ရယ်မောခြင်းရဲ့ရလဒ်

   ရယ်မောခြင်းဆိုတာ ထိန်းချုပ်တင်းကြပ်လို့ထားကောင်းတဲ့အရာမဟုတ်ပါဘူး။ ကိုယ့်ရဲ့တစ်နေ့တာတိုင်းမှာရယ်မောခြင်းကို ပြုလုပ်ဖို့မမေ့ပါနဲ့။ ဘာမဟုတ်ပဲ ကိုယ့်စိတ်ကို ပေါ့ပေါ့ပါးပါး လွှတ်ချပြီး ရယ်မောလိုက်ခြင်းကနေ မထင်မှတ်ထားတဲ့ အကျိုးကျေးဇူးတွေရရှိနိုင်တယ်ဆိုတာကို သိရှိထားဖို့လိုပါတယ်။ Okeyပါ ဒါဆို ရယ်မောခြင်းရဲ့ကောင်းကျိုးရလဒ်တွေကဘာတွေဖြစ်နိုင်သလဲ…

(၁) အသက်ရှည်တယ်
ငယ်ငယ်တည်းကလူကြီးတွေပြောတာကြားဖူးတဲ့ စကားလေး” အောင်မလေးအရယ်သန်တယ်ဟ အသက်ရှည်မှာပဲ” ဆိုတာလေးဟာ စနောက်ရင်းပြောတဲ့ စကားမဟုတ်ပဲ မှန်ကန်တယ်ဆိုတာလက်ခံသွားပါပြီ။ Research လုပ်တဲ့သူတစ်ချို့ရဲ့ပြောကြားချက်အရ ရယ်မောတဲ့သူတွေဟာ ကောင်းကျိုးကို ဆိုးကျိုးထက် ပိုမျှော်လင့်တက်လို့သူတို့ဘ၀မှာ အသက်ရှည်ရှည်နေနိုင်ဖို့ဟာ
အနည်းဆုံး ၅၅%လောက်ထိသေချာနေတယ်လို့သိရပါတယ်။
(၂) နာကျင်မှုကိုလျော့ကျစေတယ်
British လေ့လာတွေ့ရှိသူတစ်ဦးရဲ့ပြောကြားချက်အရ ၁၅မိနစ်လောက် ဟက်ဟက်ပတ်ပတ် ရယ်မောနေခြင်းဟာ ဦးနှောက်ထဲမှာရှိတဲ့ နာကျင်တဲ့ဒဏ်ကို မှတ်မိစေတဲ့ အရာဟာ ၁၀%လောက်လျော့ကျသွားတယ်လို့သိရပါတယ်။ ကိုယ်တစ်ခုခုကြောင့်နာကျင် ကိုက်ခဲနေတဲ့ အချိန်မှာ ငိုနေတာမျိုးထက် ရယ်မောစရာကောင်းတဲ့ ရုပ်ရှင်ကြည့်တာမျိုးရယ်စရာကောင်းတဲ့ ဟာသတွေပြောပေးတာမျိုး၊ နားထောင်တာမျိုး ကို လုပ်ပေးခြင်းဟာ နာကျင်မှုကိုခုခံနိုင်တဲ့သဘာဝနည်းလမ်းတစ်ခုပါ။
(၃) စိတ်ညစ်စရာတွေကို လျော့ကျစေတယ်
Anxiety, Irritation လို့ခေါ်တဲ့ စိတ်ပူပင်ခြင်းတွေ၊ ဒေါသဖြစ်ခြင်းတွေ စိတ်စောမှုတွေကို ရယ်မောခြင်းတဲ့ဖြေလျော့လိုက်ပါ။ ရှာဖွေတွေ့ရှိသူတစ်ဦးရဲ့ပြောကြားချက်အရ စိတ်ကျဝေသနာရှင်တွေကို ကုသတဲ့နေရာမှာ ရယ်မောခြင်း ကုထုံးကို အသုံးပြုပြီး အများဆုံး ကုသခဲ့ရာမှာအောင်မြင်သွားတယ်လို့သိရပါတယ်။ ဒါကြောင့်စိတ်ပင်ပန်းနေရင် ငိုမနေပါနဲ့ ဖြစ်နိုင်ရင် တစ်ယောက်တည်း ဟာသကားတွေကြည့်တာမျိုးကို လုပ်ပါ။
(၄) အသက်ရှုမှုအေားကောင်းတယ်
ရယ်မောလိုက်တဲ့အချိန်မှာ ခန္ဓာကိုယ်မှာရှိတဲ့ အဆုတ်ဟာ လေ၀င်လေထွက်ပိုမိုကောင်းမွန်စေပြီး အသက်ရှုလမ်းကြောင်းကို ပိုမို အထောက်ကူပြူတာကြောင့် ရယ်မောခြင်းဟာ အဆုတ်ကျန်းမာရေးကိုသာမက Asthma စတဲ့ ပန်းနာရင်ကျပ်ရောဂါ ကို ပါကာကွယ်ရာရောက်ပါတယ်။
(၅) ၀ိတ်ကျစေတယ်
ဟေ၊ ဘယ်လိုတောင်လားရယ်မောခြင်းဟာ အဆီကျစေတယ်ဆိုတာကို တွေးဝေကောင်းတွေဝေနိုင်ပါလိမ့်မယ်၊ ရယ်မောလိုက် ခြင်းကြောင့် မလိုအပ်တဲ့ကယ်လိုရီတွေကို လျော့ချပေးနိုင်တယ်လို့သိရပါတယ်။ တကယ်လို့ခန္ဓာကိုယ်ထဲက အဆီတွေကို ချေဖျက်ချင်တယ်ဆိုရင်တော့ တစ်နေ့ကိုအနည်းဆုံး မိနစ်၂၀လောက် ရယ်မောပေးဖို့လိုအပ်ပါတယ်။
ရယ်မောခြင်းရဲ့ အနှစ်သာရကိုသိရှိပြီး နေ့ရက်တိုင်းကိုရယ်မောပျော်ရွှင်စွာနဲ့ဖြတ်သန်းနိုင်ကြပါစေ...

124 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.