နာမည်ကျော်တင်းနစ်သမားဟောင်းတစ်ဦးဖြစ်တဲ့ ဂျွန်မက်အင်ရိုးဟာ သူ့တင်းနစ်ကစားခဲ့စဉ်အခါက အလွန်ကို အောင်မြင်ကျော်ကြားခဲ့ပြီး စုစုပေါင်းဖလား(၁၅၅)လုံးအထိရရှိခဲ့သူဖြစ်ပါတယ်။ ဒီဖလားတွေထဲမှာ တစ်ဦးချင်း (၇၇)လုံး၊ နှစ်ယောက်တွဲ(၇၈)လုံးရခဲ့တာကြောင့် ဘက်စုံထူးချွန်တဲ့ တင်းနစ်ကစားသမားလို့ တင်းနစ်လောက မှာ သတ်မှတ်ခဲ့ကြပါတယ်။ လာမယ့် ၂၀၁၄ခုနှစ်၊ ဖေဖော်ဝါရီလဆိုရင် (၅၅)နှစ်ပြည့်တော့မယ့် ဂျွန်မက်အင်ရိုး က ယနေ့ခေတ်တင်းနစ်လောကမှာ နှစ်ယောက်တွဲပြိုင်ပွဲဆိုတာမရှိသင့်တော့ပါဘူးလို့ အကြံပြုပြောကြားလာခဲ့ ပါတယ်။ “ နှစ်ယောက်တွဲဟုတ်လား။ ဘာကြောင့် ဒါကိုကစားနေကြတာလဲ။ အားလုံးကသိကြပါတယ်။ ကျွန် တော်က နှစ်ယောက်တွဲကိုကြိုက်လဲဆိုတာ။ ဒါပေမယ့် ဒီနေ့ခေတ်မှာကြည့်လိုက်တဲ့အခါ နှစ်ယောက်တွဲဆိုတာ ဘာလဲလို့ မေးယူရတဲ့အထိပဲ။ နှစ်ယောက်တွဲက တင်းနစ်လောကအတွက် ဘာတွေလုပ်ပေးနိုင်သလဲပေါ့။ နှစ် ယောက်တွဲဆိုတာ တစ်ဦးချင်းကစားလောက်အောင် လျှင်မြန်မှုမရှိတဲ့ ခပ်နှေးနှေးကစားသမားတွေအတွက် လို့မြင်ပါတယ်။ ဒါဆိုရင် နှစ်ဦးတွဲကို မကစားသင့်တော့ဘူးလား။ မလေးစားတာတော့ မဟုတ်ဘူး။ ဒီပြိုင်ပွဲအ တွက် ငွေကုန်ကြေးကျအများကြီးခံပြီးမှ နောက်ကျတော့ တစ်ဦးချင်းပြောင်းကစားသွားခဲ့ရင် ဒီငွေတွေအလ ကားဖြစ်သွားမှာပေါ့ဗျာ”လို့ မက်အင်ရိုးက ပြောခဲ့ပါတယ်။
တင်းနစ်ပြိုင်ပွဲတွေထဲမှာ နှစ်ယောက်တွဲပြိုင်ပွဲအမျိုးအစားမရှိသင့်တော့ပါဘူးလို့ အကြံပြုလာတာ ဘယ်သူများလဲ

Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။