လေ့ကျင်းခန်းကြောင့်ဖြစ်တဲ့ ထိုခိုက်မှုကင်းအောင်လုပ်ခြင်း (အပိုင်း ၂)

work_out_pain.jpg

၆။ မှန်ကန်တဲ့ ဖိနပ်ကိုဝတ်ဆင်ပါ။

အပြေးလေ့ကျင့်ခန်းစလုပ်ချင်ပါသလား။ သင့်အတွက်ကောင်းပါတယ်။ ဒါပေမယ့် ဗီရိုထဲမှာ ၁၀နှစ်ကြာအောင်းထားရတဲ့ လေ့ကျင့်ရေး ရှုးဖိနပ်တွေနဲ့ ပလက်ဖေါင်းပေါ်မှာ ပြေးဖို့တော့ မစဉ်းစားပါနဲ့။  သင်ဘယ်လိုမျိုးပြေးသလဲဆိုတာ လေ့လာနိုင်တဲ့ အပြေးလေ့ကျင့်ခန်းအတွက် အထူးဖွင့်ထားတဲ့ဆိုင်ကိုသွားပြီး အရည်အသွေးမြင် အထောက်အကူနဲ့ သင့်ရဲ့ ရှုးဖိနပ်အတွက် ခြေထောက်အောင်ခံပြားတွေရအောင်လုပ်ပါ လို့ Nahid de Belgeonne ကပြောပါတယ်။ ပုံသဏ္ဍန်မမှန်တဲ့ခြေထောက်နဲ့ ပြားတဲ့ခြေဖ၀ါးအကွေးတွေ္ဂသင့်မှာရှိရင် ပိုပြီးအရေးကြီးပါတယ်။ ဆိုးဆိုးဝါးဝါး မတော်မရော်ဖြစ်နေတဲ့ ရှုးဖိနပ်တွေနဲ့ မလုံလောက်တဲ့ အထောက်အပံပစ္စည်းတွေကြောင့် ဘယ်လိုဒဏ်ရာမျိုးမဆိုဖြစ်စေနိုင်သလို ဒူးနောက်ကတစ်သျှူးတွေနဲ့ ခြေထောက်အောက်ပိုင်းတစ်သျှူးတွေ ကိုထိခိုက်စေပါလိမ့်မယ်။ အခြားအားကစားတွေလဲဒီနည်းတူပါပဲ။ မှန်ကန်တဲ့ဖိနပ်အတွက် ရင်းနှီးမြှပ်နှံတာဟာ ထိခိုက်ဒဏ်ရာတွေကို ရှောင်ရှားဖို့ သော့ချက်ဖြစ်ပါတယ်။

၇။ လေ့ကျင့်ခန်းအရောအနှောလေးလုပ်ပေးပါ။

သင့်ရဲ့ပုံမှန်ပြေးနေကျ လုပ်ရပ်ကိ သင်နှစ်သက်ကောင်းနှစ်သက်ပါလိမ့်မယ်။ အပါတ်တိုင်း Zumba class သွားရတာကို ကြိုက်ရင်လဲကြိုက်ပါလိမ့်မယ်။ ဖြစ်သင့်ပါတယ်။ ဒါပေမယ့် တူညီတဲ့လှုပ်ရှားမှုကိုထပ်ခါထပ်ခါလုပ်ပြီးအခြားလေ့ကျင့်ခန်းတွေကို ပြစ်ထားခြင်းဖြင့် ကြွက်သားတွေနဲ့ အဆစ်အမြစ်တွေကို အဆက်မပြတ်ဖိအားပေးနေမိပါလိမ့်မယ်။ ရလဒ်အနေနဲ့ သင်ဟာ ရှိပြီးသားထိခိုက်ဒဏ်ရာတွေကိုပိုကြီးလာအောင်လုပ်ပြီး အခြားထိခိုက်ဒဏ်ရာတွေကိုလဲ တော်တော်လေးဖိတ်ခေါ်နေတာဖြစ်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းအသစ်တွေကိုကြိုးစားလုပ်သင့်ပါတယ်။ ထိခိုက်ဒဏ်ရာကင်းအောင်လုပ်ဖို့ အကျိုးသက်ရောက်မှုနဲတဲ့ လေ့ကျင့်ခန်းတွေက ပိုကောင်းပါတယ် လို့ The London Orthopaedic Clinic ရဲ့ ထိခိုက်ဒဏ်ရာအထူးကုဆရာဝန် Sean Curry ကပြောပါတယ်။ ပြေးမယ့်အစား ရေကူးခြင်း၊ စက်ဘီးစီးခြင်း လှေလှော်ခြင်းတို့ကို ထည့်စဉ်းစားပေးပါ။ အမြန်လမ်းလျှောက်ခြင်းလိုမျိုး အလေးချိန်ကျစေတဲ့လေ့ကျင့်ခန်းမျိုးကို ထည့်သွင်းဖို့အရေးကြီးပါတယ်။

