လေ့ကျင်းခန်းကြောင့်ဖြစ်တဲ့ ထိုခိုက်မှုကင်းအောင်လုပ်ခြင်း (အပိုင်း ၁)

work_out_pain.jpg

ကျွန်န်ုပ်တို့အားလုံး ကျန်းမာသန်စွမ်းချင်ကြတယ်ဆိုတာကတော့ သေချာပါတယ်။ ဒါပေမယ့်ကျွန်န်ုပ်တို့ အသက်အရွယ်ရလာတဲ့အခါ လေ့ကျင့်ခန်းတွေကြောင့်ဖြစ်တဲ့ ကိုက်ခဲမှု၊ နာကျင်မှုနဲ့ ပြင်းထန်တဲ့ထိခိုက်ဒဏ်ရာတွေကို ထိခိုက်ခံစားလွယ်လာကြပါတယ်။ အဲဒြီ့ပသနာအတွက် အဖြေများရှိနိုင်မလား။ အခုဖေါ်ပြမယ့်အချက် ၁၀ ချက်ကသင့်တော်မယ်လို့ထင်ပါတယ်။

၁။ သင့်ခန္တာကိုယ်ကပြောတဲ့ စကားကိုနားထောင်ပါ။

ပြောချင်တာက နဲနဲလေး နာကျင်မှုကိုခံစားရပြီဆိုတာနဲ့အိမ်မှာနေပြီး TV ထိုင်ကြည့်နေဖို့မဟုတ်ပါဘူး။ ဒါပေမယ့် ပြန်လည်ကောင်းမွန်သက်သာလာဖို့ အချိန်ယူသင့်တဲ့အချိန်မှာ သင့် ခန္တာကိုယ်ကို ဖိအားပေးနေတာကတော့ လုံးဝအဓိပ္ပါယ်မရှိပါဘူး။ လေ့ကျင့်ခန်းတွေရဲ့အဓိကသော့ချက် ကကိုယ့်ကိုကိုယ်သက်တောင့် သက်သာနေဖို့ပဲဖြစ်ပါတယ်လို့ TenPhysio ရဲ့ကိုယ်ကာယကုထုံးပညာရှင် Cheyne Voss ကပြောပါတယ်။ ခန္တာကိုယ်ရဲ့အစိတ်အပိုင်းတစ်ခုခု အနာတရဖြစ်နေပြီဆိုရင်တော့ တစ်ရက်တာလောက် အနားယူဖို့ မစိုးရိမ်ပါနဲ့ ဒါမှမဟုတ် နာကျင်နေတဲ့ အစိတ်အပိုင်းကို ဖိအားပေးမှုနဲတဲ့ အခြားလှုပ်ရှားမှုလေးတွေပြောင်းလုပ်တာက ပိုကောင်းပါတယ်။ အဲဒီ့တော့ ဥပမာအနေနဲ့သင့်ခြေထောက်တွေ နာကျင်နေမယ်ဆိုရင် အပြေးလေ့ကျင့်ခန်းနဲ့ လမ်းလျှောက်ခြင်းတွေကိုမေ့ပြစ်လိုက်ပြီး အဲဒီ့အစား ရေကူးလိုက်ပါ။ အရမ်းသိသာထင်ရှားတဲ့ အချက်ဖြစ်ပေမယ့် ကိုယ့်ခန္တာကိုယ်ကပြောတဲ့စကားကို လျှစ်လျူရှုတဲ့သူတွေ ဘယ်လောက်များပြားသလဲဆိုတာသာသိရင် သင်အံ့သြပါလိမ့်မယ်။

