ကိုရီးယားမီဒီယာတွေကြားမှာ ရေပန်းစားနေပြန်တဲ့ Kim Woo Bin နဲ့ Shin Min Ah တို့ရဲ့ အချစ်ရေး

မင်းသား Kim Woo Bin နဲ့ Shin Min Ah တို့ရဲ့ အချစ်ရေးကိစ္စကတော့ ကိုရီးယားမီဒီယာတွေ ကြားမှာရေပန်းစားနေတဲ့သတင်းတစ်ပုဒ်ဖြစ်လာခဲ့ပြန်ပါပြီ။ဇန်န၀ါရီ ၁၅ရက်နေ့က Channel A ကထုတ်လွှင့်ခဲ့တဲ့  “Heard It Through the Grapevine” အစီအစဉ်မှာ သူတို့နှစ်ယောက်ရဲ့ အကြောင်းက ထိပ်ဆုံးသတင်းတစ်ပုဒ်အဖြစ်ပါဝင်ခဲ့ပါတယ်။

အစီအစဉ်တင်ဆက်သူတစ်ယောက်က “မင်းသမီး Shin Min Ah ဟာ သူမရဲ့အလုပ်အချိန် ဇယားမရှိတဲ့အချိန်တိုင်း Kim Woo Bin ရဲ့ ဆေးရုံကိုသွားပြီးအဖော်လုပ်ပေးလေ့ရှိတယ် လို့ကြားခဲ့တယ်။သူမရဲ့ ချစ်သူအပေါ် ဂရုစိုက်တတ်တဲ့အပြုအမူလုပ်ရပ်က တကယ့်ကိုလှပ ပြီးနွေးထွေးတယ်လို့ထင်တယ်”လို့ပြောခဲ့ပါတယ်။

အဲ့ဒီနောက်သူတို့လမ်းခွဲကြတဲ့သတင်းနဲ့ပတ်သက်ပြီး မေးမြန်းကြတဲ့သူတွေအတွက် နောက်ထပ်အစီအစဉ်တင်ဆက်သူတစ်ယောက်က “ဒီသတင်းက ကောလဟာလသတင်းပါ။Shin Min Ah က အခုချိန်ထိ Kim Woo Binအပေါ်မှာ ဂရုစိုက်ပြီး အနားမှာ အားပေး နှစ်သိမ့်နေတုန်းပါပဲ။သူတို့နှစ်ယောက်လမ်းခွဲလိုက်ပြီဆိုတာ မဟုတ်ပါဘူး”လို့ပြောခဲ့ပါတယ်။

“သူတို့နှစ်ယောက်လက်တွဲလာတာ ၂နှစ်နီးပါးရှိပါပြီ။သူတို့ရဲ့ အချစ်ရေးကိုတော့ သံသယ ဖြစ်စရာမရှိပါဘူး။မိန်းကလေးက သူမရဲ့နေမကောင်းတဲ့ချစ်သူကို မထားခဲ့ပဲ အမြဲတမ်းဂရုတစိုက် အားပေးနေတာဟာ တကယ့်ကိုအချစ်ဝတ္ထုဆန်ဆန်ပါပဲ။။ပြီးတော့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးက ပိုပြီးတော့တောင်နက်ရှိင်းသွားမယ်လို့ကျွန်တော်ထင်ပါတယ်” လို့ အစီအစဉ်တင်ဆက်သူ တစ်ယောက်ကပြောခဲ့ပါတယ်။

Source:Allkop

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.