ကျန်းမာရေးအတွက် တစ်နေ့ကိုနေရောင်ခြည်ဘယ်ရွေ့ဘယ်မျှလိုအပ်သလဲ

 

အသားအရည်ပျက်စီးမှာစိုးတယ်ဆိုပြီး နေရောင်နဲ့မထိတွေ့အောင်ဂရုစိုက်တာက ကောင်းပါတယ်။ဒါပေမယ့် အလွန်အကျွံဖြစ်သွားပြီး နေရောင်လုံးဝမရတော့တာမျိုးဆိုရင်တော့ ကျန်းမာရေးအတွက်မကောင်းပါဘူး။သက်ရှိတွေဟာ နေရောင်ခြည်ကို အမှီပြုပြီးရှင်သန်ကြီးထွားကြရတယ်ဆိုတဲ့စကားတောင်ရှိသေးမဟုတ်လား။ ကလေးမွေးကာစလေးတွေကို နေပြရတာလည်း ဒီသဘောပဲပေါ့။ ကမ္ဘာဦးအစကဆိုနေကို ကိုးကွယ်ကြတယ်ဆိုတာကိုး။ထားပါတော့။ပြောရင်းနဲ့စကားတွေဘေးချော်ကုန်ပြီိ။ တစ်နေ့ကို နေရောင်ခြည်ဘယ်မျှလောက်လိုအပ်သလဲဆိုတာကို London မြို့ King’s College Hospital က အသားအရည်အထူးကု၊အသားအရည်ရေးရာအတိုင်ပင်ခံတစ်ဦးလည်းဖြစ်တဲ့  Dr. Rachel Morris-Jones က အခုလို ရှင်းပြပြောကြားထားပါတယ်။

Dr. Rachel Morris-Jones

 

“နေရောင်ခြည်ကိုလူသားတွေရှောင်ကြတယ်ဆိုတာ ရုပ်ရင့်မှာစိုးတာနဲ့နေလောင်မှာစိုးရိမ်တာကြောင့်ပါ။ နေရောင်ခြည်က ရုပ်ကိုရင့်စေတယ် နေပူထဲကြာကြာနေရင်နေလောင်ပြီးစပ်ဖျင်းဖျင်းကြီးတွေဖြစ်လာမယ်ဆိုတာက ငြင်းမရတဲ့အမှန်တရားတွေပါ။ ဒါပေမယ့် အရာရာတိုင်းဟာ အကောင်းနဲ့အဆိုးဒွန်တွဲလာတယ်ဆိုတဲ့အတိုင်း လူ့ခန္ဓာကိုယ်ရဲ့ အရိုးတွေနဲ့ ခန္ဓာကိုယ်ခုခံအားအတွက် နေရောင်ခြည်မှာပါဝင်တဲ့ Vitamin D က အသက်သွေးကြောပါ။ Vitamin D ကို ဖြည့်စွက်စာအဖြစ်သောက်လို့ရသလို ဟင်းသီးဟင်းရွက်တွေကလည်းရယူနိုင်တယ်ဆိုပေမယ့် နေရောင်နဲ့တိုက်ရိုက်ထိတွေ့ရတာလောက် ဘယ်အရာမှမထိရောက်ပါဘူး။ခုနောက်ပိုင်းမှာ လူတွေက အမျိုးမျိုးသော အကြောင်းတွေကြောင့်နေရောင်ခြည်ကို ရှောင်ရှားလာကြတဲ့အခါ အရိုးပွရောဂါတွေနဲ့ အလွယ်တကူခုခံအားကျုဆင်းတဲ့ရောဂါတွေကနောက်က ကပ်ပါလာပါတော့တယ်။

တစ်နေ့ကို နေရောင်ခြည်ဘယ်လောက်ထိတွေ့ဖို့လိုအပ်သလဲဆိုတာကတော့ လူတစ်ယောက်နဲ့တစ်ယောက်မတူပါဘူး။ နေထိုင်ရာအရပ်ဒေသက နေရောင်ခြည်ရဲ့လှိုင်းအလျား၊ပြင်းနှုန်းနဲ့ လူရဲ့အသားအရည် ခန္ဓာကိုယ်လိုအပ်ချက်တစ်ခုချင်းစီပေါ်လိုက်ပြီး တစ်ယောက်ချင်းစီကွဲပြားမှာဖြစ်လို့ တရားသေအတိအကျပြောဖို့တော့မဖြစ်နိုင်တာအမှန်ပါ။ ပျမ်းမျှခြင်းချပြီးပြောရရင်တော့ တစ်နေ့ကို နေရောင် မိနစ်နှစ်ဆယ်ဝန်းကျင်ခန့်ထိတွေ့ပေးဖို့လိုအပ်ပါတယ်။”လို့ပြောကြားသွားပါတယ်။

287 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.