အစိမ်းသက်သက်မှကျွမ်းကျင်မှုဆီသို့

  ကိုယ်နဲ့ အစိမ်းသက်သက်ဖြစ်နေတဲ့ ဘာသာစကားတစ်ခုကို စပြီးလေ့လာချင်တယ်ဆိုပါဆို့။ ဒါပေမဲ့ ကိုယ်နဲ့မရင်းနှီးတာကြောင့် လေ့လာရမှာ ကြောက်နေတာ မျိုး ၊ ဘယ်နေရာနေဘယ်လိုစလေ့လာရမှန်း မသိတာမျိုးတွေဖြစ်တက်ပါတယ်။ဒါကြောင့် အစိမ်းသက်သက် ဘာသာစကားအသစ်တစ်ခုကို ကျွမ်းကျင်တဲ့အဆင့်အထိရောက်အေင် ဘယ်လိုကြိုးစားရမလဲ…
(၁) အချိန်ပေးဖို့မနှမြောပါနဲ့
ကိုယ်လေ့လာမယ်လို့ ဆုံးဖြတ်ပြီးသွားတဲ့ အရာတစ်ခုအတွက် အချိန်ပေးဖို့မနှမြောပါနဲ့။ ကိုယ်နဲ့လုံးဝအစိမ်းသက်သက်ဖြစ်နေတဲ့ဘာသာစကားတစ်ခုဟာ အချိန်လုံလုံလောက်လောက်မပေးနိုင်ပဲ အမြန်တက်သွားဖို့မဖြစ်နိုင်ပါဘူး ။ဒါကြောင့်လေ့လာဖို့ အချိန်ကို လုံလုံလောက်လောက်ပေးပါ။
(၂) နေ့တိုင်းအတွက် စကားလုံးရှိပါစေ
ဘာသာစကားတစ်ခုကိုတက်မြောက်ဖို့အတွက် စကားလုံးတွေ meaningတွေကို နားလည်ကျက်မှတ်နိုင်ဖို့လိုပါတယ်။ ဒါကြောင့် တစ်နေ့ကို စကားလုံးဘယ်နှစ်လုံးကျက်မယ်လို့ဆုံးဖြတ်ပြီး စကားလုံးရေများများကို သိလာအောင် ကြိုးစားပါ။
(၃) Native Speaker နဲ့စကားပြောကြည့်ပါ
ကိုယ်တက်မြောက်ချင်တဲ့ နိုင်ငံက Native speaker တစ်ယောက်နဲ့ ကြုံရင်ကြုံသလိုတက်သလောက် မှတ်သလောက် ပြောကြည့်ပါ။ စကားပြောရမှာကို မရှက်ပါနဲ့။ကိုယ်တက်သလောက် များမျာပြောပေးမှ ကိုယ်လေ့လာထားတဲ့ အရာတွေက အသုံးဝင်နိုင်ပြီး မြန်မြန်အတက်မြန်မှာပါ။
(၄) များများနားထောင်ပါ။
ဘာသာစကားတစ်ခုရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းမှာ နားထောင်မှုစွမ်းရည်ဟာလည်း အံ့မခန်းပါဝင်ပါတယ်။ Native speaker ဆီကပဲဖြစ်ဖြစ် TV ကပဲဖြစ်ဖြစ် ဖုန်းကနေပဲဖြစ်ဖြစ် ကိုယ်လေ့လာမဲ့ဘာသာစကားရဲ့ စကားပြောတွေကို များများနားထောင်ပါ။Listen ကောင်းရင် Speaking ကောင်းမယ်ဆိုတဲ့စကားကို မေ့မထားပါနဲ့။ ဘာသာစကားတစ်ခုကို မြန်မြန်ပြောတက်ချင်ရင် များများနားထောင်ဖို့လိုပါတယ်။
(၅) Dictionary သုံးပါ။
Dictionary ကိုသုံးဖို့မရှက်ပါနဲ့။ ကိုယ်သေချာမတက်သေးတဲ့ ဘာသာစကားတစ်ခုကို လေ့လာနေတဲ့ အချိန်အတွင်းမှာ Dic ဟာကိုယ့်ဆရာတစ်ဆူပါပဲ။ ဘယ်နေရာရောက်ရောက် စကားလုံးတစ်လုံး အသစ်တွေ့ရင်သူ့ရဲ့ Meaning ကို ရိုက်ရှာတက်တဲ့ အကျင့်လေးလုပ်ပါ။ ဒါဟာ စကားလုံးကို ပိုမိုကြွယ်ဝစေပြီး မှတ်ညဏ်စွမ်းရည်ကို တိုးတက်စေပါတယ်။
ဘာသာစကားအသစ်ကို လေ့လာရမှာကြောက်မနေတော့ပဲ အစိမ်းသက်သက်မှာကျွမ်းကျင်အဆင့်သို့ရောက်နိုင်ကြပါစေလို့ရည်ရွယ်ရင်း….

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.