၂။ ခန္တာ ကိုယ်အလယ်ပိုင်းကို သန်မာအောင်လုပ်ပါ။

ထိခိုက်ဒဏ်ရာကင်းတဲ့လေ့ကျင့်ခန်းတွေအတွက် သော့ချက်ကိုသိချင်ပါသလား။ သန်မာတဲ့ ခန္တာ ကိုယ်အလယ်ပိုင်းကြွက်သားတွေဖြစ်ပါတယ် လို့ Cheyne Voss ကပြောပါတယ်။ အလယ်ပိုင်းဆိုတာကတော့ တင်ပါးရဲ့ဘေးနှစ်ဖက်၊ ပခုံးနှစ်ဖက်ကြားနေရာနဲ့ ဗိုက်အောက်ပိုင်းတွေဖြစ်ပါတယ်။ ဒီအစိတ်အပိုင်းတွေကိုသန်မာအောင်လုပ်ခြင်းဖြင့် ပုံမှန်လေ့ကျင့်ခန်းတွေ၊ အသက်အရွယ်ကြီးရင်မှုတွေကြောင့် ကျွန်န်ုပ်တို့ နာကျင်ခံစားရနိုင်တဲ့ လျှော့ချပေးနိုင်ပါတယ်။ သင့်ရဲ့နေ့စဉ်ဘ၀နေထိုင်မှုပုံစံအပေါ်မူတည်ပြီး အချိန်နဲ့အကြိမ်ရေစတာတွေကို  အဲဒီ့အစီအစဉ်ကိုမစခင်မှာ ကာယကုထုံးပညာရှင် သို့မဟုတ် ကာယဆရာတစ်ယောက်ယောက်နဲ့တိုင်ပင်တာဟာကောင်းတဲ့ အကြဲဥာဏ်တစ်ခုဖြစ်ပါတယ်။ Superman စတိုင်လ် ဒူးနဲ့လက်ထောက်တဲ့ လေ့ကျင့်ခန်းမျိုးစမ်းလုပ်ကြည့်ပါ။ ဒူးနဲ့လက်ကို တစ်ပြိုင်ထဲထောက်ထားပါ။ ဗိုက်အောက်ပိုင်းလှုပ်ရှားရမှာဖြစ်ပါတယ်။ ပြီးနောက်ဘယ်လက်ကို မြှောက်ပြီး ရှေ့ကိုဆန့်နေတုန်း သင့်ရဲ့ညာခြေကိုအပေါ်မြှောက်ပြီး ဆန့်ထုတ်ပါ။ ဆယ်စက္ကန့်ခန့် ရပ်ထားပါ။ ပြီးရင် ဘက်ပြောင်းပြီလုပ်ပါ။ ငါးကြိမ်လုပ်ဖို့ကြိုးစားပေးပါ။

၃။သွေးပူလေ့ကျင့်ခန်းလုပ်ဖို့မမေ့ပါနဲ့။

သင့်ရဲ့ခန္တာကိုယ်ကို ဖြည်းဖြည်းချင်းစပြီးလှုပ်ရှားတာဟာ ထိခိုက်ဒဏ်ရာတွေကို ရှောင်ရှားနိုင်ရုံသက်သက်မဟုတ်ပါဘူး။ သင့်ရဲ့ ပျော့လွယ်ပြောင်းလွယ်မှုကိုလဲ တိုးတက်စေပါတယ် လို့ Parkour Generations ရဲ့ထူထောင်သူ  Dan Edwardes ကပြောပါတယ်။ ဒါ့အပြင် သင့်ကြွက်သားတွေနွေး လာလေလေ သင့်ရဲ့ လေ့ကျင့်မှုက ပိုထိရောက်လာလေလေနဲ့ သင်ပိုပြီးသန်စွမ်းလာလေလေဖြစ်မှာပါ။ သင်ဟာ အချိန်နဲ့ပါတ်သတ်ပြီးအပြေးအလွှားဖြစ်နေရင်တောင်မှာ သင့်ရဲ့ခန္တာကိုယ်ကိုသွေးပူအောင် လုပ်ဖို့အတွက် နည်းလမ်းတွေအများကြီးရှိပါတယ်။ ဥပမာအားဖြင့် gym ဒါမှမဟုတ် ရေကူးကန်ကို ကားမောင်းသွားမယ့်အစား လမ်းလေးတစ်ခါလောက်လျှောက်ကြည့်ပါ။ ပြေးတာ ဒါမှအဟုတ် စက်ဘီးစီးတာမျိုးလုပ်မယ်ဆိုရင်လည်း သင်ကဘယ်လောက်ပဲစိတ်အားထက်သန်နေနေ ဖြည်းဖြည်းချင်းစတင်ပါ။ ထိုင်ရာကထပြီး အမြနှ်ဆုံးနှုန်းနဲ့စတင်ဖို့ဘယ်တော့မှစိတ်မကူးပါနဲ့။ ဒီလိုသာလုပ်ရင်သင့်တစ်ကိုယ်လုံး ဒဏ်ရာအနာတရတွေထဲ တွန်းပို့သလိုဖြစ်ပါလိမ့်မယ်။

