ယုံကြည်လို့မရတဲ့သူနားမှာ နာကျင်မနေပါနဲ့

လူဘ၀တိုတောင်းလတဲ့ကာလတွေမှာ ကိုယ့် အပေါ်အမှန်တကယ်မကောင်းတဲ့ လက်တွဲဖော်၊ မယုံကြည်ရတဲ့လက်တွဲဖော်နားမှာ ခိုကပ်ပြီး ချစ်တဲ့စိတ် တစ်ခုတည်းနဲ့ နာကျင်စွာမနေပါနဲ့။ ကိုယ့်စိတ်ထဲမှာသူ့ကိုယုံကြည်လို့ မရတော့ဘူး၊ သူ့ အပြုအမူတွေက ထပ်ပြီး ယုံကြည်လို့မရတော့ဘူးဆိုရင် စွန့်ခွာရှောင်ထွက်ဖို့ဝန်မလေးပါနဲ့။ဆိုတော့ ကိုယ့်ဘ၀ အတွက်ယုံကြည်ဖို့မထိုက်တန်တဲ့သူနားကနေရုန်းထွက်နိုင်အောင် ဘယ်လိုကြိုးစားမလဲ…
(၁) ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုထားပါ
မကောင်းတဲ့သူတစ်ယောက်ဆီ ကပ်တွယ်နေတဲ့ ကိုယ့်စိတ်ကို ဖယ်ရှားနိုင်တယ် ၊ လုပ်ကို လုပ်နိုင်တယ် လို့ယုံကြည်ပြီး ကြိုးစားကြည့်ပါ။
(၂) ချစ်တဲ့စိတ်ကိုနာတာနဲ့ ဖြေပါ
မယုံကြည်ရမှန်းမကောင်းမှန်းသိပေမဲ့ ချစ်တဲ့စိတ်တစ်ခုကြောင့်နဲ့လက်လွှတ်ရမှာ ကြောက်မနေပါနဲ့။ လွမ်းတာရှိရင် နာတာနဲ့ဖြေဖျောက်တက်ပြီး ချစ်နေတဲ့ စိတ်တွေကို သူကိုယ့်ကို ခံစားရအောင်လုပ်ခဲ့တာတွေနဲ့ ဖုံးလွှမ်းပစ်နိုင်ပါစေ။
(၃) ပိုကောင်းအောင်နေပါ
လူမှုပတ်ဝန်းကျင်အသိုင်းအ၀ိုင်းမှာ လူချစ်လူခင်ပိုများအောင်၊ ပတ်ဝန်းကျင် လုပ်ငန်းခွင် အသိုင်းအ၀ိုင်းမှာ ကိုယ့်ကို လူပိုကြိုက်အောင် ကြိုးစားနေထိုင်ပါ၊ သက်ကြီးရွယ်အိုတွေနဲ့ အချိန်ပေးနေတက်ပြီး ကလေးလေးတွေကို ချစ်တက်အောင်ကြိုးစားပါ၊ ဒီလိုနေခြင်းဟာ ကိုယ့်ရဲ့ စိတ်ပင်ပန်းမှုတွေကို အေးချမ်းသွားစေနိုင်ပါတယ်။
(၄) ပိုကြည့်ကောင်းနေပါစေ
တစ်ယောက်နဲ့ အဆင်မပြေလို့နောက်တစ်ယောက်ထားလို့ရအောင် လုပ်တယ်လို့သူများပြောလည်းဂရုမစိုက်ပါနဲ့၊ ဒီလိုအချိန်မှာကိုယ့်ကိုယ်ကိုယ် လှအောင် ကြည့်ကောင်းအောင်နေခြင်းဟာ ကိုယ့်တန်ဖိုးကို ပိုမိုမြှင့်တင်ရာရောက်ပြီး ကိုယ့်ကိုယ်ကိုယ် ပိုတန်ဖိုးထားတက်ပါလိမ့်မယ်။
(၅) လျစ်လျူရှုကြည့်ပါ
နောက်ဆုံးအဆင့်ဖြစ်သလို အရေးကြီးတဲ့ အဆင့်လည်းဖြစ်ပါတယ်။ လူတစ်ယောက်ကို ချစ်ဖို့ မုန်းဖို့လည်းမလွယ်သလို လျစ်လျူရှုနိုင်ဖို့ကလည်း အရမ်းခက်ခဲလှပါတယ်။ တစ်ချိန်ကရင်နှင့်အမျှချစ်ခဲ့သူတစ်ယောက်ကို လျစ်လျူရှုပစ်နိုင်ဖို့ဆိုတာ ကြီးကို ဖြတ်ကျော်နိုင်လိုက်ပြီဆိုရင်တော့ကိုယ့်ဘ၀ဟာ နာကျင်နေရတဲ့ဆင်းရဲတွင်းကလွတ်မြောက်နိုင်ပါပြီ။
တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ယုံကြည်လို့ရပြီး စိတ်အေးချမ်းသာနဲ့နာကျင်မှုကင်းတဲ့လက်တွဲဖော်ကောင်းတွေနဲ့ ပျော်ရွှင်ချမ်းမြေ့ တဲ့ဘ၀ကို ပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းရင်း…

25 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.