အခုခေတ်မှာ မိန်းကလေးတော်တော်များများဟာ ဒီစိတ်ပျက်စရာကောင်းလွန်းတဲ့ပြဿနာဆိုးကြီးကို အနည်းနဲ့အများရင်ဆိုင်နေရတဲ့သူတွေကြီးပါပဲ။ ခုလိုတိုးတက်ပြောင်းလဲလာတဲ့ခေတ်မှာ ခေါင်းလျှော်ရည်တော်တော်များများဟာ မွှေးကြိုင်ဖို့အတွက် ဓာတုဗေဒပစ္စည်းတွေတော်တော်များများသုံးပြီး ပြုလုပ်ထားတာကြောင့်မသုံးလို့ကလည်း မဖြစ်သုံးရင်လည်းဆံပင်တွေကျွတ်ချက်ကမြင်မကောင်းဘူး။ ဆိုတော့ခေါင်းလျှော်တိုင်းဆံပင်ကျွတ်ခြင်းကင်းဝေးဖို့ဘယ်လို နည်းလမ်းကောင်းလေးတွေရှိလဲဆိုတာ…
(၁) ခေါင်းလျှော်ရည်တစ်မျိုးကိုစွဲစွဲမြဲမြဲသုံးပါ
ခေါင်းလျှော်ရည်ကို တစ်မျိုးပြီးတစ်မျိုးခနခန ပြောင်းသုံးတက်ခြင်းဟာ လုံးဝမလုပ်သင့်ပါဘူး။ ကိုယ်နဲ့အဆင်ပြေမဲ့ခေါင်းလျှော်ရည်တစ်မျိုးထဲကိုသာ ပုံမှန်သုံးပေးရင် ဆံပင်အရမ်းကျွတ်တာမျိုးဖြစ်မလာနိုင်ပါဘူး။
(၂) ရွေးချယ်မှုမှန်ကန်ပါစေ
ခေါင်းလျှော်ရည်ကိုရွေးချယ်တဲ့အခါ ဓာတုဗေဒ အရမ်းများတဲ့ ခေါင်းလျှော်ရည်မျိုးကို မသုံးပဲ သဘာဝပစ္စည်း တွေနဲ့အများဆုံးအသုံးပြုဖော်စပ်ထားတဲ့ခေါင်းလျှော်ရည်မျိုးကိုရွေးချယ်ပါ။
(၃) မတရားမကုတ်ပါနဲ့
ဆိုင်မှာပဲလျှော်လျှော်အိမ်မှာပဲလျှော်လျှော် ကိုယ့်ခေါင်းကို ဂျီးစင်ရုံမျှသာကုတ်ပါ။ ခေါင်းကိုမတရားကုတ်ပြီးလျှော်ခြင်းဟာဦးရေပြားကို နာကျင်စေပြီး ဆံပင်ကျွတ်ခြင်းးကို တွန်းအားပေးစေပါတယ်။
(၄) ပေါင်းဆေးသုံးပေးပါ
ကိုယ့်ဆံပင်ဟာ အပူချောင်းတွေခနခနသုံးတဲ့ဆံပင်ဖြစ်တဲ့အပြင် ဆေးတွေဆိုးထားတာတို့ ကောက်ထားတာဖြောင့်ထားတာ စသဖြင့် ဆံသား ပျက်စီးဖွယ်ကိစ္စတွေများများလုပ်ဖူးထားတယ်ဆိုရင် ခေါင်းလျှော်တိုင်းပေါင်းဆေးသုံးပြီးပေါင်းပေးပါ။
(၅) အဆီလိမ်းပေးပါ။
သံလွင်ဆီနဲ့အုန်းဆီ နှစ်မျိုးကိုဆောင်ထားပါ။ သံလွင်ဆီကို လျှော်ပြီးတဲ့ အချိန် မခြောက်တစ်ခြောက်ဖြစ်နေချိန်မှာ လိမ်းပေးရမှာဖြစ်ပြီး အုန်းဆီကိုတော့ ခေါင်းမလျှော်ခင် ကြိုပြီးရွှဲနစ်အောင်လိမ်းထားပြီးဆံပင်ထဲကို အုန်းဆီတွေ နစ်ဝင်သွားတဲ့အချိန်မှခေါင်းလျှော်ပါ။ ဆံပင်ကျွတ်ခြင်းကို
ကာကွယ်ယုံတင်မကပဲ နက်မှောင်စေပါတယ်။
အပေါ်ကနည်းလမ်းလေးတွေကိုသာ ပုံမှန်ကျင့်သုံးနိုင်မယ်ဆိုရင် ဆံပင်ကျွတ်ခြင်းကို ၇၀%လောက် လျော့ကျပေးနိုင်မှာ အမှန်ပါပဲ။ ကျန်းမာသန်စွမ်းတဲ့ဆံသားတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းရင်း…
ခေါင်းတစ်ခါလျှော်တိုင်းဆံပင်အထွေးလိုက်ကျွတ်တက်တဲ့ပျိုမေတို့

Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။