ရေအကြာကြီးချိုးပြီးတိုင်း သင့်ရဲ့ လက်တွေ ပဲကြီးရေတွန့်ရတဲ့အကြောင်းရင်း

ရေအကြာကြီးစိမ်ချိုးတာတို့၊ ရေကူးကန်မှာကြာသွားတာတို့ဆိုရင် ကိုယ့်ရဲ့ လက်မှာ ပဲကြီးရေတွန့်လာတာမျိုးကို လူတိုင်းတွေ့ကြုံဖူးမှာပါ။ ဘာကြောင့် ဒီလိုဖြစ်တာလဲဆိုတာကိုရော သင်အရင်ကတွေးဖူးလား?အကြောင်းရင်းကို သိရရင် သင်ထင်ထားထက် ထူးခြားနေလို့ အံ့သြသွားလိမ့်မယ်။

နှစ်ပေါင်းများစွာ သိပံ္ပပညာရှင်တွေက ဒီတုံ့ပြန်မှုနဲ့ပတ်သတ်ပြီး လေ့လာခဲ့ကြပါတယ်။ အရေပြားအပြင်လွှာက ရေကိုစုပ်ယူသွားတာကြောင့် ဒီလိုတွန့်ကောက်သွားတာဖြစ်တယ်။ ၁၉၃၅ ခုနှစ်က သိပံပညာရှင်တွေ စမ်းသပ်ချက်အရ ဒီလိုတုံ့ပြန်မှုဟာ လက်ချောင်းနဲ့ ခြေချောင်းတွေကိုတော့
ထိခိုက်မှုမရှိစေဘူးလို့သိရပါတယ်။ ခန္ဓာကိုယ်ရဲ့အလိုလျောက် အာရုံကြောစနစ်အရ လက်အရေပြားတွေ တွန့်လာခြင်းဖြစ်ပါတယ်။

ဦးနှောက်နဲ့ အာရုံကြောဆရာဝန်တွေကတော့ လက်မှာအရေပြားတွေ တွန့်ကြေလာခြင်းဟာ ဆင့်ကဲဖြစ်စဉ်တွေနဲ့ အများကြီးသက်ဆိုင်ကြောင်းပြောထားပါတယ်။ ၂ဝ၁၃က စမ်းသပ်ချက်တစ်ခုရဲ့ အဖြေက အရမ်းကိုအံ့သြဖို့ကောင်းခဲ့တယ်။ စမ်းသပ်မှုမှာ ပါဝင်တဲ့လူတွေအားလုံး အစိုရော၊
အခြောက်ရော လက်မှာကိုင်ထားရတယ်။ စစ်ဆေးသူတွေက ဘယ်လက်က အခြောက်မြန်သလဲ.. ဘယ်လက်ကတော့ ရေစိုတာနဲ့ တွန့်ကြေသွားလည်းဆိုတာ ဆန်းစစ်ခဲ့တယ်။ ပါဝင်သူအားလုံးရဲ့လက်တွေဟာ ရေစိုတစ်ခုကိုကိုင်ပြီးတာနဲ့ ၁၂ရာခိုင်နှုန်းလောက် ပဲကြီးရေတွေတွန့်
ကုန်တယ်လို့သိရပါတယ်။ ဒီလို လျင်မြန်စွာ ပဲကြီးရေတွန့်ခြင်းက သင့်အရေပြားဟာ သာမာန်လူတွေလိုပဲ ကောင်းမွန်နေကြောင်းပြတာဖြစ်ပါတယ်တဲ့ ။ ဒါဆိုနောက်တစ်ခါ လက်တွေ၊ ခြေထောက်တွေမှာ ပဲကြီးရေတွန့်လို့ဆိုပြီး စိတ်ပူစရာမလိုတော့ဘူးပေါ့။ ဒါဟာ ကောင်းတဲ့လက္ခဏာတစ်ခုလို့ သူတို့သတ်မှတ်ထားပါတယ်။

115 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.