ဘယ်လိုအတိုက်အခိုက်တွေရှိရှိ ဂရုမစိုက်ဘဲ ရှေ့ဆက်သွားနေဆဲပါလို့ ဆိုတဲ့ ပိုးအိဖြူစင်

dsc03540_resize.jpg

အနုပညာလောကထဲကို မော်ဒယ်လ်ဘ၀နဲ့ ကြိုးစားရပ်တည်လာပြီး လက်ရှိမှာရောက်နေတဲ့ ဘ၀လေးကို ကျေနပ်နေပါတယ်လို့ဆိုတဲ့ ပိုးအိဖြူစင်ကတော့ သူမရဲ့ အနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ‘အခုရှိုးပွဲတွေလျှောက်နေတယ်။ ကလင်ဒါတွေရိုက်ထားတယ်။ အမ်တီဗီကကျတော့ ကိုသားသားနဲ့ ကိုရဲရင့်အောင်တို့ရဲ့ အမုန်းဒိုင်ယာရီထဲက ပျော်ပျော်ပါးပါးဆိုတဲ့သီချင်းလေးကို  သရုပ်ဆောင်ပေးထားတယ်။ ပြီးတော့ Snare အခွေထဲက ဘကြီးဖြိုးနဲ့ဦးနေ၀င်း ဆိုတဲ့သီချင်းလေး ထဲမှာ သရုပ်ဆောင်ထားတယ်။ အခု ရုပ်ရှင်အစည်းအရုံးက ဖွင့်တဲ့ သင်တန်းတက်နေတယ်။ မော်ဒယ်သီးသန့်ကြီးမဟုတ်ပဲနဲ့ သရုပ်ဆောင်ဖက်ကိုပါ မျှပြီးလုပ်နေပါတယ်။’လို့ သူမက ပြောပါတယ်။

ဒီအလုပ်နဲ့ပတ်သတ်ပြီး အဖေရော၊အမေရော ခွင့်ပြုပေးတဲ့အတွက် ကိုယ့်မှာ ဘာစိတ်ပင်ပန်းမှုမှ မရှိတဲ့ သူမဟာ မော်ဒယ်ဘ၀မှာ အတိုက်အခိုက်အတားအဆီးဆိုတာတော့ ရှိခဲ့ပေမယ့်  ဘာကိုမှ ဂရုမစိုက်ပဲ ကိုယ့်အလုပ်ကိုပဲ ဦးစားပေးပြီးလုပ်ခဲ့တာကြောင့် အဆင်ပြေပါတယ်တဲ့။ ‘ဘယ်အလုပ်မှာ မဆို အတိုက်အခိုက်က ရှိမှာပါပဲ။ အဓိက က ပြိုင်ပွဲတွေမှာ ပိုးအိဖြူစင်ဆိုပြီး ပရိသတ်က ပိုပြီးသိမှာပေါ့နော်။ အဲဒီအတွက်ပျော်ပါတယ်။’လို့ သူမက ပြောပါတယ်။

(အချစ်ဆိုတဲ့စကားလုံးကို အဓိပါယ်ဖွင့်ချင်တာက အချစ်ဆိုတာသမီးအတွက် ပူလောင်ပါတယ်။ ရှိလဲကောင်းသလို မရှိလဲကောင်းတယ်။ အရှေ့မှာလဲပူလောင်တဲ့အချစ်မျိုးနဲ့ပဲ ကြုံခဲ့ဖူးတယ်ဆိုတော့လေ။ အခုချိန်မှာတော့ အချစ်ဆိုတာကို မစဉ်းစားတော့ပဲနဲ့ တစ်ယောက်ထဲပဲနေချင်တော့တယ်။ ရွေးချယ်ဖြစ်မယ်ဆိုရင်တော့ ကိုယ်သဘောကျတဲ့သူပဲယူမှာပါ။ ရွေးချယ်ဖြစ်မယ်ဆိုရင်တော့ အရည်အချင်းရှိရမယ။် ပိုက်ဆံရှိဖို့မလိုဘူး။ ကိုယ့်ကို နားလည်မှုပေးနိုင်တဲ့ယောကျာ်းမျိုးကိုပဲယူမှာပါလို့ပြောပါတယ် ။)

ဖက်ရှင်နဲ့ အလှအပအကြောင်းကိုတော့ သူမက ‘ အခုနောက်ပိုင်းမှာ တော်တော်လေးဂရုစိုက်ဖြစ်တယ်။ ပိုပြီးလဲစိတ်ဝင်စားလာတယ်။ ဖက်ရှင်ကတော့ ကိုယ့်ဟာကိုယ်ရှာတယ်။ ကိုယ်ဟာကိုယ်ပဲဝတ်တယ်။ တခါတလေတော့ အမေနဲ့တိုင်ပင်ဖြစ်တယ်။ လတ်တလောဝတ်ဖြစ်နေတာ နီညိုရောင်ပေါ့။ အသားအရေကတော့ သိပ်မလုပ်ဖြစ်ဘူး။ မျက်နှာကိုပဲ အဓိက လုပ်ဖြစ်တယ်။ HELLO မှာလုပ်ဖြစ်တယ်။ COSMETICဆိုရင် HOLLICAသုံးဖြစ်တယ်။ သိပ်မတည့်တာတွေရှိတော့ အများကြီး သိပ်မလုပ်ဖြစ်ဘူးလို့ပြောပြလာခဲ့ပါတယ်။’လို့ပြောပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.