ဘာတွေပဲဖြစ်ဖြစ် ကောင်းဖို့ဖြစ်လာတယ်လို့သာ တွေးမှတ်ထားရင်…

တစ်ခါတုန်းက နစ်မြှုပ်သွားတဲ့ လှေထဲကလူတစ်ယောက်ကို လှိုင်းတွေကနေတစ်ဆင့် လူမရှိတဲ့ ကျွန်းတစ်ကျွန်းကို ပို့ဆောင်ပေးခဲ့တယ်။ သူတစ်ယောက်တည်း လှေစီးထွက်လာခဲ့တာဖြစ်ပြီး ကံကောင်းစွာနဲ့ အသက်မပျောက်ပဲ ကျွန်းပေါ်ကိုရောက်လာခဲ့တယ်။ သူ့ကိုလာကယ်မယ့် လူတစ်ယောက်ရှိရင် သိပ်ကောင်းမယ်လို့တွေးပြီး အမြဲတမ်းလည်းဆုတောင်းနေခဲ့တယ်။ နေ့တိုင်း အရှေ့ကပင်လယ်ကြီးကို ငေးကြည့်နေတယ်… သင်္ဘောတစ်စီးစီးများရောက်လာမလားလို့။ ကမ်းခြေမှာ သစ်သားအိမ်လေးဆောက်ပြီး စောင့်နေဖို့ ဆုံးဖြတ်လိုက်တယ်။

မျှော်သာမျှော် ပေါ်မလာတော့ စိတ်ဓာတ်တွေကကျလာတယ်။ ဗိုက်လည်းဆာတော့ ဒီတိုင်းနေလို့မဖြစ်တော့ပဲ သစ်တောထဲမှာ စားစရာတွေ သွားသွားရှာပြီး မီးဖိုလုပ်ကာ ကင်စားတယ်။ မီးကတအားပြင်းတော့ သူကင်ထားတဲ့ အကောင်တွေ တူးခြစ်သွားတယ်။ မီးခိုးတွေကလည်း ကောင်းကင်ပေါ်ကို
တလူလူပျံလို့ပေါ့။ သူလည်း စိတ်တိုပြီး ” ဘယ်လိုဖြစ်လို့ ငါမှလာဖြစ်နေရတာလဲ … ငါဘာများမကောင်းတာလုပ်ခဲ့လို့လဲ” လို့ သူအော်ပြောပြီး ဝမ်းနည်းလာတယ်။

နောက်တစ်နေ့မှာ သင်္ဘောတစ်စီးရဲ့ ဟွန်းသံကိုကြားလိုက်ရတယ်။ ထိုသင်္ဘောက သူရှိတဲ့ ကျွန်းစီကိုဦးတည်လာနေတာပါ။ သူ့ကိုလာ ကယ်တင်တာတဲ့။ ထိုလူလည်း သူ့မျက်လုံးသူတောင် မယုံနိုင်ဘူး။ ” ကျွန်တော် ဒီမှာရှိနေမှန်း ဘယ်လိုသိတာလဲ ” လို့ မေးတော့ သင်္ဘောသားတွေက
” ခင်ဗျား မီးခိုးငွေ့တွေနဲ့ အချက်ပြနေတာ တွေ့လို့လေ” လို့ပြန်ဖြေပါတယ်။ ဒီပုံပြင်လေးက အဓိကပြောပြချင်တာကတော့ ပြန်စတင်နိုင်ဖို့အတွက် အခွင့်ရေးဆိုတာ အမြဲတမ်းရှိနေတယ် ဆိုတာကိုပါ။ ဘယ်လိုအချိန်၊ ဘယ်လိုအသက်ရွက်၊ ဘယ်လိုနေရာမှာပဲဖြစ်ပါစေပေါ့။ ဘယ်တော့မှ စိတ်ဓာတ်မကျရင် ဘယ်တော့မှ မရှုံးနိမ့်ဘူး။ ကောင်းဖို့အတွက်ဖြစ်လာတယ်လို့သာ မှတ်ယူလိုက်ပါ။

633 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.