှင်လျော့နည်းလာအောင်လုပ်ပေးတာမျိုးပဲ ဖြစ်ပါတယ်။
(၅) လေဆာနဲ့အသုံးပြုပြီး အမွှေးမျှင်တွေကို ဖယ်ရှားပြီးတဲ့ နှစ်ရက်သုံးရက်အတွင်းမှာ ရေပူနဲ့ချိုးမိတာမျိုး ၊ အသားရည်ကို ပူစေတဲ့ ဆေးပူမျိုလိမ်းမိတာမျိုးကို အထူးရှောင်ကြဉ်ဖို့လို အပ်ပါတယ်။ ဒါ့အပြင် အသားလိမ်းဆီ ကိုလည်း သုံးပေးဖို့မမေ့ပဲ သုံးတဲ့ အမျိုးအစား ကလည်းအသားရေကို အေးမြမှု အပြည့်အ၀ပေးတဲ့ ဟာမျိုးဖြစ်ဖို့လိုအပ်ပါတယ်။

199 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.