ခန္ဓာကိုယ်အစိတ်အပိုင်းတွေရဲ့ ထူးခြားမှုကြောင့် ဂရင်းနစ်စံချိန်တင်ခဲ့တဲ့လူများ

ဂရင်းနစ်စံချိန်တင်တယ်ဆိုတာကြားဖူးကြတယ်ဟုတ်!တခြားလူတွေနဲ့မတူပဲတစ်ခုခုထူးခြားတဲ့ အရည်အချင်း၊အသွင်အပြင်ရှိမှသာ နာမည်ကျော်ကြားမှုစာရင်းဝင်မှာပါ။အခုပြောပြမယ့်လူ ၉ယောက်ကလည်း ထူးထူးဆန်းဆန်းသူတို့ရဲ့ ရှည်လျားတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကြောင့် ဂရင်းနစ်စံချိန်ဝင်ခဲ့ကြတာပါ။
၁)ကမ္ဘာ့နားမွှေးအရှည်ဆုံးအမျိုးသား
အိန္ဒိယအမျိုးသားတစ်ယောက်ဖြစ်တဲ့ Radhakant Bajpai ဟာ ကမ္ဘာ့နားမွှေးအရှည်ဆုံး ဆိုတဲ့စံချိန်တင်ထားသူတစ်ယောက်ပါ။သူ့ရဲ့ နားမွှေးဟာ ၁၀လက်မရှည်လျားပါတယ်။၂၀၀၃ခုနှစ်က ဂရင်းနစ်စံချိန်စာအုပ်ထဲမှာပါဝင်မှတ်တမ်းတင်ခံခဲ့ရတဲ့သူတစ်ယောက်ပါ။
၂)ကမ္ဘာ့လျှာအရှည်ဆုံးအမျိုးသား
လျှာရှည်တယ်ဆိုတာစကားများတာကိုပြောတာမဟုတ်ပါဘူး။ပါးစပ်ထဲက လျှာရဲ့ အရွယ်အစား ရှည်လျားတာကိုပြောတာပါ။Gerkary Bracho Blequett ဆိုတဲ့အမျိုးသားရဲ့လျှာဟာ ၄.၅လက်မတောင်ရှည်လျားပါတယ်။သူ့ရဲ့အရင်ဂရင်းနစ်စံချိန်ဝင်ခဲ့တဲ့ Nick Stoeberl ဆိုတဲ့အမျိုးသားရဲ့ လျှာကလည်း ၃.၉၁လက်မရှည်လျားတယ်လို့သိရပါတယ်။
၃)ကမ္ဘာ့မျက်တောင်မွှေးအရှည်ဆုံးအမျိုးသား
Valery Smagliy ဆိုတဲ့ ယူကရိန်းအမျိုးသားရဲ့ မျက်တောင်မွှေးတွေကိုကြည့်လိုက်ပါဦး ၊သူသာမိန်းကလေးတစ်ယောက်ဖြစ်မယ်ဆိုရင် လုံးဝပြီးပြည့်စုံတဲ့မျက်တောင်မွှေးကို ပိုင်ဆိုင်ထားတာပါပဲ။သူကတော့ ကိုယ်အလေးချိန်လျှော့ချဖို့အစားအစာတွေပြောင်းလဲ စားကြည့်ရင်း မျက်တောင်မွှေးတွေရှည်လာခဲ့တာလို့ပြောပြခဲ့ပါတယ်။ ဘာအစားအစာကိုစားခဲ့လဲဆိုတာကိုတော့ ပြောမပြခဲ့ပါဘူး။
၎)ကမ္ဘာ့ခြေတံအရှည်ဆုံးအမျိုးသမီး
ရုရှားမော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ Ekaterina Lisina ဆိုတဲ့အမျိုးသမီးလေးဟာ ခြေတံအရှည် ၅၂လက်မနဲ့ဂရင်းနစ်စံချိန်တင်ခဲ့ပါတယ်။အရပ်အမြင့်ကလည်း ၆ပေ၉လက်မတောင်ရှိပါတယ်တဲ့။
၅)ကမ္ဘာ့ခြေချောင်းအရှည်ဆုံးအမျိုးသား
Matthew McGrory ဆိုတဲ့အမျိုးသားဟာ လူကလည်းအရွယ်အကြီးကြီးဖြစ်ပြီး သူ့ရဲ့ခြေချောင်းတွေကလည်း ရှည်လျားပါတယ်။ကြီးမားတဲ့ခြေချောင်းတစ်ခုလုံးကို တိုင်းကြည့်မယ်ဆိုရင် ၅လက်မတောင်ရှိပါတယ်တဲ့။သူမှစံချိန်မတင်ရင် စံချိန်တင်မယ့်သူရှိမှာ မဟုတ်တော့ပါဘူး။
၆)ကမ္ဘာ့ဆံပင်အရှည်ဆုံးအမျိုးသမီး