၎။ အကြော့လျှော့တာ မပိုမိပါစေနဲ့။

ဟုတ်ပါတယ်။ အကြောလျှော့တယ်ဆိုတာ နာကျင်မှုနဲ့ထိခိုက်ဒဏ်ရာတွေကိုတိုက်ထုတ်ဖို့အရေးကြီးပါတယ်။ ဒါပေမယ့်တစ်ခါတစ်လေမှာတော့ လေ့ကျင့်ခန်းအပြည့်လုပ်ပြီး ပြင်းပြင်းထန်ထန်အကြောလျှော့တာဟာ နောက်တစ်နေ့မှာကြွက်သားနာကျင်မှုဖြစ်တာကို မတားဆီးပေနိုင်တဲ့အပြင် ပိုပိုသာသာကြီးလုပ်မိရင် နာကျင်မှုတောင်ဖြစ်စေပါတယ် လို့ Good Vibes Fitness ရဲ့ တည်ထောင်သူ Nahid de Belgeonne ကပြောပါတယ်။  မနက်ပိုင်းမှာစလို့ ညပိုင်းမှာနောက်တစ်ခါလုပ်နိုင်တဲ့ တိုတောင်းပြီး ရိုးရှင်းတဲ့ ယောဂလေ့ကျင့်ခန်းလေးလုပ်ကြည့်တာ အများကြီးပိုကောင်းပါလိမ့်မယ် လို့ Nahid ကပြောပါတယ်။ ယောဂ တစ်ခါမှမကျင့်ဖူးဘူးလား။ အနီးအနားမှာရှိတဲ့ အခြေခံ class တစ်ခုကိုရှာပါ gym နဲ့အားလပ်ချိန်အချိန်ဖြုန်းတဲ့ စင်တာတွေမှာ အဲဒီ့ class တွေရှိပါတယ်။ ပြီးတော့အိမ်မှာလုပ်နိုင်တာလေးတွေကို ဆရာကိုမေးကြည့်ပါ။

၅။ ဘာဝနာရှုမှတ်ပွားများပါ။

ခန္တာကိုယ်ကပြောတဲ့စကားနားထောင်တဲ့ အဆင့်ကိုပြန်ရောက်လာပါပြီ။ ဒါပေမယ့် ဒီအချက်ရဲ့နောက်ကွယ်မှာတော့ ကျစ်လစ်ခိုင်မာတဲ့ အကြောင်းပြချက်ရှိပါတယ်။ သင့်ရဲ့စိတ်နဲ့ခန္တာဟာ သီးခြားဖြစ်နေတဲ့အရာနှစ်ခုလို့ယူဆတာ ကြောင်တောင်တောင်နိုင်ပါတယ် လို့ Nahid de Belgeonne ကပြောပါတယ်။ စိတ်ပိုင်းဆိုင်ရာ ဖိဆီးမှုကို ရုပ်ပိုင်းက ပုံမှန်ဖေါ်ပြပေးနိုင်ပါတယ်။ ဒါကြောင့် စိတ်ကိုအေးချမ်း အောင်ထားဖို့သင်ယူတာဟာ ကြီးမားတဲ့အကျိုးကျေးဇူးဖြစ်နိုင်ပါတယ်။ ဘာဝနာရှုမှတ်ခြင်းဟာ စိတ်လှုပ်ရှားမှု စိတ်ဖိဆီုးမှု နဲ့အိပ်မပျော်ရောဂါတွေကို ပုံမှန်ဖြစ်အောင်ကူညီလုပ်ဆောင်ပေးနိုင်ပါတယ်။ သင့်ရဲ့စိတ်က ဘယ်တော့မှမတည်ငြိမ်နိုင်ဘူးလို့ထင်နေပါသလား။ အဓိပ္ပါယ်မရှိပါဘူး။ ကြိုးစားပြီးသည်းခံလိုက်ပါ။ သင်မကြာခင်အောင်မြင်ပါလိမ့်မယ်။ ဒီကိစ္စကိုအစပြုရာမှာ အကြံဥာဏ်လိုအပ်ရင်တော့

www.getsomeheadspace.com ကိုသွားပါ။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.