၈။ ဒဏ်ရာတွေကို ပြစ်မထားပါနဲ့။

ကိုက်ခဲမှုတွေ နာကျင်မှုတွေအလိုလိုပျောက်မသွားဘူးဆိုတဲ့အချက်ကို ၀န်ခံလိုက်ပါ။ ကျွန်နုပ်တို့အများစုဟာ လေ့ကျင့်ခန်းတွေကို ပြန်ပြီးလုပ်ဖို့ဆိုတဲ့ ထောင်ခြောက်ထဲမှာသက်ဆင်းလေ့ရှိပါတယ်။ ဒူးနာတာတို့ ပုခုံးကိုက်တာတို့လို ပုံမှန်ပြသနာတွေပြန်မပေါ်လာမခြင်းပေါ့။ အဲဒီ့အခါမှာ ကျွန်န်ုပ်တို့ အလိုလိုပြန်ကောင်းအောင် စောင့်စားပြီးတော့ သန်စွမ်းမှုတွေလျော့ကျပြီး ပြန်လည်မစတင်နိုင်ခင် ဒေါသတွေထွက်စေပါတယ်။ အဲဒီလိုမလုပ်ပါနဲ့တော့။ ဆေးဝါးဆိုင်ရာ လမ်းညွှန်မှုရရှိဖို့အရေးကြီးတာဖြစ်ပြီး ဒါမှမဟုတ်ရင်တော့ ပြသနာကပိုပိုဆိုးလာပါလိမ့်မယ်။ သင်ဝေဒနာခံစားနေရရင် ဒါမှမဟုတ် ဝေဒနာကပြန်ကောင်းလာနေရင် လေ့ကျင့်ခန်းပြန်မလုပ်ခင် ကာယကုထုံးပညာရှင်တစ်ယောက်ဆီက အကြံဥာဏ်ရယူပါ လို့ London Bridge ဆေးရုံက ကာယကုထုံးဆရာဝန် Uzo Ehiogu ကပြောပါတယ်။ သူတို့ဟာ ထိခိုက်ဒဏ်ရာတွေနဲ့ပါတ်သတ်လို့ ကုသရာမှာရော ကာကွယ်ရာမှာပါ ကျွမ်းကျင်သူတွေဖြစ်ပါတယ်။

၉။ ကောင်းမွန်တဲ့ အားကစား bra ၀တ်ဆင်ပါ။

မှန်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ကြွက်သားတွေနဲ့ အရိုးအဆစ်တွေကပဲ TLC လိုအပ်တာမဟုတ်ပါဘူး။

