လက်ရှိအချိန်မှာ တကယ်လက်တွေ့မှန်ကန်လာခဲ့တဲ့ ရှေးခေတ်ရုပ်ပြများ

တကယ်လက်ရှိအချိန်လည်းရောက်ရော ဒီပုံတွေကိုကြည့်ရတာ ထူးဆန်းနေမယ်လို့ထင်ပါတယ်။ အရင်တုန်းကတော့ အနာဂတ်မှာဘာတွေဖြစ်လာနိုင်မလဲဆိုပြီး လူတွေက မှန်းဆချိန်တွယ်ပြီး စိတ်ကူးနဲ့ပုံဖော်ကြည့်ကြတယ်။ ၁၈၀၀ နဲ့ ၁၉၀၀ခုနှစ်ကျော်လောက်တုန်းက နိမိတ်ပြေး ရုပ်ပြပုံရိပ်တွေဖြစ်ပါတယ်။ ကြည့်ရတာ နည်းနည်းရယ်ချင်စရာကောင်းပေမယ့် အခုခေတ်အချိန်ခါနဲ့တော့ ကွက်တိမှန်နေတာပေါ့။

(၁) တီဗီကြည့် မျက်မှန်


၁၉၆၃ခုနှစ်က Life မဂ္ဂဇင်းတစ်ခုတွင် ဒီဓာတ်ပုံကိုဖော်ပြထားတာဖြစ်ပါတယ်။ သိပံ္ပပညာရှင် Hugo Gernsback ဟာ တီဗီကြည့် မျက်မှန်ကို သူကိုယ်တိုင်တီထွင်ခဲ့ပြီး သူကိုယ်တိုင်ပဲနာမည်ပေးခဲ့ပါတယ်။ လူတွေဟာ တစ်နေ့ကြရင် တီဗီကြည့်ဖို့အတွက် မျက်မှန်တပ်ရလိမ့်မယ်လို့ သူက ဟောကိန်းထုတ်ခဲ့ပါတယ်။

(၂) စက်ရုပ်ဖုန်စုပ်စက်


ဒီစက်ကို ” electric scrubbing” လို့ခေါ်ပြီး Jean -Marc Cote က ၁၉၁ဝခုနှစ်တွင် တီထွင်ခဲ့တာဖြစ်ပါတယ်။ စီးရီးပန်းချီနာမည် ”En LAn2000 ” မှာ ဒီဓာတ်ပုံလည်း ပါဝင်ခဲ့ပါတယ်။

(၃) ဒီဂျစ်တင် အတန်း


” The Rise of the Computerized School ” ကို Shigeru Komatsuzaki ကတီထွင်ခဲ့တာဖြစ်ပြီး ၁၉၆၉ခုနှစ်က Computopia လို့ခေါ်တဲ့ ဂျပန်မဂ္ဂဇင်းတစ်ခုမှာ ဖော်ပြခြင်းခံထားရပါတယ်။ ပုံထဲမှာ ဖန်တီးသူရဲ့အမြင်ဟာ ရှေ့နိမိတ်ကို ဘယ်လောက်ထိကြိုမြင်နေရကြောင်းတွေ့ရပါတယ်။ ဆရာမက screen ပေါ်မှာသာရှိနေပြီး ကျောင်းသားတွေက ကွန်ပျုတာကိုယ်ယ်စီနဲ့ပေါ့။

(၄) ဗီဒီယိုကောလ်


၁၉၃၀ခုနှစ်မှာ ရေးဆွဲခဲ့တာဖြစ်ပြီး ပုံထဲမှာ အမျိုးသမီးနှစ်ယောက် စားသောက်ဆိုင်အပြင်ခုံမှာ ထိုင်ကာ screen ထဲက လူတွေကိုစကားပြောနေတာတွေ့ရတယ်။ ဒီဘက်ခေတ်က စမတ်ဖုန်းတွေကိုင်ကာ ဗီဒီယိုကောလ်တွေ အပြန်အလှန်ပြောနေကြသလိုပါပဲ။

(၅) မောင်းသူမဲ့ ယာဉ်


၁၉၄၀ ဇွန်လတုန်းက နာမည်ကြီးသိပံ္ပ မဂ္ဂဇင်းတစ်ခုတွင် ဖော်ပြထားတဲ့ပုံဖြစ်ပါတယ်။ အနာဂတ်မှာ ဒါရိုက်ဘာမပါဘဲ ယာဉ်တစ်ခုကိုစီးနှင်လို့ရတော့မယ်လို့ ကြိုတင်ဟောကြားခဲ့တယ်။ အခုထိတော့ လူတွေကိုယ်တိုင်မောင်းနှင်နေရပေမယ့် ကုပ္မဏီတွေကတော့ ဒီမှန်းဆချက်ကို တကယ်လက်တွေ့အကောင်ထည်ဖော်နိုင်အောင် ကြိုးစားနေပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.