သင်သိရင်အံ့သြတုန်လှုပ်သွားမှာသေချာတဲ့ နာမည်ကျော်အနုပညာရှင်တွေရဲ့  အလှအပလျှို့ဝှက်ချက်များ

နာမည်ကျော်အနုပညာရှင်မင်းသမီးတွေဘာလို့အမြဲနုပျိုလှပနေတာလဲ? လျှို့ဝှက်ချက် တော့ရှိပါတယ်။ ဒါပေမဲ့သူတို့ရဲ့ အလှအပလျှို့ဝှက်ချက်တွေကနည်းနည်းတော့ ထူးဆန်းသလိုပါပဲ၊ဘယ်လိုမျိုးတွေလဲဖတ်ကြည့်လိုက်ပါဦး။

၁။ Angelina Jolie

Angelina Jolie ရဲ့ အလှအပလျှို့ဝှက်ချက်ကတော့ ဒေါ်လာ ၃၀၀တန်ဖိုးရှိ Cavia ငါးဥတွေနဲ့တစ်ကိုယ်လုံးကိုပေါင်းတင်တာပါ။သူမရဲ့ ခန္ဓာကိုယ်က အကြောထုံးနေတဲ့သွေးကြောတွေ သက်သာပျောက်ကင်းအောင်ပါတဲ့။Gwyneth Pattrow ၊Sir Mick Jagger နဲ့ Stella McCartneyတို့ဟာလည်း အဲ့ဒီနည်းကိုသုံးလေ့ရှိတယ်လို့သိရပါတယ်။

၂။ Victoria Beckham

Victoria Beckham ဆိုရင် လှပတဲ့အမျိုးသမီးတစ်ယောက်အဖြစ်အားလုံးသိပြီးသားပါ။ သူမဘာလို့အဲ့လောက်ကြည့်ကောင်းနေရတာလဲ? Victoria ဟာ အလှအပအတွက် ထူးဆန်းရှားပါးတဲ့ကုသနည်းတစ်ခုကိုသုံးပါတယ်။အဲ့ဒါကတော့ ငှက်ချေးကိုသုံးတာပါ။ မျက်နှာပေါင်းတင်ဖို့အတွက်ငှက်ချေးကိုသုံးလေ့ရှိပါတယ်တဲ့။ဝက်ခြံတွေပျောက်ကင်းဖို့နဲ့အသားအရည်နူးညံ့စိုပြည်စေဖို့အတွက်လို့သိရပါတယ်။နိုက်တင်ဂေးလ်ငှက်ချေးနဲ့လုပ်ထားတဲ့မျက်နှာပေါင်းတင်ကြေးဆိုရင် ဒေါ်လာ ၁၈၀တန်ဖိုးရှိပါတယ်တဲ့။Harry Styles နဲ့Tom Cruise ကလည်း အဲ့နည်းကိုသုံးလေ့ရှိတယ်လို့သိရပါတယ်။

၃။ Gwyneth Paltrow

Gwyneth Paltrow ရဲ့ ထူးခြားပြီးပုံမှန်မဟုတ်တဲ့အလှအပကုသနည်းကတော့ မြွေဆိပ်နဲ့လုပ်ထားတဲ့ကရင်မ်ကိုလိမ်းတာပါတဲ့။Beverly Hills မှာမြွေဆိပ်နဲ့လုပ်ထားတဲ့ ကရင်မ်ကိုဒေါ်လာ၁၁၀နဲ့ရောင်းပါတယ်။အသားအရည်အတွက် ပုလင်းတစ်လုံးစာလောက် သုံးရပါတယ်တဲ့။မြွေဆိပ်က Botox ထိုးသလိုပဲအကျိုးသက်ရောက်မှု ရှိတယ်လို့သိရပါတယ်။အသားအရည်ကိုတင်းရင်းစေပြီး အရေးအကြောင်းတွေပျောက် ကင်းစေပါတယ်။

၎။Sienna Miller

Sienna Miller ဟာသူမရဲ့ ဆံပင်အတွက်ခရမ်းချဉ်သီးဆော့စ်ကိုသုံးပါတယ်တဲ့။ Sienna Miller ဟာ ဆံပင်တွေဆိုးဆိုးဝါးဝါးပျက်စီးခဲ့ပြီးနောက် သူမရဲ့ ဆံပင်တွေဟာမွေးညှင်းဆံပင်တွေကအစ အစိမ်းရောင်ဖြစ်သွားခဲ့ပါတယ်။အဲ့ဒါကြောင့်အရောင်တွေလျော့စေဖို့ သူမရဲ့ ဆံပင်အတွက် ခရမ်းချဉ်သီးဆော့စ်ကိုသုံးခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒါကလည်းတကယ့်ကိုအလုပ်ဖြစ်ပါတယ်တဲ့။ဆံပင်တွေပျော့ပြောင်းပြီး ဆံပင်အတွက်သဘာဝပျော့ဆေးတစ်မျိုးဖြစ်ပါတယ်။

၅။Jennifer Lopez

J Lo ရဲ့ အလှအပနည်းတစ်မျိုးကလည်းထူးထူးခြားခြားပါပဲ။သူမရဲ့ အသက်အရွယ်နဲ့ မလိုက်အောင်နုပျိုရတဲ့အကြောင်းကတော့တစ်ပတ်ကို ဒေါ်လာ၉၀၀တန်ဖိုးရှိတဲ့ အချင်းနဲ့မျက်နှာကိုပေါင်းတင်နည်းကိုသုံးပါတယ်တဲ့။ဒီသဘာဝနည်းလမ်းက သူမကိုပိုပြီး လှပစေခဲ့တာဖြစ်ပါတယ်။ဆိတ်အချင်းဆိုရင် အရေးအကြောင်းတွေ သက်သာပျောက် ကင်းစေပြီးနုပျိုစေတဲ့အစွမ်းတွေရှိတယ်လို့သိရပါတယ်။

၆။Teri Hatcher

Teri Hatcher ကတော့ သူမရဲ့ အသားအရည်အတွက်ဝိုင်ကိုသုံးပါတယ်တဲ့။ ၀ိုင်ကိုသောက်တာ မျိုးမဟုတ်ဘူးနော်။အနီရောင်ဝိုင်နဲ့ရေချိုးတာပါတဲ့။အများကြီးဖြည့်စရာမလိုပါဘူး။ဝိုင်ဖန်ခွက် တစ်ခွက်ဆိုလုံလောက်ပါတယ်တဲ့။စပျစ်သီးဟာ အသားအရည်အတွက်ကောင်းမွန်တာဖြစ်လို့ ၀ိုင်နီနဲ့ရေချိုးတဲ့အခါမှာ ကျန်းမာလှပတဲ့အသားအရည်ကိုပိုင်ဆိုင်ရပါတယ်တဲ့။ ၀ိုင်နီဖြည့်ထားတဲ့ ရေချိုါ်ကန်ထဲမှာနာရီဝက်လောက်စိမ်ပေးမယ်ဆိုရင်သင့်ရဲ့ အသားအရည်ကတော်တော်လေး ကိုကောင်းလာမှာပါ။

 

 

 

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.