လူတစ်ယောက်ရဲ့ အသွင်အပြင်အတွက် ဆံပင်စတိုင်လ်ကအရမ်းအရေးကြီးပါတယ်။ လူတစ်ယောက်ဟာ သူရွေးချယ်ထားတဲ့ ဆံပင်ပုံစံနဲ့ပတ်သတ်ပြီး စိတ်ခံစားချက်တစ်စုံတစ်ရာတော့ရှိမှာပါပဲ။ ဟုတ်ပါတယ်..အတိကျတော့ ကောက်ချက်ချလို့မရပေမယ့် အနည်းကျဉ်းတော့ ခန့်မှန်းလို့ရတာပေါ့။
ဒါလေးတွေ လိုက်တိုက်ကြည့်ရတာလည်းပျော်စရာကောင်းမယ်လို့ထင်လို့ပါ… အားတီတို့ရော ဘယ်လိုဆံပင်ပုံစံမျိုးကို ပိုင်ဆိုင်ထားတာလဲ.. အောက်မှာ ပြန်ပြီးမျှဝေခဲ့ဦးနော် !
(၁) ဆံပင်အရှည်
ဆံပင်အရှည်နဲ့ကောင်လေးတွေဆို သူတို့က ဖန်တီးနိုင်စွမ်းရှိတယ်။ အတွေးခေါ်ကောင်းတယ်၊ အခြားစိတ်ဝင်စားစရာ အမူအကျင့်တွေကိုလည်းပိုင်ဆိုင်ထားတယ်။ ဆံပင်အရှည်က ယောက်ျားလေးတိုင်းနဲ့ မလိုက်ဘူး။ တစ်ချို့ ကအရှည်ထားလိုက်ရင် မျက်နှာညှိုးသွားတယ်.. တစ်ချို့ ကျတော့
လည်း အရှည်ထားတာ မိန်းကလေးတွေအတိုင်းပဲ.. ဆံသားတွေကလည်းပျော့လို့။ ဆံပင်ကို တန်ဖိုးထားကြတယ်။
(၂) ဘေးအပြောင်ရိတ် ဆံပင်အတို
ဒီလို ဆံပင်ပုံစံမျိုးကို Macho Choice လို့ပြောကြတယ်။ Macho Choice ဆိုတာ ယောက်ျားဆန်တဲ့ အမျိုးသားတွေသာရွေးချယ်ပါတယ်။ ယောက်ျားဆန်လွန်းပြီး သိပ်ခန့်ညားတဲ့မျက်နှာအချိုးစားဆို ဒီလိုစတိုင်လ်နဲ့လိုက်ဖက်ပါတယ်။ ဘေးတွေလည်းအပြောင်ရိတ်ထားတော့ သူ့မျက်နှာက ပိုပေါ်လွင်သွားတယ်။ လူကြားထဲမှာ ထင်းတယ်။ ပျိုမေတို့ အသည်းစွဲပုံစံပေါ့။ ဒီလိုလူမျိုးတွေက ဟာသဥာဏ်ရွှင်တယ်လို့သိရပါတယ်။
(၃) ဂတုံး
အရမ်း ဥာဏ်ကောင်းပြီး ဖြစ်လာနိုင်ချေကို ကြိုတင် ခန့်မှန်းနိုင်တယ်။ သူတို့ခေါင်းတွေဟာ တောက်ပြောင်နေသလို မှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုလည်း ပြတ်သွားစွာချနိုင်တယ်။ မိန်းကလေးရွေးရင် သိပ်လှနေတာမျိုးကိုမကြည့်ဘဲ သူနဲ့အဆင်ပြေနိုင်မယ့်မိန်းကလေးမျိုးသာရွေးချယ်ပါတယ်။
ဒီလို စတိုင်လ်မျိုးကိုလည်း ယောက်ျားတိုင်းမရွေးရဲဘူး။ မလိုက်ဖက်မှာကိုကြောက်တယ်လေ။
(၄) အလယ်ခွဲ
ဒီလို ဆံပင်ပုံစံမျိုးရှိတဲ့ အမျိုးသားတွေဆို ဇွဲအရမ်းကောင်းပြီး မဖြစ်မနေ ကြိုးစားကြတယ်။ သူလိုချင်တဲ့ ပန်းတိုင်မရောက်မချင်း ဆက်တိုက်ကြိုးစားတယ်။ စိန်ခေါ်မှုတွေကို အမြဲလက်ကမ်းကြိုဆိုနေတယ်။ သူက အလကားနေတယ်ဆိုတဲ့ အချိန်ကိုမရှိဘူး။ တစ်ခုခုလုပ်နေရမှ နေသာထိုင်သာရှိတဲ့
ယောက်ျားမျိုးပါ။
(၅) ဆံပင်အုံအထူ အထောင်
ဒီလိုဆံပင်မျိုးကတော့ ယောက်ျားတိုင်းလိုလိုထားကြပါတယ်။ စိတ်ကူးယဉ်ဆန်တတ်ကြတယ်..မိန်းကလေးတွေကြား ပေါ်ပြူလာဖြစ်တယ်။လူကြားထဲသွားတာနဲ့ အာရုံစိုက်ခံရတတ်ပါတယ်။
(၆) ဆံပင်ဘေးခွဲ
ရိုမန်တစ်ဆန်တတ်တဲ့ ယောက်ျားလေးတွေပေါ့။ ဆံပင်ကိုကြည့်လိုက်တာနဲ့ လူငယ်ဆန်ပြီး နည်းနည်း ခေါင်းမာတတ်ကြတယ်။ စိတ်မ၀င်စားရင်လည်း လုံးဝ ဟင့်အင်းပဲ။ စိတ်ဝင်စားပြီဆိုလည်း အသေကြေ ကြိုးစားတော့တာ။ သူ့ဘ၀သူ ကိုယ်တိုင်စီမံခန့်ခွဲတယ်။ ဘယ်သူကမှ ထိန်းကျောင်းချုပ်နှောင်တာမျိုးကို မလိုချင်ဘူး။ ဒီလိုပုံစံကို မိန်းကလေးတွေ သဘောကျတယ်။
(၇) ဘေးအပြောင်၊ အပေါ်လှန်သိမ်း
ယုံကြည်မှုရှိတဲ့ ယောက်ျားတွေရဲ့ စတိုင်လ်ပေါ့ ။ ကြွက်သားတောင့်တဲ့ ယောက်ျားလေးတွေ ဒီလိုဆံပင်စတိုင်လ်ထားရင် ပိုကြည့်ကောင်းပါတယ်။ မုတ်ဆိတ်လေးနဲ့ ပိုခန့်တယ်။ အချိန်လေးစားပြီး အလုပ်ကိုလည်းတန်ဖိုးထားတတ်တဲ့ ယောက်ျားလေးမျိုးပါ။
(၈) အနောက်ပြောင် စည်း
နံပါတ် (၂)ကလို မျက်နှာအချိုးအစားမျိုးပေါ့။ ယောက်ျားပီသတယ်။ အရမ်းယုံကြည်မှုရှိတဲ့ ယောက်ျားမျိုးတွေ ဒီလိုဒီဇိုင်းကိုရွေးချယ်တယ်။ သူ့မှာလည်း စိတ်ဝင်စားစရာအမူကျင့်တွေကို ပိုင်ဆိုင်ထားပါတယ်။