ကိုယ့်အပေါ်ဆိုးတဲ့ကောင်လေးကိုမှပိုချစ်မိတဲ့အကြောင်းအရင်း

   မိန်းကလေးတော်တော်များများဟာ လူတစ်ယောက်ကို ချစ်မိတဲ့အခါသိပ်ကိုရူးသွပ်တက်ကြပါတယ်။ တကယ်ချစ်မိပြီဆိုရင်ဒီလူကောင်းကောင်းဆိုးဆိုး သူနဲ့ပတ်သတ်သမျှကို စံဖို့ရော ခံဖို့ပါအသင့်ဖြစ်နေတက်ပါတယ်။ ခပ်ဆိုးဆိုးယောင်္ကျားလေးတစ်ယောက်ကို ချစ်မိသွားတဲ့မိန်းကလေးတော်တော်များများဟာ သူတို့အပေါ်ဆိုးတက်ကြတဲ့ယောင်္ကျားလေးတစ်ယောက်ကို ဘာကြောင့်လက်မလွှတ်နိုင်ကြတာလဲ။ မကောင်းမှန်းသိလို့လက်လွှတ်ခဲ့ရင်တောင်ဘာကြောင့်ရင်ထဲမှာကျန်နေတက်ကြတာလဲ…
(၁) ပိုပြီးနီးကပ်ခဲ့လို့ပါ
ခပ်ဆိုးဆိုးကောင်လေးဟာ မိန်းကလေးပေါ်မှပဲဖြစ်ဖြစ် တခြားသူတွေပေါ်မှာပဲဖြစ်ဖြစ် ဆိုးကြတဲ့ အခါသူဆိုးသမျှကို မိန်းကလေးဖြစ်သူက တူတူလိုက်ဖြေရှင်းပေးခဲ့ရတာမျိုးတွေရှိပါတယ်။ ဒါကြောင့်ကောင်လေးရဲ့စိတ်ကို အဆုံးထိနားလည်လွယ်ပြီး သူနဲ့ရောသူ့ပြဿနာတွေနဲ့ပါ ထိတွေ့အနေနီးခဲ့တာကြောင့် ပြတ်သွားခဲ့ရင်တောင်မေ့မရဖြစ်နေတက်တာပါ။
(၂) စိုးရိမ်လို့
သူ့အနွံနာခံပြီးနေလာခဲ့ရတဲ့မိန်းကလေးတစ်ယောက်ဟာ ကောင်လေးနဲ့ဝေးသွားရင်တောင် သူအခုချိန်ဘယ်မှာလဲ ဘယ်သူနဲ့ဘာဖြစ်နေလဲ ၊ အစစအရာရာ အဆင်ပြေရဲ့လားဆိုပြီး စိတ်ပူနေတက်ပါတယ်။သူ့ကြောင်းအကုန်သိတာကိုယ်တစ်ယောက်ပဲရှိတာကြောင့်ကိုယ့်ကို ဆိုးနေရင်တောင် ချစ်ရင်ပြီးတာပဲဆိုပြီး စွန့်လွှတ်ဖို့ခက်ခဲကြပါတယ်။
(၃) ဆွဲဆောင်မှုရှိလို့
တစ်ချို့သောမိန်းကလေးတွေအတွက် ခပ်ဆိုးဆိုးဂျစ်ကန်ကန်ကောင်လေးတွေက ပိုဆွဲဆောင်မှုရှိတက်ပါတယ်။ ခပ်အေးအေး နေတဲ့Type မျိုးဆို သဘောမကျပဲ ကိုယ့်အပေါ် ခပ်ဆိုးဆိုးကောင်လေးတွေကို ပိုသနားပြီး ရင်ခုန်တက်ကြပါတယ်။
(၄) ပိုချစ်ပြတက်လို့
ခပ်ဆိုးဆိုးကောင်လေးတွေဟာ သူတို့ချစ်သူအပေါ်ဆိုးကောင်းဆိုးနိုင်ပင်မဲ့ အရမ်းချစ်ပြတက်ကြပါတယ်။ သာမန်ယောင်္ကျာလေးတွေ လိုက်မမီတဲ့ပုံစံမျိုးတွေနဲ့ချစ်ပြတက်တာကြောင့်ခပ်ဆိုးဆိုးကောင်လေးတွေကိုလက်မလွှတ်နိုင်ပဲပို ငြိတွဲမိနေကြတာပါ။
(၅) ကလေးဆန်လို့
ခပ်ဆိုးဆိုးကောင်လေးတွေဟာ အသက်ငယ်ငယ်ကြီးကြီး ကိုယ့်အပေါ်အလျော့ပေးတက်တဲ့ကောင်မလေးနဲ့တွေ့ရင်ကလေးဆန်တက်ကြပါတယ်။သူတို့ဟာ ဆိုးဆိုးပေပေလေးတွေပင်မဲ့ကိုယ့်အပေါ်ဆိုးချစ်လေးချစ်တက်ပြီး အရမ်းရိုးသားလွန်းတာကြောင့်အချစ်လျော့ဖို့၊ လက်လွှတ်ဖို့ခက်နေပါလိမ့်မယ်။
ဆိုးပေပေကောင်လေးတွေကို ပိုချစ်မိတဲ့ကောင်မလေးတွေလည်း ကိုယ့်ချစ်သူဆိုးပေလေးတွေကိုပိုချစ်နိုင်ပြီး ဆိုးပေကောင်လေးတွေကလည်း ကိုယ့်အပေါ်ဂရုစိုက်တဲ့ ကောင်မလေးတွေကို ပိုတန်ဖိုးထားနိုင်ကြပါစေလို့ဆုတောင်းရင်း….

466 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.