သတိထားမိတဲ့သူနည်းနည်းသာရှိသေးတဲ့ ၀ိတ်ကျဖို့လှည့်စားနည်း ၆နည်း

ဝိတ်ချတာက တကယ်တမ်းလက်တွေ့မှာမလွယ်ကူဘူးဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။ အစားလျှော့စားရင်ရပြီလို့ထင်ထားကြပေမဲ့ တကယ်တမ်းမှာအစားလျှော့တာနဲ့လည်း မလုံလောက်တာမျိုး။အစားလျှော့စားဖို့လည်းမလွယ်ကူတာမျိုး။အဲ့ဒါကြောင့်တစ်ခါတစ်လေ ဒီလိုလှည့်စားနည်းလေးတွေနဲ့လည်းဥာဏ်ကူရပါတယ်။လူတော်တော်များများသိပြီးသားဖြစ်ရင် လည်းဖြစ်နိုင်ပါတယ်။မသိသေးတဲ့လူတွေအတွက်တော့ ဒီလိုလှည့်စားနည်းလေးတွေက အဆင်ပြေမှာပါ။

၁)အပြင်မှာစားမယ်ဆိုရင်…

အိမ်မှာထမင်းမစားဖြစ်တာမျိုး၊သူငယ်ချင်းတွေနဲ့အပြင်မှာစားဖို့သွားတာမျိုးစသဖြင့်ပေါ့ အပြင်မှာစားရမယ့်အခြေအနေမျိုးကြုံလာပြီဆိုရင် အနည်းဆုံးပမာဏာကိုရွေးပါ။ ဟမ်ဘာဂါ၊ပီဇာ၊ကြက်ကြော်စတဲ့ဆိုင်တွေမှာဆိုရင် အသေးလေးတွေရှိပါတယ်။ ပမာဏာများတဲ့ဟာကိုမှာမိတယ်ဆိုရင် ဗိုက်တင်းသွားရင်တောင်နှမြောတာနဲ့ ဆက်ပြီးစားမိနိုင်ပါတယ်။

 

၂)အကောင်းဘက်ကတွေးပါ…

အကောင်းမြင်စိတ်က အရာအားလုံးကိုကျော်ဖြတ်ဖို့ခွန်အားတစ်ခုပါပဲ။ဥပမာ “ဟာ ငါပေါင်တစ်ဝက်လောက်ကျသွားတာပဲ၊ကောင်းလိုက်တာ”ဆိုတာမျိုးပေါ့။အဲ့လိုမဟုတ်ပဲ “ဟင် အစားလျှော့စားတာတောင်နည်းနည်းပဲကျတယ်၊နောက်တစ်ခါဆိုရင် ဒီထက်လျှော့စားမှ ရမယ်”ဆိုတာမျိုး တွေးမိနေရင်အဲ့ဒီအတွေးတွေကို အမြန်ဆုံးဖယ်ထုတ်ပါ။ အစားမစားတိုင်း လည်းဝိတ်ကျတာမဟုတ်ပါဘူး။ကိုယ်စားတဲ့အစားအစာပေါ်မှာမူတည်ပါသေးတယ်။

၃)တစ်ယောက်တည်းစားပါ

သင်က ၀ိတ်ချဖို့စဉ်းစားနေပေမဲ့ သူငယ်ချင်း၊မိသာစုတွေနဲ့အတူတူစားဖြစ်နေမယ်ဆိုရင် စကားပြောလိုက်၊စားလိုက်နဲ့ အများကြီးစားဝင်နေပါလိ့မ်မယ်။ဒါပေမဲ့ တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ်စားမယ်ဆိုရင်တော့ အများကြီးမစားမိပါဘူးတဲ့။ဒါက တစ်ချိန်လုံးတစ်ယောက် တည်းနေပြီးတစ်ယောက်တည်းစားခိုင်းတာမျိုးမဟုတ်ပါဘူး။ တစ်ခါတစ်ရံပေါ့။ဒါပေမဲ့ သင်စားနိုင်သလောက်နည်းနည်းပဲထည့်လာမယ်ဆိုရင်တော့ အုပ်စုဖွဲ့စားရလည်း အများကြီးမစားမိတော့ပါဘူး။

၎)ဗိုက်အရမ်းဆာရင်ငှက်ပျောသီးအနံ့ရှုလိုက်ပါတဲ့

ထူးတော့ထူးဆန်းနေပါလိ့မ်မယ်။ဒါပေမဲ့ လေ့လာချက်အရ ဗိုက်ဆာနေတဲ့ လူအယောက်၃၀၀၀ ကို ငှက်ပျောသီးအနံ့ရှုခိုင်းတဲ့အခါမှာ ဗိုက်အရမ်းဆာနေတာကလျော့ကျသွားတယ် လို့တွေ့ရှိခဲ့ရပါတယ်။ပန်းသီး၊ပူစီနံ၊ငှက်ပျောသီးစတဲ့အသီးတွေရဲ့ အနံ့ရှုတာက ဗိုက်အရမ်းဆာနေတဲ့အချိန်မှာ ဆာလောင်မှုပျောက်စေတဲ့၊ဦးနှောက်ကို လှည့်စားနိုင်တဲ့နည်းတစ်မျိုးပါပဲတဲ့။

၅)အပြာရောင်ကို အနှစ်သက်ဆုံးအရောင်အဖြစ်ပြောင်းလိုက်ပါ

မကြာသေးခင်ကတွေ့ရှိချက်အသစ်အရ အပြာရောင်ကအစားစားလိုစိတ်ကိုလျှော့ချပေးပါတယ်တဲ့။ သင့်ရဲ့စားပွဲ၊ပန်းကန်၊ဖန်ခွက်၊စားပွဲခင်းစတာတွေကို အပြာရောင်ပြောင်းပြီး လေ့လာစမ်းသပ်ကြည့်ပါ။ဒါကတော့စိတ်ပညာပိုင်းဆိုင်ရာလေ့လာချက်တစ်ခုပါပဲ။

၆)မှန်ရှေ့မှာစားပါ

ဒီနည်းလမ်းလေးကိုတကယ်လက်တွေ့ကျင့်သုံးကြည့်ပါ။အစားစားနေတဲ့အချိန် မှန်ရှေ့မှာကိုယ့်ကိုယ်ကိုယ်ကြည့်ပြီးစားမယ်ဆိုရင် အစားလျှော့စားဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။လက်ရှိစားနေတဲ့အစားအစာရဲ့ သုံးပုံတစ်ပုံလျော့ကျစေပါတယ်တဲ့။

Source:Brightside

 

 

 

 

 

 

 

419 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.