ကိုယ့်ချစ်သူကောင်မလေးကရော ဘယ်လိုလဲ။ တော်တော်များများကောင်လေးတွေပါးစပ်က ပြောနေကြတဲ့ ငါ့ကောင်မလေးက အရမ်းရစ်တယ်ကွာ ဒီကောင့်ကောင်မလေးက အရမ်းရစ်တာကွ ဘာညာ တွေကို တစ်နေရာမှတစ်နေရာမှာကြားဖူးနေမှာပါ။ဒီလို အရစ်သန်တဲ့ကောင်မလေးတွေရဲ့ စိတ်ရင်းမှန်ဟာ များသောအာားဖြင့်ဘယ်လိုမျိုးလဲ ဘာကြောင့်ဒီလောက် အရစ်သန်တာလဲ။ အရစ်သန်သူလေးတွေရဲ့နောက်ကွယ်ခံစားချက်က ဘာလဲ။ ဘယ်လိုကောင်မလေးတွေကအရစ်သန်တကလဲ ဆိုတာ…
(၁) ချစ်လွန်းလို့ပါ။ မိန်းကလေးတော်တော်များများဟာ ကိုယ့်ချစ်သူကို တရားလွန်ချစ်မိတဲ့စိတ်ကြောင့်ခံစားရတဲ့ စကားတွေအတိုင်းထွက်လာတဲ့အခါ ဒီစကားတွေဟာ ရစ်တာတွေလိုဖြစ်လာတာပါ။ ဥပမာ-ကိုယ့်ဖုန်း အားကုန်သွားတယ်ဆိုပါစို့ လာပြီ ဘာလို့ဖုန်းစက်ပိတ်ထားတာလဲ ဘာလို့ တစ်ခါတည်း အားမဖြည့်ခဲ့တာလည်း ဖြည့်ခဲ့တယ် သုံးလိုက်လို့လို့ပြောရင်လည်း ဘာလို့ကုန်အောင်သုံးလိုက်လည်း စသည်ဖြင့်စကားနိုင်တွေထိုးပြီး ပြောနေတာဟာ သင့်ကိုသူဖုန်းစက်လို့မရလို့စိတ်ပူတဲ့စိတ်ကြောင့်ဖြစ်လာတဲ့စကားပါ။ဒါတွေဟာချစ်လို့ဆိုတာ ကိုကိုတွေနားလည်နိုင်ပါစေ။
(၂) အချော့ခံချင်လို့။ မိန်းကလေးဆိုတာ ဘာမှဝယ်မပေးရင် နေပစေ အချော့ခံရရင် ကျေနပ်နကြတဲ့ အမျိုးပါ။ ကိုယ့်ချစ်သူကို စိတ်ကောက်ပြီး ရစ်လိုက်ရင် သူကိုယ့်ကို ချော့မှာပဲဆိုတဲ့ စိတ်လေးနဲ့ ကိုယ့်ဆီကမေတ္တာကို လိုချင်တဲ့စိတ်ကြောင့်အကြောင်းမရှိအကြောင်းရှာပြီး ရစ်တက်တာပါ။ ဒါပေမဲ့ သင်စိတ်ထိခိုက်နစ်နာပါစေဆိုတဲ့စိတ်မရှိတာကြောင့် သင်သာ ချော့တက်မယ်ဆိုရင် အရစ်ထုတ်မလေးက ခနလေးနဲ့ ပျော်ကြသွားပါလိမ့်မယ်။
(၃) အားမရလို့။ ကိုယ်လုပ်တဲ့ အလုပ်ကို အားမလိုအားမရဖြစ်ပြီ ဒီလိုလုပ်ပါလား ဟိုလိုပြင်လိုက်ပါလား ၊ ဒီလိုဖြစ်မယ်ဆိုတာအစတည်းက တွေးပြီးမလုပ်ဘူးလား စသည်ဖြင့်အပြစ်တင်ပြောဆိုပြီးရစ်တက်ပါတယ်။ ဒါဟာ သင့်ကို နှိမ့်ချပြောဆိုပြီး တစ်ပျစ်တောက်တောက်ရစ်တယ်လို့မမြင်ပဲ သင့် ကိစ္စတွေကို စိတ်ထဲထည့်ထားပြီး သူကိုယ်တိုင်ပါ လိုက်တွေးလိုက်ခံစားပေးနေတဲ့မိန်းကလေးပါ။ သင့်ကို အားမလိုအားမရစိတ်ကြောင့် ပြောမိတဲ့စကားတွေကို ရစ်တယ်လို့မထင်လိုက်ပါနဲ့။
(၄) ရမှန်းသိနေလို့ ။ မိန်းကလေးတွေရစ်တယ်ဆိုတာ သူ့ချစ်သူကောင်လေးကိုသာရစ်တာပါ။ တစ်ခြားတွေ့သမျှလူအပေါ် အချိန်ကုန်ခံလေ အကုန်ခံပြီး မရစ်ပါဘူး ။ ကိုယ့်အရစ်ကို ခံနိုင်တဲ့ ကိုယ့်ကို ချစ်မှန်းသိတဲ့ ချစ်သူကောင်လေးးကို သာရစ်လို့ရမှန်းသိလို့ရစ်တာမလို့ ကိုကို အရစ်ခံရရင်
ဂုဏ်ယူလိုက်ပါ။ ကိုယ်ဟာ တစ်ခြားသူတွေနဲ့ မတူပဲ ဒီကောင်မလေးအတွက် ထူးခြားပြီးအချစ်ခံရတဲ့သူမလို့ သူမရစ်ခြင်းဟာ ကိုယ့်အတွက်ဂုဏ်ယူစရာကောင်းပါတယ်။
အရစ်သန်တဲ့ ကောင်မလေးတွေဟာ တစ်ခြားတစ်နေရာမှာထူးချွန်တည်ငြိမ်တဲ့မိန်းမတွေဖြစ်နေတက်ပင်မဲ့ ချစ်သူကောင်လေးတွေရှေ့ရောက်ရင် ကလေးဆန်တဲ့ အရစ်ထုတ်လေးတွေဖြစ်သွားတက်ပါတယ်။ ဘယ်လောက်ရစ်ရစ် ဘယ်အခြေနေမျိုးရောက်ရောက် ကိုယ့်ဘေးနားကနေ မခွဲမခွာပဲ ရင်ဆိုင်ပေးတာလည်းဒီလိုအရစ်မလေးတွေမို့ အရစ်သန်တဲ့ ကောင်မလေးတွေကို အချစ်ပို နိုင်ကြပါစေလို့ဆုတောင်းပေးရင်း…
အရစ်သန်တဲ့ကောင်မလေးတွေဆိုတာ

Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။