ရေကူးခြင်းရဲ့အကျိုးကျေးဇူး

  ရေကူးအားကစားဟာ ကျန်းမာရေးတဲ့သင့်တော်ပြီး စိတ်ဝင်စားစရာကောင်းတဲ့အားကစားတစ်ခုပါ၊ ခုလက်ရှိခေတ်မှာဆိုရင် တာဝေးရေကူးပြိုင်ပွဲတွေ ၊ ဒိုင်ဗင်ထိုးပြိုင်ပွဲတွေ အများကြီးပေါ်လာပြီး တွင်ကျယ်လာတဲ့အားကစားတစ်ခုဖြစ်ပါတယ်။ဆိုတော့ ရေကူးဝါသနာပါတဲ့သူတွေအတွက်ဘယ်လိုကောင်းကျိုးတွေရရှိနိုင်သလဲ ၊ ရေကူးခြင်းရဲ့ကောင်းကြိုးကဘယ်အရာတွေလည်းဆိုတာကို အနီးစပ်ဆုံးဖော်ပြလိုက်ပါတယ်…
(၁) ကြွက်သားတွေကိုသန်မာစေတယ်
ရေကူးခြင်းကြောင့်ခန္ဓာကိုယ် တစ်ခုလုံးမှာရှိတဲ့ ကြွက်သားတွေကိုသန်မာစေပါတယ်။ ရေကူးတဲ့နေရာမှာလက်မောင်းရော ၊၀မ်းဗိုက်သားရော နောက်ကျောရောစတဲ့ အစိတ်အပိုင်းတွေ အများဆုံး အလုပ်လုပ်ရတာကြောင့် ရေကူးခြင်းဟာ အေရိုဗစ်တစ်မျိုးလို့လည်းသတ်မှတ်လို့ရပါတယ်။
(၂) အရိုးတွေဖွဲ့စည်းပုံမှန်ကန်လာတယ်
ရေထဲမှာ တစ်ကိုယ်လုံးရုန်းကန်ကူးခတ်ရတာကြောင့်ကိုယ်ခန္ဓာမှာရှိတဲ့ အရိုးတွေကို ခိုင်မာသန်စွမ်းစေပြီး ခန္ဓာကိုယ် အရိုး တည်ဆောက်ပုံ မှန်ကန်လာပါလိမ့်မယ်။
(၃) လန်းဆန်းစေတယ်
ရေကူးခြင်းအားကစားဟာ ခန္ဓာကိုယ် အရိုးတွေကြွက်သွားတွေကို သန်မာစေရုံသာမကပဲ ရေနဲ့ထိတွေ့မှုကြောင့် ကိုယ်ရောစိတ်ပါ အေးမြတဲ့ အရသာကို ခံစားရပြီး လန်းဆန်းတက်ကြွမှုကို အပြည့်အ၀ရရှိနိုင်ပါတယ်။
(၄) ၀ိတ်ကျစေတယ်
ရေကူးခြင်းဟာ Caloriesတွေကို လောင်ကျွမ်းစေပြီး ၀ိတ်ကျစေတဲ့အားကစားတစ်ခုလို့သိရပါတယ်။
(၅) ပန်းနာရင်ကျပ်ရောဂါကို ကာကွယ်ပေးနိုင်တယ်
အဆမတန် အချိန်အကန့်သတ်မရှိရေထဲမှာနေရင်တော့ ရင်ကျပ်ရောဂါကို ကာကွယ်နိုင်မှာ မဟုတ်ပေမဲ့ စည်းစနစ်ကျကျရေကူးခြင်းဟာ ပန်းနာရင်ကျပ်ရောဂါကို ကာကွယ်ပေးနိုင်တဲ့ အားကစားတစ်ခုပါ။
(၆) အရေပြားကို ကျန်းမာစေတယ်
ဒါကတော့အထူသဖြင့် ပင်လယ်မှာကူးတဲ့သူမျိုးတွေအတွက်ပါ။ ပင်လယ်ရေကြောင့်ခန္ဓာကိုယ်အသားရေကို ကျန်းမာစေပြီးယားနာဝေသနာတွေကနေကင်းဝေးစေပါတယ်။
(၇) အရပ်ရှည်စေတယ်
ရေကူးအားကစားကြောင့် အရိုးအဆစ်ပိုမို သန်မာလာပြီး အရပ်ကို ပိုပြီး ရှည်စေပါတယ်။ ဒါကြောင့်အရပ်ရှည်ချင်သူတော်တော်များများဟာ ရေကူးအားကစားကို ကစားကြပြီး ရေကူးဝါသနာရှင်တော်တော်များများဟာလည်းအရပ်ရှည်ကြပါတယ်။
ရေကူးအားကစားကိုစားခြင်းဖြင့် ကောင်းမွန်တဲ့ အကျိုးကျေးဇူးကောင်းတွေရနိုင်ပါစေ….

182 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.