တစ်နေ့ကိုရေ ဘယ်လောက်များများသောက်ပေးသင့်သလဲ?

ကျန်းမာရေးလိုက်စားသူတွေကတော့တစ်နေ့ကိုရေဘယ်လောက်များများ သောက်ပေးရမလဲဆိုတာကိုသိကြပါတယ်။တစ်ချို့ကျတော့လည်း ရေတော့ သောက်နေတာပဲ၊လိုအပ်တဲ့ရေပမာဏာတော့မဟုတ်ဘူး။အဲ့ဒီအခါမှာ ခန္ဓာကိုယ်ပင်ပန်းမောပန်းတာမျိုးတွေဖြစ်လာတတ်ပါတယ်။ရေက တစ်နေ့တာလုံးမှာ ခန္ဓာကိုယ်တစ်ခုလုံးအတွက်အရေးပါဆုံးနေရာဖြစ်လို့ ရေဓာတ်မပြည့်ဝလို့မဖြစ်ပါဘူး။ ကျန်းမာရေးသုတေသီတွေကတော့ တစ်နေ့ကို ရေ ၂လီတာ ဒါမှမဟုတ် ဖန်ခွက် ၈ခွက် (၈အောင်စ)သောက်သုံးဖို့အကြံပေးထားပါတယ်။

ရေမဆာဘူးဆိုရင်တောင် ရေသောက်ကိုသောက်ပေးရမယ့်အချက်တွေရှိပါတယ်။ ရေဘာလို့သောက်သင့်တာလဲ?ရေသောက်ရင်ရရှိမယ့်အကျိုးကျေးဇူးတွေကအများကြီးပါပဲ။ ရေပုံမှန်သောက်ပေးမယ်ဆိုရင်…

၁.ကိုယ်အလေးချိန်ထိန်းပေးတယ်

၂.အသားအရည်လှစေတယ်

၃.ကူးစက်ရောဂါကိုတိုက်ထုတ်ပေးတယ်

၎.အဆိပ်အတောက်တွေဖယ်ရှားပေးတယ်

၅.နှလုံးကိုကျန်းမာစေတယ်

၆.အရိုးအချိတ်အဆက်တွေနာကျင်မှုကိုကာကွယ်ပေးတယ်

၇.ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးတယ်

၈.၀မ်းချုပ်တာကိုကာကွယ်ပေးတယ်

၉.ကင်ဆာရောဂါဖြစ်ပွားမှုကိုလျှော့ချပေးတယ်

၁၀.ခန္ဓာကိုယ်ထဲကစွမ်းအင်တွေကိုတိုးတက်စေတယ်

ရေပုံမှန်သောက်ရင်ရမယ့်အကျိုးကျေးဇူးတွေကအများကြီးပါပဲ။ရေ ၂လီတာ မသောက်နိုင်ဘူးဆိုရင်တောင် တစ်နေ့ကို ရေဖန်ခွက် ၆ခွက်ကနေ ၈ခွက်ထိသောက်နိုင်ပါတယ်။ရေ ၁.၂လီတာလောက်ပေါ့။

သတိထားရမှာကထမင်းစားပြီးပြီးချင်းရေမသောက်ပါနဲ့။အစာစားပြီးရေသောက်လိုက်တဲ့အခါ အစာကိုလွယ်လွယ်နဲ့မချေဖျက်နိုင်တော့ပါဘူး။ထမင်းစားပြီး နာရီဝက်၊တစ်နာရီလောက်နေမှ သောက်ပေးသင့်ပါတယ်။ထမင်းမစားခင် တစ်နာရီလောက်အလိုမှာလည်း ရေသောက်ပေးမယ်ဆိုရင် ထမင်းတွေအများကြီးမစားမိတော့ပါဘူး။အဲ့ဒါဆို ကိုယ်အလေးချိန်လည်းထိန်းပြီးသားဖြစ်စေပါတယ်။

မနက်မိုးလင်းရင် ရေအလတ်တစ်ဘူးလောက်သောက်ပေးမယ်ဆိုရင် တစ်နေ့တာအတွက် ပေါ့ပါးလန်းဆန်းနေစေမှာပါ။ရုံးမှာအလုပ်လုပ်နေရတဲ့သူဆိုရင်ရေပုံမှန်ပမာဏာပြည့်အောင် ပိုပြီးသောက်ပေးသင့်ပါတယ်။ရေအများကြီးသောက်လေ့သောက်ထမရှိဘူးဆိုရင်ရေသောက်တဲ့ အခါသံပုရာသီးစိတ်လေးညှစ်ထည့်ပြီးသောက်ကြည့်ပါ။တဖြည်းဖြည်းနဲ့ပုံမှန်လိုအပ်တဲ့ ရေပမာဏာထိသောက်နိုင်လာပါလိမ့်မယ်။

Source:Fashion Lady

 

296 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.