Single ပါလို့ပြောရင်မယုံကြတာဘာလို့လဲ

  တစ်ချို့သူတွေမှာဖြစ်တက်ကြပါတယ်။ Singleဘ၀ ဖြစ်နေပင်မဲ့ ကိုယ်နဲ့သိတဲ့လူတိုင်းလိုလိုက ကိုယ့်ကို ချစ်သူရှိတယ် ၊ ရည်စားရှိတယ်ပဲ ထင်နေကြပါတယ်။ တစ်ခါတလေကိုယ်က မရှိတဲ့ အကြောင်းရှုင်းပြတာတောင်မှ လူတွေက ကိုယ်နောက်နေတယ်ပဲထင်တက်ကြတယ်။ ရှင်းပြလည်း မယုံမဲ့တူတူ ဒီတိုင်းထားလိုက်ရင်းနဲ့ Single ဘ၀ကနေ အလိုလို လူအများအသိမှာ ကိုယ်ဟ RS ဖြစ်သွားရော။ ဆိုတော့လူတွေဘာကြောင့်ကိုယ့်ကို RS ရှိတယ်လို့ထင်ထင်နေကြတာလဲ ဆိုတာဘယ်အချက်လေးတွေက ပြောပြနေမလဲ…
(၁) ကိုယ်ကအရမ်းချောနေလို့
လူတော်တော်များများခံယူထားတာမှာ ယောင်္ကျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ် နဂို ထက်ပိုပြီးချောနေပြီဆိုရင်သူတို့မှာသေချာပေါက်ရည်စားတစ်ယောက်တော့ရှိမှာပဲလို့တွေးတက်ကြပါတယ်။ ဒါကြောင့်ကိုယ်ဟာ လူချော ဖြစ်နေရင်လူအများကြားမှာ Single လို့ဘယ်လောက်ထိုင်ပြောပြောလေူတွေအယုံနိုင်ကြတာဇြစ်ပါတယ်။
(၂) လျို့ဝှက်တက်လို့
ကိုယ့်ရဲ့ဘယ်အရာမဆို သိုသိုသိပ်သိပ်နဲ့မပွင့်မလင်းလုပ်တက်တဲ့အကျင့်ကြောင့် လူတွေဟာ အထင်မှားတက်ကြပါတယ်။ ဥပမာ- သူငယ်ချင်းတွေနဲ့စကားပြောနေချိန်ဖုန်းမြည်းတဲ့အခါ ကိုယ်ကအပြင်ကိုထထသွားပြီး ဖုန်းကြောတက်တာမျိုး၊ အိမ်ကအမေနဲ့စကားပြောတာတောင် အသံတိုးတိုးလေးနဲ့ ပြောတက်တာမျိုး၊ အာ့လို ကိုယ်တကယ်ဘာလုပ်နေမှန်းလူတွေသေချာမသိပဲ ကိုယ့်မှာ Silentတွဲနေတဲ့ရည်းစားရှိတယ် ဘာညာ ဆိုပြီး အထင်လွဲရင်းသူတို့စိတ်ထဲမှာကိုယ်ဟာRSဖြစ်သွားတက်ပြန်ပါတယ်။
(၃) အသက်အရွယ်ကြောင့်
ကိုယ်မှာ ဘယ်လို့ချစ်သူမရှိဘူးပြောပြော ကိုယ့်အသက်ရွယ်က ချစ်သူရည်းစားရှိရမဲ့ အရွယ်တစ်ခုရောက်နေတာကြောင့် လူအများစုဟာ ကိုယ့်မှာချစ်သူရှိတယ်လို့ထင်တက်ကြပါတယ်။ လက်ရှိ ပြတ်ဆဲနေရင်တောင်တစ်ချိန်ကတော့ထားခဲ့ဘူးမှာပဲ ၊ ဒီအရွယ်ထိတော့တစ်ယောက်မှ မထားဘူးပါဘူးဆိုတဲ့စကားမျိုးကို ဘယ်လိုမှလက်မခံနိုင်ကြပါဘူး။
(၄) ထင်ယောင်ထင်မှားဖြစ်အောင်လုပ်မိလို့
ကိုယ့်ဆီမှာချစ်သူရည်းစားမရှိပင်မဲ့ကိုယ်သိကချစ်ရတဲ့ အနုပညာရှင်ဖြစ်ဖြစ် ကိုယ်ရူးသွပ်ရတဲ့သူတစ်ယောက်ကိုပဲဖြစ်ဖြစ် နောက်ဆုံးကွာကိုယ်ရည်းစားမဟုတ်ပဲ ကိုယ့်Crushကို ရည်ရွယ်ပြီး social mediaမှာစာလေးတွေတင် ကဗျာလေးတွေတင်မိတဲ့အခါမှာလည်းကိုယ်မှာချစ်သူရှိတယ်ဆိုပြီး အထင်ခံရတက်ကြပါတယ်။
(၅) အပေါင်းအသင်းများလို့
ယောင်္ကျားလေးဆိုရင် မိန်းကလေးသူငယ်ချင်းများပြီး မိန်းကလေးဆိုရင်လည်းယောင်္ကျားလေးသူငယ်ချင်းများတဲ့သူတွေက အထူးသဖြင့်လူတွေကြားမှာ RS ရှိတယ်လို့ထင်ခံရနိုင်ပါတယ်။ သူငယ်ချင်းအချင်းချင်းရိုးရိုးသွားသွားတွဲသွားတွဲလာလုပ်တာကို အော်ဒါသူ့ကောင်မလေးလားမသိ၊ ဒါသူ့ကောင်လေးလားမသိဆိုတဲ့ အတွေးမျိုးနဲ့ ကိုယ့်ကို RS ရှိတယ်လို့ဒင်းတို့သတ်မှတ်လိုက်ကြပြန်ပါတယ်။
တကယ်တော့ ဘာမဟုတ်တဲ့ကိစ္စပိစိလေးတွေကြောင့် လူအများအမြင်မှာ RS ရှိတယ်လို့ အထင်လွဲခံနေရတာဖြစ်ပါတယ်….

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.