”12 Strong ” ရုပ်ရှင်ဟာ အမေရိကန်စစ်ကားဖြစ်ပြီး ဒါရိုက်တာ Nicolai Fuglsig နဲ့ ဇာတ်ညွန်း Ted Tally ၊ Peter Craig တို့ ပူးပေါင်းဖန်တီးထားပါတယ်။ ဒီရုပ်ရှင်ကားဟာ စက်တင်ဘာ ၁၁ရက်နေ့ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စီအိုင်အေ လက်နက်ကိုင်တပ်ဖွဲ့နဲ့ အမေရိကန်
အထူးတပ်ဖွဲ့တို့ အာဖဂန်နစ္စတန်သို့ စေလွှတ်ခံရတဲ့အကြောင်းရေးထားတဲ့ Doug Stanton ရဲ့ ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ပါဝင်သရုပ်ဆောင်ထားတဲ့ အနုပညာရှင်များကတော့ –
Chris Hemsworth, Michael Shannon, Michael Peña, Navid Negahban, Trevante Rhodes, Geoff Stults, Thad Luckinbill, William Fichtner နဲ့ Rob Riggle တို့ပဲဖြစ်ပါတယ်။
၂ဝ၁၈ ဇန်နဝါရီ ၁၉ရက်နေ့ဆို အမေရိကန်မှာထွက်ပါပြီ။ ဇာတ်လမ်း Trailer ဗီဒီယိုဖော်ပြပေးလိုက်ပါတယ်။
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။