ဂရင်းနစ်စံချိန်တင်ခဲ့တဲ့ကမ္ဘာ့ဆံပင်အရှည်ဆုံးအမျိုးသမီးဟာ တရုတ်နိုင်ငံက Xie Qiuping ဆိုတဲ့အမျိုးသမီးဖြစ်ပါတယ်။သူမရဲ့ ဆံပင်က ၂၀၀၄ခုနှစ်တုန်းကတိုင်းတာခဲ့တာတောင် ၅.၆မီတာတောင်ရှည်လျားခဲ့ပါတယ်။သူမရဲ့ အသက် ၁၃နှစ်တည်းကဆံပင်အရှည်ထားခဲ့တာဖြစ်ပြီ အခုဆိုရင် ဘယ်လောက်ရှည်နေပြီလဲဆိုတာစဉ်းစားသာကြည့်ပါတော့။

၇)ကမ္ဘာ့လက်သည်းအရှည်ဆုံးအမျိုးသမီး

တက်စ်ဆက်စ်ပြည်နယ်၊ဟောက်စ်တန်မြို့က Ayanna Williams ဆိုတဲ့အမျိုးသမီးဟာ ၂၀၁၈ ဂရင်းနစ်စံချိန်တင်စာအုပ်ထဲမှာ ကမ္ဘာ့လက်သည်းအရှည်ဆုံးဆိုတဲ့စံချိန်ချိုးခဲ့တာဖြစ်ပါတယ်။သူမရဲ့ လက်သည်းအရှည်ဟာ ၁၈ပေကျော်တောင်ရှိပါတယ်တဲ့။

၈)ကမ္ဘာ့လည်ပင်းအရှည်ဆုံးအမျိုးသမီး

ဂရင်းနစ်စံချိန်တင်ခဲ့တဲ့ကမ္ဘာ့လည်ပင်းအရှည်ဆုံးအမျိုးသမီးဟာပဒေါင်းလူမျိုးဖြစ်တဲ့မြန်မာတိုင်းရင်းသားအမျိုးသမီးတွေပါ။ပဒေါင်းတိုင်းရင်းသားအမျိုးသမီးတွေရဲ့ လည်ပင်းအရှည်ဟာ ၄၀စင်တီမီိတာ ရှည်လျားပါတယ်။ဒါက လူတစ်ယောက်ရဲ့ လည်ပင်းအရှည်ဆုံးဆိုတဲ့ စံချိန်ဖြစ်နေပါပြီ။သူတို့ရဲ့ လည်ပင်းတွေကို ကြေးကွင်းတွေနဲ့ရစ်ပတ်ထားတာကိုလည်းမြင်တွေ့နိုင်ပါတယ်။

၉)ကမ္ဘာ့နှာခေါင်းအရှည်ဆုံးအမျိုးသား

၁၉၄၉ခုနှစ်တူရကီမှာမွေးဖွားခဲ့တဲ့ Mehmet Qzyurek ဆိုတဲ့အမျိုးသားကို ကမ္ဘာ့နှာခေါင်းအရှည်ဆုံးအမျိုးသားအဖြစ်သတ်မှတ်ခဲ့ကြပါတယ်။သူ့ရဲ့နှာခေါင်းဟာ ၃.၅လက်မတောင်ရှည်လျားပါတယ်။ဒါတောင် ၂၀၀၇ခုနှစ်တုန်းကတိုင်းခဲ့တာပါတဲ့။အခုလောလောဆယ်မှာ တူရကီ၊Artvin မြို့မှာနေထိုင်တယ်လို့သိရပါတယ်။

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.