လည်ပင်းကအဆီပိုတွေကိုဘယ်လိုဖယ်ရှားကြမလဲ?

လည်ပင်းမှာအဆီပိုတွေရှိနေရင် မေးနှစ်ထပ်လည်းဖြစ်လာပြီးလည်ပင်းကလည်း ကြီးနေသလိုဖြစ်တတ်ပါတယ်။အကျီလည်ဟိုက်တွေဝတ်တဲ့အခါမှာလည်း ကြည့်မကောင်းတော့ ဘူးနော်။လည်ပင်းမှာအဆီပိုတွေရှိလာတာဟာ ကိုယ်အလေးချိန်များလာလို့ပဲဖြစ်ပါတယ်။ လည်ပင်းကအဆီပိုတွေကိုဖယ်ရှားဖို့နောက်ကျနေရင် နှလုံးရောဂါ၊ဆီးချိုရောဂါနဲ့ ၊ကိုလက်စထရောမြင့်မားတာတွေဖြစ်လာတတ်ပါတယ်။ဒါ့အပြင် လည်ပင်းမှာအဆီတွေများလာရင် အသက်ရှုလမ်းကြောင်းပိတ်ဆို့တာတွေဖြစ်လာတတ်ပါတယ်။အဲ့ဒါကြောင့်လည်ပင်းအဆီတွေ လျှော့ချနိုင်မယ့်လေ့ကျင့်ခန်းလေးတွေ၊နည်းလမ်းလေးတွေပြောပြချင်ပါတယ်။

၁။လည်ပင်းလေ့ကျင့်ခန်း

လည်ပင်းကအဆီတွေကျဖို့အကောင်းဆုံးနည်းလမ်းတစ်ခုကတော့လေ့ကျင့်ခန်းလုပ်ဖို့ပါ။ လည်ပင်းလေ့ကျင့်ခန်းတွေအများကြီးရှိပါတယ်။ဒါပေမဲ့ အခုပြောပြမယ့် လေ့ကျင့်ခန်းတွေက မြန်မြန်ဆန်ဆန်နဲ့ထိရောက်မှုပိုရှိစေပါတယ်။ဘယ်လိုလုပ်ရမလဲဆိုရင် တစ်နေရာမှာ မတ်မတ်ထိုင်ပါ။ပြီးရင်ရှေ့တည့်တည့်ကိုပဲကြည့်ပါ။ပုံထဲမှာပြထားတဲ့အတိုင်း တစ်ဖက်ကို ၁၀ခါနီးပါးစီလှည့်ပေးပါ။

၂။ဘေးကအဆီတွေကျစေမယ့်လေ့ကျင့်ခန်း

လည်ပင်းအနီးတစ်ဝိုက်ကအဆီတွေကျစေမယ့်နောက်ထပ်လေ့ကျင့်ခန်းတစ်ခုကတော့… ပထမဆုံးထိုင်ပါ။ပြီးရင် ညာဘက်လက်နဲ့ ခေါင်းရဲ့ညာဘက်ကိုကိုင်လိုက်ပါ။ပြီးရင်ဖြည်းဖြည်းချင်း ခေါင်းကိုကွေးညွတ်ပြီးညာဘက်လက်နဲ့ပဲပြန်ပြီးတွန်းတင်ပေးပါ။ပြီးရင် ဘယ်ဘက်ကိုပြောင်းပြီး လုပ်ပါ။တစ်ကြိမ်လုပ်ရင် ၁၀ခါစီနဲ့ နေ့တိုင်း ၂ကြိမ်၊၃ကြိမ်လုပ်ပေးပါ။

