လူတိုင်းဟာ ကိုယ်ပိုင်နည်းလမ်းနဲ့အောင်မြင်ချင်ကြပါတယ်။ တစ်ချို့ ကတော့ ရိုးရိုးသားသားနဲ့ ကြိုးစားပြီး ကြီးပွားလိုတယ်..အချို့ ကြတော့လည်း ဖြတ်လမ်းကိုလိုက်ချင်ကြတယ်။ ကြိုးစားနေရင်းနဲ့တော့ အမှားတွေရှိလာမယ်။ အခက်ခဲတွေရင်ဆိုင်လာရမယ်.. ဒါကြောင့် ဒီလိုတွေကြုံတွေ့လာရတဲ့
အခါ ဘယ်လိုကျော်ဖြတ်မလဲ.. ကိုယ့်ကိုယ်ကိုယ်ရော ဘယ်လိုပြောင်းလဲမလဲ? အခုချိန်မှာ အရမ်းချမ်းသာကြွယ်ဝနေတဲ့ ပုဂ္ဂိုလ်တွေဟာလည်း အရင်တုန်းက သာမန်ဘဝနဲ့တက်လာသူတွေပါ။ သူတို့ ဘာကြောင့်အောင်မြင်ကြသလဲ… ဘယ်လိုအောင်မြင်လာလဲဆိုတာ သိချင်တဲ့လူတွေအတွက် သိထားသင့်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်…
(၁) လူသစ်တွေနဲ့ တွေ့ဆုံခြင်း
ချမ်းသာတဲ့လူတွေဟာ လူသစ်တွေနဲ့ တွေ့ဆုံလိုပါတယ်။ လူချမ်းသာ ၆၈ရာခိုင်နှုန်းလောက်က လူသစ်တွေနဲ့တွေ့ရတာကိုကြိုက်တယ်။ လူဆင်းရဲ ၁၁ရာခိုင်နှုန်းလောက်ကပဲ ဒီလိုစကားမျိုးပြောပါတယ်။ လူသစ်တွေနဲ့ တွေ့ဆုံတော့ သူတို့ရဲ့အတွေးမြင်တွေ၊ ကိုယ်မသိသေးတဲ့အကြောင်းရာ
အချို့ကိုသိနိုင်မယ်။ ကိုယ့်အတွက်ပိတ်နေတဲ့ တံခါးတွေကို သူတို့အလိုလိုဖွင့်ပေးလိမ့်မယ်။ အခွင့်လမ်းသစ်တွေ၊ စိတ်ကူး ဖန်တီးနိုင်စွမ်း အကြံဥာဏ်တွေ ပွင့်လာပါလိမ့်မယ်။
(၂) ကံတရားကို ယုံကြည်ခြင်း
တစ်ချို့ ကိစ္စတွေမှာ သင်ကံတရားပေါ် မှီခိုအားထားမိလိမ့်မယ်။ တကယ်တမ်းလောကကြီးမှာရှင်သန်တဲ့အခါ ကံတရားကိုပဲမှီခိုနေတာထက်လက်တွေ့အကောင်ထည်ဖော်ရမယ့်အရာတွေအများကြီးရှိပါတယ်။ သနားစရာလူတွေကတော့ ကျရှုံးသမျှကို ကံတရားကြောင့်လို့အပြစ်တင်ပြီးနေထိုင်ကြတယ်။
(၃) ကိုယ့်အလုပ်ကိုယ်မုန်းခြင်း
ချမ်းသာနေတဲ့ပုဂ္ဂိုလ်တွေအားလုံး သူတို့အလုပ်ကို သူတို့ချစ်ပါတယ်။ ဆင်းရဲတဲ့လူတွေကတော့ ကိုယ့်အတွက်လည်းအကျိုးမရှိတဲ့ အလုပ်မှာပဲတစ်ဘ၀လုံးကုန်ဆုံးပြီးနေကြတယ်။ ဒီလိုမျိုးဖြစ်နေပြီလို့ ကိုယ်တိုင်ခံစားလာရရင် ၀င်ငွေကိုလည်းတစ်ချက်ကြည့်ုလိုက်ပါ။ ဒီတိုင်းက ဒီတိုင်းပဲ။ ထပ်တက်
