မိန်းကလေးပရိသတ်တွေရဲ့အသည်းစွဲမင်းသားတစ်လက်ဖြစ်တဲ့ Lee Jong Suk ဟာ မကြာသေးခင်က Instyle မဂ္ဂဇင်းရဲ့ဖေဖော်ဝါရီလအတွက် မျက်နှာဖုံးကာဗာရိုက်ကူးပေး ခဲ့တယ်လို့သိရပါတယ်။
အဲ့ဒါအပြင် Harper’s Bazzar China ရဲ့ဖေဖော်ဝါရီမျက်နှာဖုံးကာဗာအတွက် ရိုက်ကူးပေးခဲ့ရပါသေးတယ်။“While You Were Sleeping”မင်းသမီး Suzy လည်းအတူရိုက်ကူးခဲ့တယ်လို့သိရပါတယ်။Sunday နဲ့Night ဆိုတဲ့ ပုံစံအတိုင်း Suzyကိုတော့ နေ့အလင်းရောင်မှာရိုက်ကူးထားပြီး Lee Jong Suk ကိုတော့ ဘက်ဂရောင်းအမည်းရောင်နဲ့ ညအတိုင်းရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ရဲ့ ဆွဲဆောင်မှုရှိလှတဲ့ပုံရိပ်တွေကို ပရိသတ်တွေအတွက်ပြန်ပြီးမျှဝေလိုက်ပါတယ်။
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။