အကြောပြတ်ရာတွေကို တာ့တာပြကြမယ်

ပေါင်တွေ ဒူးခေါက်ကွေးတွေ ခြေသလုံးတွေမှာရှိတဲ့ အကြောပြတ်ရာတွေက မိန်းကလေးတိုင်းရဲ့ရန်သူတော်တွေပါ။ အတိုဝတ်ရမှာလည်းကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိ ချက်ချင်းလည်းမပျောက်နိုင်( ဖြစ်ပြီဆိုနေပေရော့ပဲ) နဲ့ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်ရပါတယ်။ အကြောပြတ်ရာတွေဖြစ်ရခြင်းအကြောင်းကတော့ ရုတ်တရက်ချက်ချင်းခဏအတွင်းဆိုသလို ကိုယ်အလေးချိန်အတက်အကျပြောင်းလဲသွားတာတွေကြောင့်ပါ။ ဖြစ်ရတဲ့အကြောင်းကိုသိပြီဆိုတော့ အဲဒီ့မုန်းစရာတွေကို ပျောက်အောင် ဘယ်လိုလုပ်ရမလဲ အကြံပေးပါရစေနော်။ သူက ဖြစ်တော့သာချက်ချင်းလက်ငင်းဖြစ်တာ ပျောက်ဖို့တော့ကြာတတ်တဲ့သဘောသဘာဝရှိပါတယ်။ ခုဖော်ပြပေးမယ့်နည်းလမ်းလေးတွေကို ဇွဲကောင်းကောင်းနဲ့ တစ်လလောက်အနည်းဆုံးစွဲလုပ်ပေးမယ်ဆိုရင်တော့ သိသာထင်ရှားတဲ့ရလာဒ်ကိုတွေ့ရမှာပါ။

 

ကြက်ဆူဆီလိမ်းကြမယ်

ကြက်ဆူဆီကို လက်နဲ့ပဲဖြစ်ဖြစ် အပူပေးထားတဲ့ cotton pad လေးနဲ့ပဲဖြစ်ဖြစ် အကြောပြတ်ရာတွေပေါ်ကိုလိမ်းပေးပြီး နာရီဝက်လောက်စက်ဝန်းပုံနှိပ်နယ်ပေးပါ။ ပြီးရင်ရေဆေးချပြီး အစိုဓာတ်ထိန်းခရင်မ်လေးလူးထားပေးပါ။ ဒါကို နေ့စဉ်မှန်မှန်လုပ်သွားပေးပါ။

 

ရှားစောင်းလက်ပတ်

အလှအပအတွက် အသားအရည်အတွက် ပွဲတိုင်းကျော်မပါမဖြစ်မင်းသမီးကတော့ ရှားစောင်းလက်ပတ်ပါပဲ။ ရှားစောင်းလက်ပတ်အနှစ်ကလေးကို အကြောပြတ်ရာတွေပေါ်ကို စိမ့်ဝင်သွားအောင်လိမ်းပေးပါ။ ခဏခဏလိမ်းပေးနိုင်လေ မြန်မြန် ထိရောက်လေပါပဲ။ သူကအကြောပြတ်ရာမှမဟုတ်ပါဘူး၊အခြားအမာရွတ်တွေ ဝက်ခြံတွေ အသားပတ်တာတွေအတွက်လည်းဆရာတစ်ဆူပါ။ ရှားစောင်းလက်ပတ်ကို သူ့ချည်းပဲလိမ်းနိုင်သလို Vitamin E အလုံးလေးကိုဖောက်ပြီး ရောမွှေလိမ်းနိုင်ပါသေးတယ်။

 

ကြက်ဥအကာ

သူကတော့ ဒီနည်းလမ်းတွေထဲမှာ အထိရောက်ဆုံးတစ်ခုလို့ပြောရမှာပါ။ ကြက်ဥအကာတွေမှာ အမိုင်နိုအက်ဆစ်နဲ့ အသားဓာတ်တွေပါဝင်တာကြောင့် အကြောပြတ်ရာတွေကို ကောင်းမွန်စွာကုသပေးနိုင်ပါတယ်။ ကြက်ဥအကာကို ခက်ရင်းနဲ့ သမမျှတအောင်မွှေပါ။ ပြီးရင် အကြောပြတ်ရာတွေပေါ်ကို ခပ်ထူထူလေးလိမ်းပေးပြီး သွေ့ခြောက်သွားတဲ့အထိထားပေးပါ။ ခြောက်သွားရင်ရေဆေးချပြီး သံလွင်ဆီလို အဆီတစ်မျိုးမျိုးလိမ်းထားပေးပါ။

 

သံပုရာရည်

သောက်ဖို့မဟုတ်ဘူးနော်။ လိမ်းဖို့ ။ သံပုရာရည်ဆိုတာ အက်ဆစ်အပျော့စားဖြစ်လို့ အမာရွတ်တွေရော အကြောပြတ်ရာတွေကိုပါ နှင်ထုတ်ချေမှုန်းပစ်နိုင်စွမ်းရှိပါတယ်။ သံပုရာရည်ကို သူ့ချည်းပဲ စက်ဝန်းပုံနှိပ်နှယ်ပေးနိုင်သလို သခွားသီး ဒါမှမဟုတ် အာလူးကို အရည်ညှစ်ပြီး ရောလိမ်းပေးရင်လည်းပိုထိရောက်မှာပါ။

 

သကြား

ရိုးရိုးသကြားအညိုရောင်ကို ဗာဒံစေ့ဆီ ဒါမှမဟုတ် သံပုရာရည်နဲ့ရောပြီး သကြားတွေပါအရည်ပျော်သွားအောင် မွှေပေးပါ။ ခပ်ပျစ်ပျစ်ကလေးရပြီဆိုတော့မှ အနှစ်ကို အသာအယာလိမ်းပေးပါ။ ခြောက်သွားတဲ့အထိထားပြီးတော့မှ ရေဆေးချပါ။ပြီးရင် ထုံးစံအတိုင်း အစိုဓာတ်ထိန်းခရင်မ်တစ်မျိုးမျိုးလိမ်းပေးပါ။

 

အထက်ဖော်ပြပါနည်းတွေကို သူ့ချည်းပဲသော်လည်းကောင်း နှစ်မျိုးသုံးမျိုးရောမွှေပြီးသော်လည်းကောင်း ညဏ်ရှိသလို ကိုယ်ထိရောက်မယ်ထင်သလို ရောစပ်ပြီးအသုံးပြုနိုင်ပါတယ်။အဓိကကတော့ ရေနဲ့ပြန်သန့််စင်ပြီးတဲ့အခါ အစိုဓာတ်ထိန်းခရင်မ်လေးလိမ်းပေးဖို့ မမေ့ဖို့ပါပဲ။  ဇွဲရှိရှိနဲ့ လိမ်းခြင်းဖြင့် အကြောပြတ်ရာတွေကို တာ့တာပြနိုင်ကြပါစေ။

 

 

 

 

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.