သင့်ခန္ဓာကိုယ်မှာ အမျှင်ဓာတ်ချို့တဲ့နေပြီဆိုတာပြနေတဲ့အချက်တွေ

နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ အမျှင်ဓာတ်ကလည်း မပါမဖြစ်ပါပဲ။ အမျှင်ဓာတ်က အူမကြီးကိုသန့်စင်ချောမွေ့စေတဲ့အပြင် ခန္ဓာကိုယ်ရဲ့လုပ်ဆောင်ချက်တော်တော်များများကိုပံ့ပိုးပေးတာမို့ ခန္ဓာကိုယ်ကျန်းမာရေးမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကရပ်တည်နေပါတယ်။ သင့်မှာ အမျှင်ဓာတ်ချို့တဲ့နေပြီဆိုရင် ခန္ဓာကိုယ်ကသင့်ကိုအချက်ပြပါလိမ့်မယ်။ အချက်ပြတာလေးတွေကိုဘာသာပြန်တတ်ဖို့ပဲလိုပါတယ်။ သင့်ခန္ဓာကိုယ်မှာ အမျှင်ဓာတ်ချို့တဲ့နေပြီဆိုတာပြနေတဲ့အချက်တွေကတော့…

 

ဝမ်းချုပ်လာမယ်

တစ်ခါတစ်လေ ဝမ်းချုပ်တာကတော့ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် နေ့တဓူဝဝမ်းသွားရတာ ပြဿနာတက်နေမယ်ဆိုရင်တော့ သင့်ခန္ဓာကိုယ်မှာ အမျှင်ဓာတ်ချို့တဲ့နေပါပြီ။အလွယ်ကူဆုံးဖြေရှင်းနည်းကတော့ ငှက်ပျောသီး(ဖီးကြမ်း)တစ်လုံးလောက်စား ရေတစ်ဖန်ခွက်သောက်ပြီး ခဏနေမှ ဝမ်းသွားဖို့ကြိုးစားကြည့်ပါ။

 

ကိုယ်အလေးချိန်တက်လာမယ်

ခန္ဓာကိုယ်မှာ အမျှင်ဓာတ်မရှိတဲ့အခါ အစာချေဖျက်သယ်ဆောင်မှုနှုန်းပါနှေးကွေးလာတာမို့ ခန္ဓာကိုယ်ကို အဆီိတွေသိုလှောင်စေပြီး ဝလာတာ ကိုယ်အလေးချိန်တက်လာတာ၊အထူးသဖြင့် ခါးနေရာမှာအဆီတွေစုလာတာဖြစ်လေ့ဖြစ်ထရှိပါတယ်။

 

သွေးတွင်းသကြားဓာတ်မြင့်လာမယ်

ဆီးချိုသွေးချိုဖြစ်နေတဲ့သူတွေဆိုပိုသိသာပါလိမ့်မယ်။ အမျှင်ဓာတ်နည်းပါးခြင်းဟာ ခန္ဓာကိုယ်မှာ ကိုလက်စထရောနဲ့ ဂလူးကိုစ့် level တွေမြင့်တက်စေတာမို့ သွေးတွင်းသကြားဓာတ်သိသိသာသာမြင့်လာပါလိမ့်မယ်။

 

တစ်ခုခုစားပြီးရင် အိပ်ငိုက်လာမယ်

ဗိုက်တင်းကားနေအောင်စားလိုက်လို့ အိပ်ငိုက်လာတာက ဖြစ်လေ့ဖြစ်ထရှိပါတယ်။ မုန့်လေးနည်းနည်းလေးစားလိုက်တာနဲ့ တန်းပြီးဝါးခနဲသမ်းလာတာမျိုးဆိုရင်တော့ အမျှင်ဓာတ်ကုန်ခမ်းနေတာကိုအချက်ပြတာပါ။ အမျှင်ဓာတ်က အစာချေဖျက်ခြင်းကိုအထောက်အကူပေးတာမို့ အမျှင်ဓာတ်မပါတဲ့အစာတွေကိုစားလိုက်တဲ့အခါ ခန္ဓာကိုယ်က ကြိုးစာချေဖျက်နေရတာကြောင့် မောပန်းလွယ်ပြီး အိပ်ချင်စိတ်ပေါက်စေတာပါ။

 

ရင်ပြည့်ရင်ကယ်ဖြစ်မယ်

တအားအစားတွေများသွားတဲ့အခါ ရင်ပြည့်ရင်ကယ်ဖြစ်လေ့ရှိပါတယ်။ဒီလိုပဲ အမျှင်ဓာတ်နည်းပါးချို့တဲ့နေတဲ့အခါမှာလည်း စားသမျှကိုချေဖျက်ဖို့အတော်အချိန်ယူရတာကြောင့် ရင်ပြည့်ရင်ကယ်ဖြစ်တော့တာပါပဲ။ ဒါပေမယ့် အမျှင်ဓာတ်တွေလွန်ကဲနေအောင်စားမိရင်လည်း ရင်ပြည့်ရင်ကယ်ဖြစ်စေတာသတိပြုသင့်ပါတယ်။

 

ခန္ဓာကိုယ်ကိုအမျှင်ဓာတ်မျှတအောင်စားသုံးပေးဖို့က သိပ်ခက်လှတဲ့အရာတော့မဟုတ်ပါဘူး။ နေ့စဉ်စားသုံးနေကျ အသီးအနှံအစေ့အဆံတွေမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါရှိတာမို့ ဂရုစိုက်ပြီးစားသုံးပေးလို့ရပါတယ်။ အသင့်စားအစားအစာတွေမှာ အမျှင်ဓာတ်မပါသလောက်နည်းပါးတာရော ကျန်းမာရေးအတွက် ဘေးဥပါဒ်ဖြစ်စေတာရောကြောင့် အသင့်စားအစားအစာတွေကိုရှောင်သင့်ပါတယ်။  ဒီလိုမှမဟုတ်ဘူး ဆေးပဲသောက်ချင်တာဆိုရင်လည်း အမျှင်ဓာတ်ကိုဖြည့်တင်းပေးတဲ့ ဖြည့်စွက်စာတွေလည်း ဆေးဆိုင်တွေမှာရောင်းတာမို့ ဆရာဝန်နဲ့တိုင်ပင်ပြီး ဝယ်ယူသောက်သုံးပေးလို့ရပါတယ်။

 

 

180 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.