ယောင်္ကျားလေးတွေချစ်မ၀ဖြစ်ရတဲ့ချစ်သူကောင်မလေးမျိုးဆိုတာ

 ယောင်္ကျားလေးတစ်ချို့ဟာ RSတစ်ခုကို အချိန်ကြာကြာတည်ဆောက်တဲ့ အချိန်မှာ ငြီးငွေ့ခြင်းတွေကိုခံစားရပြီး မိန်းကလေးတွေပေါ်စကြိုက်တုန်းကလောက် Romantic မဆန်ကြတော့တာမျိုး ၊ စကြိုက်တုန်းကလောက်ကြည်ကြည်နူးနူး စကားတွေမပြောတော့တာမျိုး တွေ မရှိသလောက်နည်းးပါးလာတက်ကြပါတယ်။ မိန်းကလေးဆိုတာမျိုးမှာလည်း ဒါတွေ မလာတော့ရင် သူငါ့ကို မချစ်တော့ဘူးလား၊ ဘာလားနဲ့ အတွေးတွေဝင်တက်ပြီးသံသယတွေများလာတက်ပါတယ်။ တကယ်တော့ ဒါဟာ မချစ်တော့တာလည်းမဟုတ်ဘူး အချစ်လျော့သွားတာလည်းမဟုတ်ပါဘူး။ အချိန်ကာလကြာကြာချစ်ခဲ့တော့ နည်းနည်းရိုးအီနေပြီး ချစ်ပြဖို့မလိုအပ်တော့ဘူးလို့တွေးထားကြလို့ပါ။ဆိုတော့ ကိုယ့်ချစ်သူကောင်လေးရဲ့ အချစ်တွေကို အမြဲတမ်းအပိုင်သိမ်းပြီး သူကိုယ့်ကို တစ်သတ်လုံးချစ်မ၀ဖြစ်အောင် ဘယ်လိုကောင်မလေးမျိုးဖြစ်အောင်နေကြမလဲ…
(၁) သူနဲ့ပတ်သတ်သမျှကို သိထားပါစေ
သူ့အလုပ်ကိစ္စနဲ့ပတ်သတ်တဲ့အရာပဲဖြစ်ဖြစ် သူ့ အတွက်အရေးကြီး အရေးပါတဲ့အရာတွေကို ပါဝင်ပတ်သတ်ခြင်းမရှိရင်တောင် သိတော့သိအောင်လုပ်ထားပါ။ သူအကူညီလိုတဲ့အချိန်သူပြောပြစရာမလိုအောင်ကိုကသိနေတာကိုမြင်ရင်သူ့ကိုအလေးထားပါလားဆိုပြီး ကိုယ့်အပေါ်အချစ်ပိုပါလိမ့်မယ်။
(၂) အလိုက်သိပါ
ဒီစကားကို ဒီအချိန်မှာပြောသင့်လား၊ အခုလိုချိန်မှာ သူ့ကိုဒါမျိုးပြောသင့်လား၊ ဒါပူဆာသင့်လား၊ ဒီလိုဆိုးသင့်လားဆိုတာ စဉ်းစားပြီး မှလုပ်ပါ။ ယောင်္ကျားလေးဆိုတာချစ်လို့သည်းခံနိင်ပင်မဲ့ ကိုယ့်အပေါ်စိတ်ပျက်သွားရင် ကိုယ်ပဲနာကျင်ခံစားရမှာပါ။
(၃) တက်ကြွတဲ့ အပြုမူကိုဆောင်ပါ
ဘယ်တော့မဆို ပြုံးပြုံး ရွှင်ရွှင်နဲ့နေပြီး ကိုယ်ကို သူများမြင်တဲ့ အခါ အေးချမ်းမှုကို ခံစားစေရမဲ့ အပြုမူကိုမွေးမြူပါ။ လှပတာတို့ဆွဲတောင်မှုရှိတာတို့ဆိုတာအတည်မြဲနိုင်ပင်မဲ့ ချစ်စရာကောင်းပြီးအေးချမ်းတဲ့ မျက်နှာတစ်စုံဟာ တစ်သတ်လုံးအတွက် မရိုးသွားနိုင်ပါဘူး။
(၄) ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားပါ
ကိုယ့်မှာရည်းစားရှိတာပဲ ကိုယ့်ရည်းစားချစ်ရင်ပြီးပဲဆိုပြီး ကိုယ့်ကိုယ်ကိုယ် အလှမပြင် ဖရိုဖရဲနဲ့ ဖြစ်ကတက်ဆန်းမနေပါနဲ့။ ယောင်္ကျားတိုင်း အလှအပတိုင်းကို ခံစားတက်သလို ကိုယ့်ကောင်လေးဟာလည်း ကိုယ့်ကို ချစ်ပေမဲ့ ကိုယ့်ရဲ့ဖရိုဖရဲတွေကိုတော့ ပြင်စေချင်မှာပါ။ ကိုယ့်ကောင်မလေးရဲ့အလှပလေးကို ခံစားရင်း တစ်ခြားသူတွေကြားမှာရင်ကော့ရင်းကြွားချင်ကြမှာပါ။
(၅) ချွဲတက်ပါစေ
အေးဆေးလွန်းအားကြီးတဲ့ မိန်းကလေးတစ်ယောက်ဟာ လက်ဖက်ခြောက် မခပ်ရသေးတဲ့ရေနွေး အဖြူလိုပါပဲ ဘာလိုနေမှန်းမသိပျင်းစရာကောင်းပါတယ်။ ဆိုတော့ အခြေနေချိန်ခါလေးကြည့်ပြီး အခွင့်ကြုံလာတာနဲ့ ကိုယ့်ကိုကိုတွေကို ချွဲနွဲ့ပြီး ဆိုးတက်ပါစေ။

5K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.