ထပ်ခါတလဲလဲလုပ်တဲ့ လှုပ်ရှားမှုတွေအကုန်လုံးက ရင်သားတွေကို သက်တောင့်သက်သာမရှိတဲ့ နံပါတ် 8 ပုံစံမျိုးဖြစ်စေပါတယ်။ ဒါဟာ နာကျင်မှုနဲ့ အားအင်ချိနဲ့ပြီး အထောက်အကူ တစ်သျှူးတွေကို ကာလရှည်ကြာစေတဲ့ နာကျင်မှုတွေဖြစ်စေပါတယ်။ အားကစားအတွက်အထူးပြုလုပ်ထားပြီး သက်တောင့်သက်သာရှိမှုနဲ့အထောက်အပံ့ကောင်းပေးနိုင်တဲ့ bra တစ်ထည်ဝယ်ယူတာဟာအဖြေဖြစ်ပါတယ်။ ဥပမာအားဖြင့် B ကနေ H cup size တွေရှိတဲ့ Panache အားကစား bra တွေရနိုင်ပါတယ်။ လုံးဝ bra မ၀တ်တာထက်စာရင် ရင်သားတုန်ခါမှုကို ၈၃ ရာခိုင်နှုန်း လျှော့ချပြီး လွတ်လပ်တဲ့လှုပ်ရှားမှုဖြစ်စေမှာပါ။ ဈေးနှုန်းကတော့ ၃၅ ပေါင်ဖြစ်ပြီး www.panachesport.com မှာလေ့လာနိုင်ပါတယ်။

၁၀။ အနားယူပါ။

ကောင်းပြီ။ ကျွန်န်ုပ်တို့အများစုကို gym တွေနဲ့ဝေးဝေးနေဖို့ ခက်ခက်ခဲခဲသွေးဆောင်စရာမလိုပါဘူး။ ဒါပေမယ့် သင်လုပ်ငန်းတစ်ခုကိုစပြီး ရလဒ်ကိုကြည့်တဲ့အခါမှာ လိုတာထက်ပိုပြီးစိတ်အားထက်သန်တာမျိုးဖြစ်ဖို့ကလဲ လွယ်ပါတယ်။ လေ့ကျင့်မှုရက်သတ္တပါတ်မှာ အနားယူဖို့နဲ့ နလန်ပြန်ထဖို့ ကိုထည့်စဉ်းစားဖို့ မရှိမဖြစ်လိုအပ်ပါတယ်လို့ Uzo Ehiogu ကပြောပါတယ်။ အတွေ့အကြုံအရှိဆုံး ကျန်းမာကြံ့ခိုင်ရေးလိုက်စားသူတွေအတွက်ဆိုရင်တောင်မှ ဘာကိုပဲလုပ်လုပ် နေ့တိုင်းလေ့ကျင့်တာဟာ ထိခိုက်ဒဏ်ရာနဲ့ ပင်ပန်းနွမ်းနယ်မှုတွေဖြစ်စေတဲ့ နည်းလမ်းပါပဲ။ လိုတာထက်ပိုတဲ့လေ့ကျင့်ခန်းတွေဟာ ဆိုးကျိုးတွေသက်ရောက်စေနိုင်ပြီး ထိခိုက်ဒဏ်ရာတွေဖြစ်နိုင်ချေများစေပါတယ်။ ကောင်းစွာနလန်ပြန်မထူနိုင်တာနဲ့ များပြားတဲ့လေ့ကျင့်ခန်းတွေ၊ အလုပ်များတဲ့ဘ၀နေထိုင်မှုပုံစံတွေနဲ့ အိပ်ရေးပျက်ခြင်းတွေက ကလာကြာရှည်တဲ့ ပင်ပန်းနွမ်းနယ်မှုတွေ၊ စိတ်ခံစားမှုအပြောင်းအလဲတွေနဲ့ မကြာခဏဖျားနာမှုတွေကိုဖြစ်စေပါတယ်။ ဒါပေမယ့်ဒီကိစ္စတွေကို လေ့ကျင့်ခန်းတွေကနားထားတုန်း သင့်တင့်လျောက်ပတ်တဲ့ အနားယူခြင်းနဲ့ကာကွယ်လို့ရပါတယ်။

Ref:allaboutyou

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.