ကိုရီးယားကေပေါ့ပ်အဖွဲ့တစ်ခုဖြစ်တဲ့ BTS ဟာ ၂၀၁၇အတွင်းမှာ အအောင်မြင်ဆုံးကေပေါ့ပ် အဖွဲ့တစ်ခုဖြစ်ခဲ့ပါတယ်။Steve Aoki နဲ့ Desiigner ဆိုတဲ့အမေရိကန်ဒီဂျေသမားတွေ Remix လုပ်ပေးထားပြီး သူတို့အဖွဲ့သီဆိုထားတဲ့ “MIC Drop” သီချင်းဟာ US တစ်ခွင်မှာ ကြီးမားတဲ့ အောင်မြင်မှု တစ်ခုဖြစ်ခဲ့ပါတယ်။အခု ၂၀၁၈မှာရော ဒီထက်ပိုတဲ့ကံကောင်းခြင်းတွေ ရရှိတော့မှာလား?
မကြာသေးခင်က နာမည်ကျော်ဂီတအဖွဲ့တစ်ခုဖြစ်ပြီး ပရိသတ်တွေအများအပြားပိုင်ဆိုင်ထားတဲ့ Maroon 5 အဖွဲ့နဲ့ BTS တို့ပူးပေါင်းပြီး တင်ဆက်မယ်လို့သတင်းတွေထွက်လာခဲ့ပါတယ်။BTS အဖွဲ့ရဲ့ ပရိသတ်တွေကတော့ သူတို့နောက်ထပ်ပူးပေါင်းမယ့်အဖွဲ့ဟာ Maroon 5 အဖွဲ့ဖြစ်လိမ့်မယ်လို့ခန့်မှန်းခဲ့ပါတယ်။
ဇန်န၀ါရီ ၁၈၊ဒီနေ့မနက်စောစောပိုင်းတုန်းက ပရိသတ်တစ်ယောက်ဟာ “ကျေးဇူးပြုပြီး BTS အဖွဲ့နဲ့ပူးပေါင်းလုပ်ဆောင်ပေးပါ”လို့ Maroon 5 ရဲ့ တွစ်စ်တာပေါ်မှာရေးခဲ့ပါတယ်။Maroon 5 ကလည်း ပြုံးနေတဲ့အီမိုဂျီလေးပို့ပေးခဲ့ပြီးပရိသတ်ရဲ့စာကိုပြန်ခဲ့တယ်လို့သိရပါတယ်။လွန်ခဲ့တဲ့လက Maroon 5 ဟာ BTS အဖွဲ့ကို ဖောလိုးလုပ်ခဲ့တယ်လို့သိရပြီး ပရိသတ်တွေကတော့ သူတို့အဖွဲ့၂ဖွဲ့ ပေါင်းစပ်ဖို့ကိုမျှော်လင့်ထားကြပါတယ်။
အခုချိန်ထိတော့သတင်းအတိအကျမသိရသေးပါဘူး။ပရိသတ်တွေကတော့ ပူးပေါင်းဆောင်ရွက်တဲ့သတင်းတွေနဲ့ပတ်သက်ပြီးသဲလွန်စတွေများရမလားဆိုပြီး အင်တာဗျူးသတင်းတွေမှာရှာဖွေနေတယ်လို့သိရပါတယ်။
Source:Allkop