၃။ပါးစပ်လေ့ကျင့်ခန်း

ပါးစပ်လေ့ကျင့်ခန်းဟာလည်းလည်ပင်းကအဆီတွေကျစေမယ့်လေ့ကျင့်ခန်းတစ်ခုပါ။ ပါးစပ်လေ့ကျင့်ခန်းလုပ်နေတဲ့အချိန်မှာလည်ပင်းကြွက်သားတွေရဲ့ လှုပ်ရှားမှုကို မြင်တွေ့ရပါလိမ့်မယ်။လှုပ်ရှားမှုရှိမှအဆီတွေကကျလာမှာပါ။ပထမဆုံး မတ်မတ်ထိုင်လိုက် ပါ။ပြီးရင်ပါးစပ်ကိုအကျယ်ကြီးဟလိုက်ပါ။ဟပြီးရင် အောက်နှုတ်ခမ်းကို အောက်သွားတွေရဲ့ အပေါ်အတွင်းဘက်ရောက်အောင်လုပ်ပါ။အဲ့ဒီအတိုင်း ၁၅စက္ကန့်လောက်ထိ နေပါ။ပြီးမှနှုတ်ခမ်းကိုပုံမှန်အတိုင်းထားပြီးအစကနေပြန်လုပ်ပါ။၅မိနစ်ကနေ ၇မိနစ်ထိလုပ်ပေးနိုင်ပြီး တစ်နေ့ကို ၂ကြိမ်၊၃ကြိမ်လုပ်ပေးနိုင်ပါတယ်။

၎။ကယ်လိုရီလျှော့ချပါ

လည်ပင်းကအဆီတွေကျစေဖို့လေ့ကျင့်ခန်းလုပ်တာအပြင်ကယ်လိုရီများများပါဝင်တဲ့ အစားအစာတွေကိုလည်းရှောင်ဖို့လိုပါတယ်။လေ့ကျင့်ခန်းလုပ်နေပြီး အဆီများတဲ့အစားအစာတွေ စားနေရင်လည်း လည်ပင်းကအဆီတွေကကျလာမှာမဟုတ်ပါဘူး။

၅။ရေများများသောက်ပါ

ရေက ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်တစ်ခုပါ။ ရေဓာတ်မပြည့်ဝဘူးဆိုရင်လည်း အဆီချတဲ့ရောမှာအခက်အခဲဖြစ်နိုင်ပါတယ်။ ရေများများသောက်မှခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်မှာပါ။

၆။အုန်းဆီ

အုန်းဆီစစ်စစ်ကိုလည်း လည်ပင်းအဆီချတဲ့နေရာမှာသုံးပေးလို့ရပါတယ်။အုန်းဆီက အဆီဓာတ်တွေကိုလွယ်ကူစွာစုပ်ယူပေးနိုင်ပါတယ်။အုန်းဆီစစ်စစ်ကို အနည်းငယ်အပူပေးပြီး လည်ပင်းတစ်ဝိုက်ကို ၁၀မိနစ်လောက်နှိပ်နယ်လိမ်းပေးပါ။တစ်နေ့ကို ၂ကြိမ်လုပ်ပေးပါ။ အုန်းဆီစစ်စစ်ကိုချက်ပြုတ်တဲ့နေရာမှာသုံးပေးရင်လည်း အဆီတွေမြန်မြန်ကျစေပါတယ်။

၇။ကြက်ဥအကာ

ကြက်ဥအကာနဲ့ပေါင်းတင်ပေးတာကလည်း လည်ပင်းကအရေးအကြောင်းတွေ ၊သွေးလည်ပတ် မှုတွေ ကောင်းစေပြီးတင်းတင်းရင်းရင်းရှိစေပါတယ်။ကြက်ဥအကာ ၂လုံးစာ၊ပျားရည်စားပွဲတင် ဇွန်း၁ဇွန်း၊သံပုရာရည်စားပွဲတင်ဇွန်းတစ်ဇွန်းကိုရောမွှေပါ။ပြီးရင်လည်ပင်းနဲ့မေးစေ့တစ်ဝိုက်ကို လိမ်းပေးပါ။နာရီဝက်လောက်ထားပြီးရင်ရေနွေးနွေးလေးနဲ့ဆေးကြောပါ။တစ်ပတ်ကို ၂ကြိမ်၊၃ကြိမ်လုပ်ပေးရင် ထူးခြားလာပါလိ့မ်မယ်။

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.