ကောင်လေးတစ်ယောက်ကကောင်မလေးတစ်ယောက်ကို Crushတာပဲဖြစ်ဖြစ် ကောင်မလေးကကောင်လေးကို Crushမိတာပဲဖြစ်ဖြစ် ဒါဟာ ချစ်စရာကောင်းတဲ့ကိုယ်ပိုင်စိတ်ခံစားချက်တစ်ခုပါ။ဒီလို ခံစားချက်မျိုးကို ကိုယ်ကလွဲလို့ဘယ်သူကမှလည်းတားဆီး ပိတ်ပင်လို့မရတဲ့ လွတ်လပ်တဲ့စိတ်ခံစားချက်ပါ။ ဒါပေမဲ့ စိတ်ပျော်ရွှင်ရပြီး ကြည်နူးစရာမကောင်းပဲ ကိုယ်သူ့ကို Crush မိတာကြောင့် စိတ်ညစ်စရာတွေရှိလာမယ်ဆိုရင် ဆက်စိတ်ဝင်စားသင့်မ၀င်စားသင့်ဆုံးဖြတ်ရပါမယ်။ ဘယ်လိုအရာမျိုးတွေက ကိုယ်သူ့ကို ဆက် မCrushသင့်ဘူးဆိုတာပြောပြနေသလဲ….
(၁) ကိုယ့်ကြောင့်သူစိတ်ပင်ပန်းတာ
လူတစ်ယောက်ကို ကိုယ်ကစိတ်ဝင်စားနေပါရဲ့ သူကကိုယ်နဲ့ပတ်သတ်လာရင် သူငယ်ချင်းမိတ်ဆွေတောင်ဖြစ်ချင်စိတ် မရှိတာမျိုး ရှိတက်ပါတယ်။ ကိုယ်သူ့ကို လိုက်သမျှ ကိုယ်သူ့အပေါ်တွယ်ကပ်နေသမျှကိုသူကိုယ်တိုင်လည်း နည်းနည်းလေးတောင်ရင်ခုန်ခံစားခြင်းမရှိပဲ ကိုယ်လုပ်သမျှအပြုမူတိုင်းဟာ သူ့အတွက် အနှောက်အယှက်ဖြစ်နေမယ်ဆိုရင် သူ့နားမှာသူစိတ်ပင်ပန်းအောင်လုပ်ပြီး ဆက်လိုက်မနေသင့်ပါဘူး။ Crushတယ်ဆိုတာ ချစ်တဲ့စိတ် မရောက်သေးဘူးလို့ခံယူထားတာကြောင့်ဒီလိုအခြေနေမှာ ရပ်လိုက်သင့်ပါတယ်။
(၂) သူ့မှာချစ်ရမဲ့သူရှိနေတာ
ကိုယ်စCrushမိတုန်းကတော့မသိပေမဲ့ ကိုယ်Crush ပြီးမှသိရတဲ့ အခါ ကိုယ်မှာအနည်းငယ်တော့နာကျင်ခံစားရနိုင်ပါတယ်။ မပိုင်ဆိုင်ရနေပါစေ Crushရုံလေးပါပဲဆိုတဲ့သူတွေကတော့ချို့ယွင်းချက်ပေါ့။ ဒါပင်မဲ့ စိတ်ရောကိုယ်ပါ လူတစ်ယောက်ကို ချစ်နေတဲ့လူ၊ လက်ရှိချစ်ရမဲ့သူ
ရှိနေတဲ့သူမျိုးကို Crush မဖြစ်ကမေ့နိုင်ဖို့ကြိုးစားပါ။ ကိုယ့်အတွက်လည်းနာကျင်ခံစားရသလို သူ့အတွက်လည်းစိတ်အနှောက်အယှက်ဖြစ်စေပါတယ်။
(၃) ကိုယ့်ကို အထင်မကြီးတာ
ကိုယ့်ကို နည်းနည်းလေးမှ အရေးမလုပ် နည်းနည်းလေးမှ အထင်မကြီး ၊ ပွင့်ပွင့်လင်းလင်းလင်းပြောရရင် ကိုယ်ဟာသူ့အတွက် အပျင်းပြေကစားစရာ တစ်ခုလိုရင်တစ်မျိုး မလိုရင်တစ်မျိုး ခေါ်တစ်ချက်မခေါ်တစ်ချက်သူမျိုးကို Crushမိရင် ရပ်တန်းကရပ်နိုင်အောင်ကြိုးစားပါ။ ဒီလိုလူမျိုးဟာ ကိုယ့်ကို ဘယ်တော့မှ အတည်တကျ လက်တွဲမှာ မဟုတ်သလို တွဲဖြစ်ခဲ့ရင်တောင် ကိုယ့်အပေါ်ထားတဲ့သူရဲ့အထင်မကြီးမှုဟာ ကိုယ့်စိတ်ကို နိမ့်ကျစေပါတယ်။ကိုယ်ရဲ့အေးချမ်းနေတဲ့ဘ၀လေးမှာ ကိုယ့်အပေါ်နှိမ်ချဆက်ဆံသူကို ခေါ်မသွင်းပါနဲ့။
(၄) အားနားပြီးပတ်သတ်တာ
ကိုယ်ကသူ့ကို Crush လို့စကားသွားပြောတယ်ဆိုပါဆို့။ ကိုယ်Crushနေတာသူလည်းသိနေတယ်ပေါ့။ ဒါပေမဲ့ကိုယ်စကားပြောရင် အင်း အဲ ဟုတ်ကဲ့လောက်က အစပိုင်းမှာတော့ကောင်းတယ် နောက်ပိုင်းအချိန်တွကြာလာလည်း အင်းအဲပဲဆိုရင် ပွင့်လင်းဖို့လိုပါပြီ ကိုယ့်ကိုစိတ်ဝင်စားလားမ၀င်စားလားပြတ်ပြတ်သားသားမေးပြီး အချိန်အရမ်းအကုန်မခံပဲဆက်နေသင့်မနေသင့်တွေးပါ။ ကိုယ့ဘ၀ရဲ့အချိန်တွေကို ကြိုးရှည်ရှည်နဲ့လှန်ထားတဲ့သူနားမှာ အကုန်မခံပါနဲ့။
(၅) ကိုယ့်အကြောင်းစိတ်မ၀င်စားတာ
ကိုယ်ကသူ့ကိုစိတ်ဝင်စားပေမဲ့ ကိုယ့်အကြောင်းကို တစ်စိုးတစ်စီမှစိတ်မ၀င်စားပဲ ကိုယ်က ဘယ်လောက်တော်နေတက်နေ ကောင်းမွန်နေရင်တောင် ကိုယ့်အပေါ်ပြောင်းလဲခြင်းမရှိရင်လက်လွှတ်လိုက်ပါ။ ဒီလိုလူမျိုးဟာ သေချာပါတယ် သူတို့စိတ်အာရုံထဲမှာကိုယ်နေရာဝင်ယူဖို့မရှိပါဘူး။
Crushလို့မရဘူးလားမဟုတ်ဘူးရပါတယ်။ ဒါပေမဲ့ဘ၀ရဲ့တန်ဖိုးရှိတဲ့အချိန်တွေမှာ တစ်ယောက်ပေါ်တစ်ယောက်တန်ဖိုးထားနေရာပေးတက်တဲ့ Crushတွေနဲ့တွေ့ပြီး ပျော်ရွှင် မနာကျင်ရရင်ပိုကောင်းတာပေါ့လေ။ ကိုယ့်ရဲ့Crushလေးတွေနဲ့အဆင်ပြေပါစေလို့ဆုတောင်းရင်း….