ချစ်ရတဲ့ သူငယ်ချင်းတစ်ယောက်ကို ဒီစကားလေးတွေပြောဖြစ်ရဲ့ လား?

သူငယ်ချင်းရေ…

ငါနင့်ကို ပွေ့ဖက်ပေးထားမယ်.. ဒါပေမယ့် ငါကနင့်ရဲ့ လက်တွဲဖော်တော့မဟုတ်ဘူး။

ငါနင့်ကို ဂရုစိုက်တယ်… ဒါပေမယ့် ငါကနင့်ရဲ့ မိသားစုဝင်တစ်ယောက်မဟုတ်ဘူး ..

နင့်ရဲ့ နာကျင်မှုတွေကို မျှဝေခံစားပေးဖို့ ငါအဆင်သင့်ရှိပါတယ်..ဒါပေမယ့် ငါတို့ဟာသွေးသားရင်းတွေမဟုတ်ဘူး…

စစ်မှန်တဲ့ သူငယ်ချင်းဆိုတာ အဖေတစ်ယောက်လို ဆူပူကြိမ်းမောင်းတတ်သလို၊ အမေတစ်ယောက်လိုလည်း ဂရုစိုက်မှုတွေပေးတယ်။ အစ်မတစ်ယောက်လို စိတ်တိုတဲ့အခါတွေရှိသလို၊ အစ်ကိုတစ်ယောက်လိုလည်းနောက်ပြောင်ကျီစယ်တတ်လေရဲ့။ နောက်ဆုံး မင်းကို သူက ချစ်သူတစ်ယောက်ထက်တောင် ပိုချစ်ပေးနိုင်တယ်။ ဘဝကြီးက တကယ်တော့ အချစ်နဲ့ ဂရုစိုက်မှုတွေမရှိရင် ဗလာနတ္ထိပါပဲ။

တတ်နိုင်သလောက် ကိုယ်ကပေးကမ်းနိုင်အောင် ကြိုးစားပါ။ ပြန်ရဖို့တော့မမျှော်လင့်ပါနဲ့ … ဘာလို့လဲဆိုတော့ ခံစားချက်မှာ အပေးယူတွေမရှိဘူး။ အလုပ်ရှုပ်နေရင်တောင် စက္ကန့်ပိုင်းလောက်တော့ သူငယ်ချင်းကိုအချိန်ပေးကြည့်ပါလား? တစ်နေ့ကျရင် မင်းအရမ်းရှုပ်လှပါချည့်ရဲ့ဆိုတဲ့ အချိန်တွေက ပြန်ရနိုင်ပေမယ့် သူငယ်ချင်းကောင်းတစ်ယောက်တော့ ပြန်ရချင်မှ ရလိမ့်မယ်။ ဒါကြောင့် အမြဲတမ်း အဆက်သွယ်ရှိနေအောင်ကြိုးစားပါ…ပြီးတော့ သူငယ်ချင်းကို ချစ်ပါ ..။ <3

560 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.