“Boys Over Flowers” ဒါရိုက်တာ Jeon Ki Sang ကားအက်စီးဒင့်ကြောင့်သေဆုံးခဲ့

ဇန်န၀ါရီ ၁၃ရက်နေ့၊ကိုရီးယားစံတော်ချိန် မနက်၁နာရီလောက်မှာ နာမည်ကျော် ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Jeon Ki Sang ဟာ ကားအက်ဆီးဒင့်ကြောင့် သေဆုံးသွားခဲ့တယ်လို့သိရပါတယ်။Jeon ဟာ လမ်းဖြတ်ကူးနေတုန်း တက္ကစီတစ်စီးက ၀င်တိုက်မိခဲ့တာပဲဖြစ်ပါတယ်။အနားကလူတွေက ဆေးရုံကိုချက်ချင်းပို့ပေးခဲ့မဲ့ အချိန်မမှီခဲ့ပါဘူး။

သူ့ရဲ့မိသားစုတွေ၊အနုပညာမောင်နှမတွေကလည်းဝမ်းနည်းကြေကွဲနေကြပြီး မကြာခင်ဈာပနအခမ်းအနားကျင်းပမယ်လို့သိရပါတယ်။

ဒါရိုက်တာ Jeon Ki Sang ဟာ KBS ရုပ်သံလိုင်းမှာအလုပ်လုပ်စဉ်က နာမည်ကျော်ဇာတ်လမ်းတွဲ တွေဖြစ်တဲ့ “Sassy Girl Chun-Hyang” “ Papa” “ Bodyguard” တို့ကိုရိုက်ကူးခဲ့ပြီး ၂၀၀၅ မှာ ကုမ္ပဏီကနေထွက်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာ  “Boys Over Flowers” “My Girl” “Witch Yoo Hee” “ To the Beautiful You” စတဲ့နာမည်ကြီးဇာတ်လမ်းတွဲကောင်းတွေကို ကိုယ်တိုင်ရိုက်ကူးခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ရုပ်ရှင်ဇာတ်လမ်းကောင်းတွေရိုက်ကူးခဲ့သူတစ်ယောက်ဖြစ်လို့ သူ့ရဲ့သေဆုံးမှုက အနုပညာလောကအတွက်တော့ ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုပါပဲ။

Source:Allkop

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.