လာတယ်ဆိုတာ မရှိတော့ဘူး။ သင့်လုပ်နေတဲ့အလုပ်ကို မကြိုက်ဘူးလို့ ခံစားလာရရင် ပြောင်းပါ။ ညဉ်းမနေပါနဲ့ ။
(၄) ကျန်းမာရေးကို ဂရုမစိုက်ခြင်း
ချမ်းသာတဲ့လူတွေဟာ အလုပ်ချည်းပဲ ဖိလုပ်မနေဘူး။ သူတို့ကျန်းမာရေးကိုလည်း ဂရုစိုက်တယ်။ ကျန်းမာမှလည်း ပိုက်ဆံရှာလို့ရမှာကိုး။ သူတို့က တစ်ပတ်ကို ၄ကြိမ်လောက်တော့ ကျန်းမာရေးလုပ်တယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားစာတွေ စားတယ်။
(၅) စွန့်စားမှုမရှိခြင်း
ငွေရေး ၊ ကြေးရေး အခက်ခဲဖြစ်မှသာ ၆ရာခိုင်နှုန်းလောက်ရှိတဲ့ လူတွေက စွန့်စားပြီးအလုပ်လုပ်ကြတယ်။ ချမ်းသာတဲ့လူတွေကတော့ အခြားပညာရှိကြီးတွေရဲ့ အတွေ့အကြုံတွေကို မျက်ခြေမပြတ်လေ့လာထားပြီး သူ့အတွက်အပြောင်းလဲဖြစ်မယ်ထင်ရင် စွန့်စားလိုက်ကြတာများပါတယ်။ စွန့်စားရင်း
ကြီးမှားတဲ့ အမှားမျိုးတွေလည်းဖြစ်သွားနိုင်တယ်။ ဒါပေမယ့် သူရအောင်ပြန်ထပြီး သင်ခန်းစာယူတယ်။
(၆) စာမဖတ်ခြင်း
စာမဖတ်ရင် အတွေးတွေလည်းကျယ်မပြန်တော့ဘူး။ ချမ်းသာတဲ့လူ၈၈ရာခိုင်နှုန်းလောက်က ထိုစကားကိုထောက်ခံတယ်။ စာဖတ်ခြင်းကနေ အခြားလူတွေရဲ့အတွေ့အကြုံတွေ ၊ အတွေးမြင်တွေသိခွင့်ရတာ တစ်ပန်းသာတဲ့ အခွင့်ရေးပါ။ တစ်နေ့ကို အနည်းဆုံး နာရီဝက်လောက်တော့ဖတ်ပါ။ ဒီတိုင်းဖုန်းသုံးနေမယ့်အတူတူ နာရီဝက်ဆိုတာလည်း မကြာပါဘူး။
(၇) နောက်ကျမှ ထခြင်း
နောက်ကျမှ အိပ်ရာထတဲ့လူနဲ့ စောစောထသူဟာ အရမ်းကိုကွာပါတယ်။ မနက်ကို ပုံမှန်ထနေကြထက် ၂နာရီလောက်စောထလုပ်ပါ။ လုပ်စရာရှိတာတွေ ၂နာရီအတွင်းလုပ်ကြည့်ပါ။ လုပ်ရတာ စိတ်လည်းကြည်သလို၊ အလုပ်လည်းမြန်မြန်ပြီးတယ်။ လေ့ကျင့်ခန်းလည်းလုပ်လို့ကောင်းပါတယ်။
နောက်ပြီး ချမ်းသာတဲ့လူတွေက ၁၀ -၁၅ မိနစ်လောက် တိတ်ဆိတ်တဲ့နေရာမှာထိုင်ပြီး စဉ်းစားတတ်ကြတယ်။ လူတစ်ယောက်က ၇နာရီအိပ်ရင်ပဲအိပ်ရေးဝနေပါပြီ။ ညဘက်အိပ်ရာဝင်ရင် ၉နာရီနဲ့ ၁၀နာရီကြားမှာအိပ်ဖြစ်အောင် အိပ်ပါ။