ကိုယ့်အတင်းဖျင်းတွေပြောနေတဲ့လူပါးစပ်ကို ဒီစကားတစ်ခွန်းတည်းနဲ့ ပိတ်လိုက်ရအောင် !

နေ့စဉ်နဲ့အမျှ လူတွေဟာ တစ်ယောက်အကြောင်းတစ်ယောက်မပြောပဲနေဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ စကားဆိုတာ ပြောလည်းကောင်းသလို၊မပြောလည်း မကောင်းဘူး။ စကားတွေပြောပါများတော့ အမှားပါနိုင်သလို၊ မပြောရင်လည်း လူမှုဆက်ဆံရေးညံ့ဖျင်းရာရောက်တယ်။ ပြောသာပြော၊ သူများကိုတော့ မထိခိုက်စေနဲ့တဲ့။ မတော်တဆကိုယ့်ရဲ့စကားကြောင့်တစ်ဖက်သား နစ်နာထိခိုက်သွားမယ်ဆို ကိုယ့်ကိုယ်ကိုယ်ပြစ်ရှိသလို ခံစားနေရတာ ပိုမဆိုးဘူးလား။

လူတွေဘာကြောင့် အတင်းပြောကြတာလဲ?

စိတ်ပညာရှင်တွေရဲ့သုံးသပ်မှုအရ လူတွေကတစ်ယောက်နဲ့တစ်ယောက်ရဲ့ ဆိုရှယ်ဘောင်ကိုတည်ဆောက်နိုင်ဖို့အတွက် ဒီလိုပြောရခြင်းဖြစ်တယ်တဲ့။

– ကိုယ်ကြိုက်တဲ့ အနုပညာရှင်အကြောင်းဖလှယ်ရင်း မကြိုက်တဲ့မင်းသား၊မင်းသမီးတွေအကြောင်းပါလာရင် မကြိုက်ရင် မကြိုက်သလိုမနေဘဲ personal တွေပါ စွတ်ဖက်ပြောဆိုလာခြင်း၊

– အခြားတစ်ယောက်ရဲ့လျှို့ ဝှက်ချက်ကိစ္စတွေကို ထုတ်ပြောနေရတာကိုကသူတို့အတွက် စိတ်လှုပ်ရှားစရာတစ်ခုဖြစ်နေခြင်း ၊

– အခြားလူတစ်ယောက်ရဲ့ကျရှုံးခြင်း၊ အမှားတွေကို လိုက်နှိုင်းယှဉ်ပြီး ပါးစပ်အရသာခံပြောရတာကို တစ်မျိုးစိတ်ကျေနပ်နေခြင်း။ ဒီအချက်တွေကြောင့် တစ်ချို့ ကအတင်းပြောရတာကို နှစ်သက်ပါတယ်။

ဘယ်လိုရပ်တန့်ပစ်မလဲ ?

အတင်းဖျင်းစကားတွေကတော့ နေရာတိုင်းရှိနေမှာပဲ။ ဒီအကျင့်ဆိုးကိုလူတွေဆီကနေ လိုက်သန့်စင်ပေးလို့မရဘူး။ ဒါပေမယ့် ရိုးရှင်းတဲ့စကားလေးတစ်ခွန်းကတော့ ဒီအတင်းဖျင်းစကားတွေကို ချက်ချင်းရပ်တန့်ပစ်နိုင်တယ်တဲ့။ ဒါကြောင့် တစ်ယောက်ယောက် သင့်ကိုမကောင်းမြင်ပြီး မဟုတ်တာ
တွေလာပြောနေရင် သူ့ကိုဒီိလို မေးလိုက်ပါ။

” ငါ့ကို ဘာလို့ဒီလိုတွေပြောနေတာလဲ ”

အရမ်းရိုးစင်းပါတယ်…ဒီစကားလေးက။ ဒါပေမယ့် အရမ်းထိရောက်တယ်နော်။
– ပထမဦးဆုံး ဒီမေးခွန်းက ကိုယ့်ကိုယ်ကိုယ်စိတ်ကြီးဝင်နေတဲ့ အတင်းပြောသူကို ကြောင်အမ်းသွားစေလိမ့်မယ်။
– ဒုတိယ… သင့်အကြောင်းကို သူလေကုန်ခံပြောနေရလောက်အောင် သင်ဟာ သူ့အတွက်အရေးပါသူလားဆိုတာ ဒီမေးခွန်းက ဖော်ထုတ်ပေးသွားမယ်။

အတင်းဖျင်းပြောခြင်းက အန္တရာယ်ကင်းတဲ့ တိုက်ခိုက်မှုတစ်ခုတော့ မဟုတ်ဘူး။ စကားလုံးတွေမှာ ကြီးမားတဲ့အင်အားတွေရှိတယ်။ လူတစ်ယောက်နဲ့ပတ်သတ်ပြီး ကိုယ်ပြောလိုက်တဲ့ အတင်းဖျင်းဟာ သူ့အတွက်တော့ ၀မ်းနည်းစရာကောင်းတဲ့ အကျိုးဆက်တွေဖြစ်သွားနိုင်တယ်။ တိုက်ရိုက်ပဲဖြစ်စေ၊ သွယ်ဝိုက်၍ပဲဖြစ်စေ.. အတင်းပြောတော့မယ်ဆို ငါလူတစ်ယောက်ကို နာကျင်စေမိပြီလို့ အမြဲတမ်းအမှတ်ရနေပါ။ ဒီတော့ လူတစ်ယောက်က သင့်ကိုမကောင်းကြောင်းပြောလာရင် ” ငါ့ကို ဘာလို့ဒီလိုတွေပြောနေတာလဲ ”လို့သာ မေးလိုက်ပါ။ 😉

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.