အချစ်လို့ဖော်ပြနေတဲ့ဘာသာစကားငါးမျိုး

တစ်ယောက်နဲ့တစ်ယောက်မေတ္တာထားခြင်းဟာ မွန်မြတ်တဲ့ အရာတစ်ခုပါ။ တစ်ယောက်ကိုတစ်ယောက်ချစ်တာကို စကားလုံးတွေနဲ့မဖော်ပြခဲ့ရင်တောင် အပြုမူဘာသာစကားကနေ အချစ်ကိုဖော်ကြူးလို့ရပါတယ်။ တစ်ယောက်ပေါ်တစ်ယောက်အေးချမ်းတဲ့ချစ်ခြင်းမေတ္တာကို ဖော်ပြနေတဲ့ အပြုအမူ ဘာသာစကားတွေက ဘယ်လိုအရာမျိုးတွေ များ ဖြစ်နိုင်မလဲ….

(၁) ကတိသစ္စာတည်ကြတယ်
တစ်ယာက်ပေါ်တစ်ယောက် အချင်းချင်း ကတိစကားတွေပေးကြတယ်၊ တစ်ယောက်ပေါ်တစ်ယောက် မပြယ်သော သစ္စာတရားတွေနဲ့စောင့်ထိန်းပြီးချစ်ကြတယ်။

(၂) ပူးပေါင်းလုပ်ဆောင်တယ်
ဘယ်အရာကို မဆို သူ့တာဝန် ကိုယ့်တာဝန်ဆိုတာမျိုး မခွဲခြားထားပဲ ကိုယ့်ဘက်က လုပ်ပေးနိုင်စရာ ကူညီစရာရှိတာကို ကူညီပေးတယ်။ တစ်ခုခုလုပ်ဆောင်တော့မယ်ဆိုရင် တိုင်ပင်ညှိနှိုင်းပြီး တစ်ယောက်သဘောထားကို တစ်ယောက်အလေးထားကြတယ်။


(၃) အမှတ်တရလက်ဆောင်လေးတွေပေးတယ်
ချစ်ခြင်းမေတ္တာမှာတန်ဖိုးနည်းတယ် များတယ်ရယ်မရှိပါဘူး ၊ ရင်ထဲရောက်တဲ့ လက်ဆောင်မျိုးလေးတွေဖြစ်ဖို့ပဲလိုတာပါ။ ဒါကြောင့် တစ်ယောက်ပေါ်တစ်ယောက် မေတ္တာစိတ်နဲ့ လက်ဆောင်လေးတွေအပြန်အလှန်ပေးခြင်းဟာ အချစ်ရဲ့သင်္ကေတတစ်ခုပါပဲ။


(၄) ရုပ်ပိုင်းဆိုင်ရာထိတွေ့မှု
တစ်ယောက်ကို တစ်ယောက် ချစ်ခြင်းမေတ္တာကို ဖော်ပြတဲ့နေရာမှာ ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုကလည်း အလွန်အရေးပါတဲ့ အရာတစ်ခုပါ။ ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုကြောင့်တစ်ယောက်ကိုတစ်ယောက်ပိုချစ်လာနိုင်ပြီး တစ်ယောက်ပေါ်တစ်ယောက်ထားတဲ့ တန်ဖိုးကိုဒီအထိအတွေ့မှာ ခန့်မှန်းလို့ရပါတယ်။ ဒါကြောင့် ရုပ်ပိုင်းဆိုင်ရာအထိအတွေ့ကလည်း အချစ်ကိုဖော်ပြနေတဲ့ဘာသာစကားတစ်ခုပါ။

(၅) ကောင်းမွန်တဲ့ အချိန်လေးတွေဖန်တီးတယ်
နှစ်ယောက်တူတူရှိနေတဲ့ အချိန်မှာ ကောင်းမွန်ချိုမြိန်တဲ့ အချိန်လေးတွေကို ဖန်တီးယူခြင်းဟာလည်း ချစ်ခြင်းရဲ့ဘာသာစကားတစ်ခုပါ။ ဥပမာ-နှစ်ယောက်တွေ့ချိန် selfieတူတူဆွဲတာမျိုး ၊ ကမ်းခြေမှာခြေဗလာနဲ့လမ်းလျှောက်ကြည့်တာမျိုး၊ မိုးရေထဲတူတူပြေးကြည့်တာမျိုး စတဲ့တစ်ယောက်ကိုတစ်ယောက်သတိရစေနိုင်တဲ့ အပြုမူလေးတွေဟာလည်း ချစ်ခြင်းသင်္ကေတတွေပဲဖြစ်ပါတယ်။
အပေါ်ကအချက်တွေတော်တော်များများကို လူတစ်ယောက်နဲ့လုပ်ဖူးခဲ့မယ်ဆိုရင် ဒီလူဟာ ကိုယ်ချစ်ရတဲ့သူဖြစ်နိုင်သလို ချစ်သူရည်းစားမဖြစ်ခဲ့ဘူးဆိုရင်တောင် ကိုယ့်ဘ၀မှာ မမေ့နိုင်တဲ့သူတစ်ယောက်တော့ဖြစ်နေပါလိမ့်မယ်…

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.