မင်းသား Kang Dong Wonကိုသဘောကျတယ်လို့ဝန်ခံခဲ့တဲ့ Suzy

နာမည်ကျော်အနုပညာရှင်များစွာထဲကမှ မင်းသား Kang Dong Won ကတော့ မိန်းကလေးပရိသတ်တွေ များစွာရရှိထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ နာမည်ကျော်အနုပညာရှင်မင်းသမီးတွေကို သူတို့သဘောကျတဲ့ပုံစံက ဘယ်လိုမျိုးလဲလို့ မေးတဲ့အခါမှာလည်း Kang Dong Won ကို ရည်ညွန်းကြတယ်လို့သိရပါတယ်။

နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်တဲ့ Suzy ကလည်း သူမသဘောကျတဲ့ပုံစံက Kang Dong Won လိုမျိုးဖြစ်ပြီး Kang Dong Wonကိုအားပေးတဲ့ အသည်းစွဲပရိသတ်တစ်ယောက်ပါတဲ့။ သူမဟာ Jeon Woo Chi ဆိုတဲ့ရုပ်ရှင်ကားကို ၇ကြိမ်တောင်ပြန်ကြည့်ခဲ့ပါတယ်။ဘာလို့လဲဆိုရင် မင်းသား Kang Dong Won ပါလို့ပါတဲ့။

Taeyeon ကလည်း Kang Dong Won နဲ့ အပြင်မှာတွေ့ဆုံဖူးတဲ့ပရိသတ်တစ်ယောက်ပါ။ Kang Dong Won ရဲ့ My Brilliant Life ဇာတ်ကားမှာ Taeyeon က ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်ခဲ့ဖူးပါတယ်။

Red Velvetအဖွဲ့ရဲ့  Seulgi ကလည်း Kang Dong Wonရဲ့ ပရိသတ်တစ်ယောက်ပါလို့ သူမရဲ့ ရှိုးပွဲကနေပြောပြခဲ့ပါတယ်။ Kang Dong Wonရဲ့ ရုပ်ရှင် Kundo ကိုကြည့်ပြီး သဘောကျမိသွားတာပါတဲ့။

တခြားနာမည်ကျော်မင်းသမီးတွေဖြစ်ကြတဲ့ Jang Na Ra ၊ Narsha ၊Kim A Joong ၊Han Seung Yeon ၊Park Ji Yoon၊ Kim Sung Ryung နဲ့ Hwang Bo တို့ကလည်း သူတို့ရဲ့ Ideal Type က မင်းသား Kang Dong Wonပါပဲလို့ပြောပြခဲ့ပါတယ်။

321 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.