စားချင်ရက်စရာမရှိအောင် အထူးပြုပြင်မွမ်းမံထားတဲ့ အစားသောက်ဆန်း များ ..

အစားသောက်တွေကို ဖန်တီးမှုလက်ရာတွေနဲ့ပေါင်းစပ်လိုက်တဲ့အခါ မှော်ဝင်သွားလေသလားလို့တောင် မေးယူရပါတယ်။ တစ်ချို့ အစားသောက်တွေက နည်းပညာနဲ့ပေါင်းစပ်လိုက်တဲ့အခါ အမြင်တော့ အရမ်းဆန်းသွားပေမယ့် စားဖို့ကျတော့ လက်တွန့်သွားတယ်။ သူတို့ဘယ်လိုတွေတီထွင်ဆန်းသစ်ထားလဲဆိုတာ ကြည့်လိုက်ရအောင် !

Geometric desserts


ဖန်စီလုံးလေးတွေကို ဆေးခြယ်ထားတဲ့အတိုင်းပါပဲ။ ကိတ်မုန့်ပညာရှင် Dinara Kasko က ဒီကိတ်ပုံစံကို ဒီဇိုင်းဖန်တီးထားတာဖြစ်ပါတယ်။ ဗိသုကာပညာရပ်မှာလည်း ဒီဂရီဘွဲ့ရထားတာဖြစ်ပြီး သူမရဲ့ စိတ်အားထက်သန်မှုအစစ်မှန်ကို ကိတ်မုန့်လုပ်ရမှာ တွေ့ရှိခဲ့တယ်။ အမိုက်ဆုံးကတော့
သူမဝက်ဆိုဒ်မှာ ဖန်တီးထားသမျှကိတ်မုန့်တွေကို တင်ပေးထားတာပါပဲ။ စိတ်ဝင်စားရင် ၀တ်ကြည့်လို့ရပါတယ်။

Ice cream ramen

စွတ်ပြုတ်ပုံစံလေးထွင်ထားတာပါ။ ဂျယ်လီ ခေါက်ဆွဲလေးနဲ့ ဘေးနားမှာ အသီးတွေနဲ့ ပုံဖော်ထားတယ်။ အထဲမှာနို့မလိုင်ထည့်ထားပါတယ်။ စားချင်စရာလေးနော်..

Pink chocolate


ဘယ်ရီသီး၊ အရသာ နဲ့အရောင်တွေ ထပ်စပ်ပြီး ဒီပန်းရောင်ချောကလက်ကို တီထွင်ထားတာမဟုတ်ပါဘူး။ Ruby cocoa beans နဲ့ပြုလုပ်ထားတာဖြစ်ပြီး အရမ်းကြီးချိုစိမ့်မနေပါဘူး။ စားလိုက်ရင် ပါးစပ်ထဲမှာ ခဏလေးနဲ့ အရည်ပျော်တယ်တဲ့။

Burger တဲ့လား

View this post on Instagram

There's a Supermoon on Monday and we have a burger special for the week that's outta this world!! . . . 🌚3rd Rock From The Bun🍞 . . 🐮B L Beef Pattie 🇺🇸American Cheese 🇷🇺Russian Cheese ⚪️Pickled Onion Rings 🐷Streaky Maple Bacon 🌕Tater Tot Moon Rocks 🔥Fireball Smokey BBQ Sauce ⭐️Star Anise Aioli 🌌Galaxy Milk Bun @stmalocrowsnest 💰$16 . . Available Monday 14th – Saturday 19th at @barlucasydney . Available from Tuesday 15th – Sunday 20th at @blburgers . Available from Wednesday 16th – Sunday 20th at B L Burgers @beachroadbondi in @thevalleybondi #supermoon #barluca #blburgers #galaxy #galaxyfood #galaxyburger #burgers #foodporn #burgerporn #fbas #sydneyburgers #burgerspecial #burger

A post shared by Bar Luca (@barlucasydney) on

သြစတေးလျက ဘားတစ်ခုမှာတွေ့ရတဲ့ သက်တန့်ဘာဂါတဲ့ ။ Willy Wonka မှ ဖန်တီးထားတာဖြစ်ပြီး St. Patrick’s Day တစ်ရက်ဆိုဘာဂါကို အစိမ်းရောင်တောက်တောက်လေးပြောင်းတယ်လို့သိရပါတယ်။

Blue wine

ကြည့်ရတာ အပြာရောင်လေးဆိုတော့ သောက်ချင်စရာလေးပေါ့။ ဒီဝိုင်ကို စပျစ်သီးအနီနဲ့ အဖြူကိုပေါင်းစပ်ပြီးလုပ်ထားတာလို့သိရပါတယ်။ ဂျင်းဘောင်းဘီ အရောင်ဆေးဆိုးရင်လည်း ဒီနည်းကိုအသုံးပြုတယ်လို့သိရပါတယ်။

အကြည်ရောင် ကော်ဖီ

ကော်ဖီလို့ ဘယ်သူကယုံမှာလဲ? ဘူးက အကြည်ရောင်ကြီးကို။ Arabica beans နဲ့ ဒီကော်ဖီကို ပြုလုပ်ထားတာဖြစ်လို့ သင့်သွားနဲ့ ၊ အကျီ င်္တွေကို စွန်းထင်းမှုမရှိစေဘူး။ Starbucks က espresso အရသာကိုတော့ မမှီသေးဘူးလို့ တစ်ချို့ ကပြောကြတယ်။

Raindrop cakes


ဂျပန်က တီထွင်ဖန်တီးမှုဖြစ်ပြီး အပေါ်ကနေ ရေတွေလောင်းချထားသလိုပါပဲ။ အရမ်းလှလွန်းလို့ ရုတ်တရက်ကိတ်မုန့်လို့ ထင်ချင်ထင်မယ်။ အရသာကတော့ ရှယ်ပဲတဲ့။

3D သကြားလုံး

သကြားလုံး ကြိုက်နှစ်သက်သူတစ်ယောက်ဆို ဒီသကြားလုံးလေးတွေကိုကြည့်လိုက်ပါဦး ! ချောကလက်၊ vanilla ၊ ပူရှိန်း နဲ့ အခြားအသီးအရသာတွေရနိုင်ပါတယ်။ မောင်လေး၊ ညီမလေးတွေ၊ တူ ၊ တူမ ပေါက်စနလေးတွေကို လက်ဆောင်ပေးချင်တယ်ဆိုလည်း ဒီသကြားလုံးလေးတွေက
အဆင်ပြေမှာပါ။

106 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.