အစစအရာရာတိုးတက်ခေတ်မီနေတဲ့ခေတ်ကြီးမှာ နောက်ကောက်ကျန်ခဲ့ရင်အဆင်မပြေဘူးနော်။ ဈေးနှုန်းကလည်းကြီး၊ပစ္စည်းတွေကလည်းအကုန်လိုချင်ဆိုရင်တော့ အလုပ်တစ်ခုတည်းနဲ့ မဖြစ်တော့ပါဘူး။အပိုဝင်ငွေရှာဖို့လည်းလိုအပ်လာပါပြီ။နေ့စဉ်နေ့တိုင်းရုံးတက်ရုံးသွားလုပ်နေ ရပေမဲ့ အပိုဝင်ငွေရဖို့နောက်ထပ်အလုပ်တစ်ခုလုပ်နိုင်ပါသေးတယ်။ဒါကတော့ အွန်လိုင်းကနေ ၀င်ငွေရှာဖို့ပါပဲ။ အလုပ်အားတဲ့အချိန်မှာ အွန်လိုင်းလည်းသုံးလို့ရပြီး ၀င်ငွေလည်းရအောင် အွန်လိုင်းကနေ ငွေရနိုင်မယ့်နည်းလမ်းလေးတွေပြောပြပေးချင်ပါတယ်။
၁)အွန်လိုင်းရှော့ပင်း
ဒါကတော့ လူတိုင်းနီးပါးလိုလို သိပြီးသားဖြစ်သလို လုပ်လည်းလုပ်နေကြပါပြီ။ အ၀တ်အစားတွေ၊အသုံးအဆောင်ပစ္စည်းတွေ၊အစားအသောက်တွေကို အွန်လိုင်းကနေရောင်းချတာဟာလည်း တစ်ဖက်တစ်လမ်းက အပိုဝင်ငွေရစေတာပါပဲ။
၂)အွန်လိုင်းReview
တစ်ချို့လူငယ်လေးတွေဆို ခရီးသွားReview ၊အစားအသောက်Review တွေရေးပေးပြီးကြော်ငြာပေးနေတာကို မြင်တွေ့ရမှာပါ။တကယ်လို့သင်က ရုံးဝန်ထမ်းတစ်ယောက်မဟုတ်ဘူးဆိုရင် သူငယ်ချင်းတွေနဲ့ပူးပေါင်းပြီး ဒီလိုလုပ်ငန်းအသေးလေးတွေလုပ်နိုင်ပါတယ်။
၃) Freelance အလုပ်အကိုင်
စာရေးသားရတာဝါသနာပါပြီး အင်္ဂလိပ်စာလည်းအတော်အသင့်နားလည်မယ် ၊ဗဟုသုတလည်းများတဲ့ သူဆိုရင် ရုံးအလုပ်အပြင် အိမ်မှာလက်ပ်တော့ရှိရုံနဲ့ Freelance Content Writer အဖြစ်၊Freelance graphic Designer အဖြစ်စသဖြင့် အလုပ်တွေအများကြီးလုပ်ကိုင်နိုင်ပါတယ်။
၎)အွန်လိုင်း Class
သင်က ဒီဇိုင်နာတစ်ယောက်၊လက်မှုပညာရှင်တစ်ယောက်၊စာပေပညာရှင် စသဖြင့် ပညာရပ်တစ်ခုခုမှာထူးချွန်တဲ့သူတစ်ယောက်ဆိုရင် အွန်လိုင်းကနေ သင်တန်းသူတွေ ရှာဖွေနိုင်ပါတယ်။အွန်လိုင်းကနေသင်ပေးလို့ရနိုင်သလို ပိတ်ရက်တွေမှာလည်း သင်တန်းဖွင့်လို့ရပါတယ်။
၅)အွန်လိုင်းမီဒီယာ
ငွေကြေးအရင်းအနှီးရှိတယ်ဆိုရင် တခြားသူတွေနဲ့ပူးပေါင်းဆက်နွယ်ပြီးအွန်လိုင်းမှာ မီဒီယာပေ့ခ်ျတွေပြုလုပ်လို့ရပါတယ်။အခုခေတ်က သတင်းစာခေတ်ထက် အွန်လိုင်းမီဒီယာခေတ် လို့တောင်ပြောလို့ရနေပါပြီ။မီဒီယာတွေကနေတစ်ဆင့်သတင်းတွေဝင်ဖတ်နိုင်တဲ့အတွက် အွန်လိုင်းသုံးစွဲသူတွေအတွက်လည်းအဆင်ပြေသလို လုပ်ငန်းတည်ထောင်သူတွေအတွက် လည်းလူများများကြည့်လေ ၀င်ငွေရနိုင်လေပါပဲ။သေချာစုံစမ်းလေ့လာပြီး ကိုယ်ပိုင်လုပ်ငန်းတစ်ခု အဖြစ်လုပ်ကိုင်နိုင်ပါတယ်။