ကျန်းမာရေးကို ဆုတ်ယုတ်ပျက်စီးစေတဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေ

ကိုယ်တို့ဘဝတွေမှာ နေ့တိုင်းသူ့အလိုလိုမသိလိုက်မသိဘာသာလုပ်ဖြစ်နေတာလေးတွေရှိပါတယ်။ အဲဒါတွေထဲက တချို့က သင့်ကျန်းမာရေးကို ဆုတ်ယုတ်ပျက်စီးစေတယ်ဆိုတာသိပါသလား။ကျန်းမာရေးကို ထိခိုက်စေတဲ့ နေ့စဉ်လုပ်ဖြစ်နေတာလေးတွေကတော့…..

 

နိုးနိုးချင်းကော်ဖီသောက်တာ

အိပ်ချင်မူးတူးဖြစ်နေတာကို လန်းသွားအောင်ကော်ဖီခါးခါးလေးရဲ့ အကူအညီယူလိုက်တာမျိုးက တစ်ရက်တစ်လေကနေ ကောင်းတယ်ထင်ပြီး ရက်တွေဆက်လာရင်တော့ ဦးနှောက်ရဲ့ ဆဲလ်တွေကို စွမ်းရည်ကျဆင်းစေပါတယ်။ ဖြစ်ပုံက အိပ်ရေးမဝသေးတဲ့လူကို အိပ်ရာကနှိုးလိုက်သလိုပဲ ဦးနှောက်ဆဲလ်တွေကို ကဖိန်းဓာတ်က အတင်းသွားလှုံ့ဆော်လိုက်တဲ့အခါ သူတို့မှာလည်း ထဘီမနိုင် ပဝါမနိုင်နဲ့ အလုပ်ထလုပ်ကြရတော့တာပါပဲ။ အဲ့လိုအမြဲဖြစ်နေရင် ဘယ်သူကခံနိုင်မတုန်း ဟုတ်တယ်မဟုတ်လား။ အဲဒါကြောင့် ချက်ချင်းနိုးကြားတက်ကြွသွားတယ်ဆိုတာ စိတ်လှည့်စားမှုတစ်ခုပါ။

 

အသားဓာတ်တွေ ကစီဓာတ်တွေလုံလောက်အောင်မစားသုံးတာ

ငယ်ငယ်တုန်းက အစာအုပ်စုကြီးသုံးစု မျှတအောင်စားရမယ်ဆိုတဲ့ သင်ခန်းစာကို ကြီးလာတော့မေ့ပစ်လိုက်ကြပါပြီ။အဲ့အစား ဗိုက်ကလေးရှပ်နေဖို့ ဝိတ်မတက်ဖို့နဲ့ ခန္ဓာကိုယ်လှဖို့လောက်ပဲ အာရုံထားကြပါတော့တယ်။ အထူးသဖြင့်အမျိုးသမီးတွေပါ။ ခါးတစ်ဝိုက်နဲ့ ဗိုက်ကအဆီတွေကျဖို့ဆိုတာ ဘာမှမစားပဲတစ်ပတ်လောက်နေလိုက်တာက အမြန်ဆုံးနည်းကိုး။ လှချင်တာက လူ့သဘာဝပဲမို့ အပြစ်မဆိုသာပေမယ့် လှချင်တာနဲ့ပဲကျုန်းမာရေးထိခိုက်လာရင်တော့ ပြဿနာရှိပါတယ်။ အစားလျှော့စားတာထက် လေ့ကျင့်ခန်းလုပ်တာက ပိုထိရောက်တာသတိပြုပါ။ အစားလျှော့စားတာက လွယ်ပြီး ငွေကုန်ကြေးကျလည်းသက်သာပေမယ့် အသားအရည်ကလျော့တိလျော့ရဲနဲ့ မလှပါဘူး။ အစားများများစားပြီး လေ့ကျင့်ခန်းလုပ်တာကမှ ကိုယ်လုပ်ရင်လုပ်သလောက် ကျစ်လျစ်သွယ်လျစေပါတယ်။ အစားလျှော့စားတဲ့အခါ ခန္ဓာကိုယ်ကလည်း လုံလောက်တဲ့ စွမ်းအားတွေမရရှိတာကြောင့်သိုလှောင်ထားတဲ့ စွမ်းအားလေးတွေထုတ်ယူသုံးစွဲနေရပြီး ကြာလာတော့ ထိခိုက်လာပါတယ်။

 

အရက်ကိုအရက်/ကော်ဖီနဲ့ဖြေတာ

ညကများသွားတယ်ကွာ ခေါင်းကြည်သွားအောင်တစ်ခွက်လောက်ချဦးမယ်ဆိုတာကအစ Hangover ဖြစ်နေပြီ Black Coffee ကယ်မှရတော့မယ်ဆိုတာပါ အန္တရာယ်ကြီးကြီးတွေပါ။ ညကများသွားရင် ပျားသံပုရာ ဒါမှမဟုတ် ပျားရည်နဲ့ရှာလကာရည်အရော သောက်ပြီးဖြေပါ။ နေ့ဆက်ညဆက် အရက်တွေကော်ဖီတွေသောက်တာဟာ ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေကို ကမောက်ကမဖြစ်စေပါတယ်။အဲဒီကနေမှ အရက်ကြောင်ကြောင်တာတွေဖြစ်လာတာပါ။

 

လုံလောက်တဲ့ ကိုယ်လက်လှုပ်ရှားမှုမရှိတာ

ပျင်းလိုက်တာဆိုပြီး တစ်နေကုန်အိပ်ရာထဲမှာ ရုပ်ရှင်တွေထိုင်ကြည့်မုန့်တွေစား လုပ်နေတာကလည်း ကျန်းမာရေးထိခိုက်စေတဲ့ အပြုအမူတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားအားကစားဆိုတာ အပြင်တွေထွက်တစ်မိုင်လောက်ပြေးမှမဟုတ်ပါဘူး။ ထပြီိးတံမြက်စည်းလေးလှဲလိုက်တာကလည်း ကိုယ်လက်လှုပ်ရှားမှုပါပဲ။ ကိုယ်လက်လှုပ်ရှားမှုမလုပ်ခြင်းဟာ သွေးလည်ပတ်မှုနှေးကွေးစေတာမို့ သွေးကြောတွေကိုလေးလံစေပြီး အသက်ကြီးလာရင် အလွယ်တကူ လေဖြတ်နိုင်တာ ထုံနာကျဉ်နာတွေဖြစ်စေနိုင်ပါတယ်။

 

ရေဓာတ်ခန်းခြောက်တာ

ရေများများသောက်ကြပါလို့ ဆရာဝန်တွေ အသံကုန်အောင်သတိပေးနေကြတာအခြားမဟုတ်ပါဘူး။ လူ့ခန္ဓာကိုယ်ရဲ့ 75% ဟာ ရေတွေနဲ့တည်ဆောက်ထားတာမို့ရေမရှိရင် ဘာမှလုပ်လို့မရတာပါ။ ဒါမလာရင်ဒါမလာဘူးဆိုသလိုပေါ့ ရေ supply မလာရင်ဘာမှလုပ်မရဘူးလေ။ဒါကြောင့် ရေဆာမှရေထသောက်တာမျိုးမလုပ်ပါနဲ့။ ရေမဆာရင်တောင် တစွတ်စွတ်သောက်နေပေးပါ။

 

ပြောရရင်တော့ အများကြီးမို့ အရေးအကြီးဆုံးတွေကိုကောက်နှုတ်ဖော်ပြပေးလိုက်တာပဲဖြစ်ပါတယ်။

57 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.