ဂျပန်က ကော်ဖီဆိုင်လေးမှာ Song Joong Ki နဲ့Song Hye Kyo တို့စုံတွဲကိုတွေ့လိုက်လို့ ပျော်နေတဲ့ကိုရီးယားအမျိုးသား

မကြာသေးခင်ကမှ လက်ထပ်ခဲ့ကြတဲ့ Song Joong Ki နဲ့Song Hye Kyo တို့စုံတွဲကို တိုကျိုမြို့က Café Kitsune ဆိုတဲ့ ကော်ဖီဆိုင်လေးတစ်ဆိုင်မှာတွေ့ရှိခဲ့တယ် လို့ကိုရီးယားခရီးသွားတစ်ယောက်က ပြောပြခဲ့ပါတယ်။

သူက Song Song စုံတွဲနဲ့ဓာတ်ပုံအတူမရိုက်လိုက်ရပေမဲ့ စိတ်သဘောထားဖြူစင် ကောင်းမွန်တဲ့စုံတွဲလေးကသူ့အတွက်အော်တိုရေးပေးခဲ့ပါတယ်တဲ့။

သူတို့စုံတွဲကော်ဖီဆိုင်ကထွက်ပြီးခပ်လှမ်းလှမ်းရောက်ကာမှ ချက်ချင်းဓာတ်ပုံရိုက်ခဲ့ပြီးသူ့ရဲ့ ကိုယ်ပိုင်ဘလော့ခ်ျမှာတင်ခဲ့ပါတယ်။အဲ့ဒီပုံဟာ ချက်ချင်းပဲ ကိုရီးယားနိုင်ငံမှာ ပျံ့နှံ့သွားခဲ့ပြီး ရှယ်တဲ့သူတော်တော်များများရှိခဲ့တယ်လို့သိရပါတယ်။

လွန်ခဲ့တဲ့နှစ်က တိုကျို့မြို့မှာ Song Joong Ki က Song Hye Kyo ကိုပရိုပို့စ်လုပ်ခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့်သူတို့စုံတွဲဂျပန်ရောက်နေတဲ့ပုံ ကိုမြင်တွေ့တဲ့ပရိသတ်တွေက Song Song စုံတွဲက သူတို့ရဲ့ အမှတ်တရနေ့ ကိုသတိရပြီးအတူတူလာခဲ့ကြတာဖြစ်မယ်လို့ပြောခဲ့ကြတာဖြစ်ပါတယ်။

Source:Koreaboo

 

61 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.