Mahatma Gandhi ရဲ့  ဘဝနေထိုင်နည်း စာစုလေးများ

Mahatma Gandhi ကို လူတိုင်းသိလောက်မယ်ထင်ပါတယ်။ အိန္ဒိယမှာ သူ့နာမည်နဲ့ သူ့ဓာတ်ပုံတွေကို တလေးတစားနဲ့ ချီးကျုးဂုဏ်ပြုထားတာပါ။ ၁၉၄၇ခုနှစ်မှာ သူ့နိုင်ငံကို ဗြိတိန်လက်အောက်ကနေ လွတ်လပ်ရေးရအောင်ကြိုးပမ်းပေးခဲ့တယ်ဆိုတာ တစ်ကမ္ဘာလုံးသိပါတယ်။ စိတ်ပင်ပန်းလာရင် Gandhi ရဲ့ ခွန်အားဖြစ်စာလေးတွေက သင့်အတွက် တွေးစရာတွေပေါ်လာစေမယ်လို့ထင်ပါတယ်။

၁.) အစမှာ သူတို့သင့်ကို ဝေဖန်မယ်..နောက်ပြီး လှောင်ပြောင်မယ်။ ပြီးရင်
သူတို့သင့်ကို တိုက်ခိုက်မယ်။ ဒါဆို သင်အနိုင်ရပါပြီ။

၂.) ငါ့မှာသာ ဟာသဥာဏ်မရှိခဲ့ရင် ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းနဲ့ပဲ အဆုံး
သတ်သွားလိမ့်မယ်။

၃.) မျက်လုံးတစ်လုံးအတွက် နောက်ထပ်မျက်လုံးတစ်လုံးပေးဆပ်ရမယ်
ဆိုရင် တစ်ကမ္ဘာလုံး မျက်မမြင်တွေဖြစ်သွားမှာပေါ့။

၎.) လူတွေလိုအပ်တာကို ကမ္ဘာကြီးကပေးစွမ်းနိုင်ပေမယ့် လူတိုင်းရဲ့ အလို
လောဘဆာလောင်မှုတွေကိုတော့ ဖြည့်ဆည်းပေးနိုင်မှာမဟုတ်ဘူး။

၅.) ဒီနေ့သင်လုပ်ကိုင်သမျှက သင့်အနာဂတ်ပေါ်မူတည်နေတယ်

၆.) အားနည်ချက်ရှိရင် ဘယ်တော့မှခွင့်လွှတ်လို့ရမှာမဟုတ်ဘူး.. ခွင့်လွှတ်ခြင်း
က အားသာချက်တစ်ခုပါပဲ။

၇.) အခြားလူတွေအတွက် အချိန်တွေကုန်နေတာ ရပ်တန့်ပေး ကိုယ်ရော
ဘယ်နေရာရောက်နေပြီလဲဆိုတာ ရှာပါ။

၈.) အကြောင်းပြချက်တွေကိုရှာပါ… အဓိပ္ပာယ်တွေက သူ့အလိုလို လိုက်လာ
လိမ့်မယ်။

၉.) ဘယ်သူတွေ ဘယ်လိုပဲပြောပြော ရိုးရှင်းတဲ့ဘဝတစ်ခုမှာသာ နေထိုင်ပါ။

၁ဝ.) ဒေါသတရားဟာ ပြစ်မှုတို့ရဲ့မကောင်းဆိုးဝါး မိစ္ဆာတစ်ကောင်ဖြစ်တယ်။

၁၁.) အနည်းငယ်မျှသည်းခံလိုက်ခြင်းက လုပ်ငန်းတစ်ဝက်ကိုအောင်မြင်ပြီ။

၁၂.) ဘယ်သူမှ သင့်ခွင့်ပြုချက်မရှိဘဲ သင့်ကိုနာကျင်အောင်မလုပ်နိုင်ဘူး။

၁၃.) ကမ္ဘာကြီးကိုကြည့်ချင်တယ်ဆို သင်ကိုယ်တိုင်ပြောင်းလဲမှဖြစ်မယ် ။

75 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.