သားသားမီးမီးလေးတွေ စာသင်ပျော်စေမယ့် လျှို့ ဝှက်လှည့်ကွက်လေးတွေ

ကလေးတွေ ကြီးပြင်းလာတဲ့အခါ မိဘတွေက ပျင်းစရာကောင်းတဲ့အရာတွေကို သင်ယူဖို့ အနောက်ကနေဖိအားပေးပါတော့တယ်။ တစ်ချို့ စာတွေက သိပ်ပျင်းဖို့ကောင်းပေမယ့် သင်ကြားပေးသူရဲ့အိုင်ဒီယာသာ ဆန်းသစ်မယ်ဆိုရင် ကလေးတွေလည်း စာတွေသင်ယူရတာငြီးငွေ့စရာတစ်ခုလို့မမြင်တော့ဘူး။ ဒီတော့ ကလေးလေးတွေရဲ့အရည်သွေးလည်း ကောင်းမွန်အောင်၊ စာသင်ရတာလည်းပျင်းမသွားအောင် ဒီနည်းလမ်းလေးတွေစမ်းသပ်ကြည့်ရအောင် …

(၁) အရောင်ရွေးချယ်ခြင်း


အရောင်စက္ကူလေးတွေမှာ သူနဲ့တူတဲ့ မင်အရောင်တွေနဲ့ စာရွက်ပေါ်မှာ ရေးခြစ်ခိုင်းတာမျိုး၊ စာရွက်ညှပ် ကလစ်လေးတွေနဲ့ တူတဲ့အရောင်ကိုရွေးခိုင်းတာမျိုး ကလေးကိုသင်ပေးပါ။ အရောင်လေးတွေဆိုတော့ကလေးလည်း စိတ်ဝင်စားတယ်။

(၂) ဖိနပ်ခြည်နည်း


ဖိနပ်ခြည်နည်းကို ဖိနပ်ကြီးနဲ့မသင်ပေးချင်ရင် ကတ်ထူမှာ ဖိနပ်ပုံစံလေးဆွဲပေးပြီး ကြိုးချည်ဖို့အတွက် အပေါက်လေးတွေဖောက်ပေးပါ။ ကလေးတွေအမြင်မှာဆို ကာတွန်းပုံတွေက အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒါလေးတွေကို သူဘယ်လိုလှအောင်လုပ်လိုက်မယ်ဆိုပြီး ခြည်ပြီးသွားရင်
သင့်ကိုလာပြပါလိမ့်မယ်။

(၃) စကြဝဠာ အဖွဲ့အစည်း


အသီးလေးတွေကို အဝိုင်းလေးတွေ လှီးပြီး ပန်းကန်ပြားပေါ်မှာ စကြ၀ဠာပုံစံလေး စီပြပါ။ သေချာမှန်ကန်စွာ စီပြဖို့တော့လိုပါတယ်။ စားချင်စရာအသီးလေးတွေနဲ့ သေချာပြထားတော့ သင်ပြတာကိုလည်း ကလေးက စိတ်ဝင်စားမယ်။ စကြဝဠာ ဖွဲ့စည်းပုံအကြောင်းလည်း သိသွားတာပေါ့။

(၄) A, B ,C စာအုပ်လေး


ကလေးအတွက် ချစ်စရာကောင်းတဲ့ A, B ,C စာအုပ်လေး ဖန်တီးပါ။ ပုံထဲမှာပြထားတဲ့အတိုင်း ကြယ်သီးလေးနှစ်လုံးမှာ စက္ကူအ၀ိုင်းလေးတွေကပ်ပြီး အထဲမှာ အင်္ဂလိပ်အက္ခရာတွေ ရေးပေးထားပါ။ ဒီလိုနည်းလေးက သင့်ကလေးကို စာလုံးများမှတ်မိနေစေမယ့်အပြင် စာသင်ချင်စိတ်ကိုလည်း
ပိုတိုးစေတယ်။

(၅) အရိပ်


ဖန်ပြားဝိုင်းတစ်ခုမှာ အရောင်ပါဖလင်ပြားလေးတွေကို ညှပ်ပြီး ကလေးကိုပုံဖော်ခိုင်းပါ။ အရောင်တွေရဲ့နာမည်ရော၊ ဘယ်လိုပုံဖော်ရင်လှမယ်ဆိုတာပါ သူတစ်ခါတည်းတွဲသိသွားတာပေါ့။ ပျော်စရာကောင်းပါတယ်။

(၆) နံပါတ်တွေနဲ့ ပုံဆွဲခြင်း


နံပါတ်တွေနဲ့ ပုံဆွဲခြင်းက သင့်ကလေးအတွက် အလွန်အထောက်ကူဖြစ်စေပါတယ်။ သင်္ချာလည်းကျွမ်းသွားပြီး တီထွင်ကြံဆမှုဥာဏ်သစ်တွေလည်း တိုးပွားလာစေပါတယ်။ ကလေးတွေလည်း ပိုစိတ်ဝင်စားမှုရှိပါတယ်။

174 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.